Seiyuu: Rie Takahashi

အများစုသိပြီးထားပြီးသားဖြစ်တဲ့ Seiyuu ဖြစ်တဲ့အတွက်ကြောင့်မို့ ရှည်ရှည်ဝေးဝေးရှင်းပြနေစရာတောင်လိုမယ်မထင်ပါဘူး။ သူ့ကို အသံသရုပ်ဆောင် CV ထက် ကိုယ်တိုင်က သီချင်းဆိုတဲ့နေရာနဲ့ ပတ်သတ်ပြီး ပိုကြိုက်တယ်ဆို မှန်ပါလိမ့်မယ်။ နဂိုကတည်းက Konosuba ကတည်းက Megumin အသံနဲ့ သတိထားမိပြီးသားဖြစ်တဲ့အပြင်ကိုမှ Re:Zero က Emilia, Yuru Camp ထဲက Ena Saito, Teasing Master Takagi-san ထဲက Takagi-san, Yuragi-sou no Yuuna-san ထဲက Ameno Sagiri, Fate/Grand Order Absolute Demonic Front: Babylonia ထဲက Mash, Princess Connect! Re:Dive ထဲက Ames, Kanojo Okarishimasu ထဲက Sumi Sakurasawa, Jigokuraku ထဲက Yuzuriha, Oshi no ko ထဲက Hoshino Ai, Tearmoon Empire ထဲက Chloe Forkroad လက်ရှိပြနေတဲ့ Ishura ‌အထိဆိုတေ နှစ်တိုင်းနီးပါးကြည့်မိသမျှက သူနဲ့လွတ်ကင်းတာ သိပ်မရှိသလောက်ပဲ အဲ့အပြင်ကိုမှ ကိုယ်တိုင်ပိုသဘောကျသွားတာက အရင် Ikimono-gakari ဆိုထားတဲ့ Kimagure Romantic ကို Takagi-san ရဲ့ S1 အပိုင်း ၁ မှာ အပိတ်အနေနဲ့ ပြန်ဆိုသွားတာကနေ သူ့အသံချိုချိုလေးကို သတိထားပြီးပိုကြိုက်သွားတာပဲ။ Fate series အသစ်ထွက်တိုင်းလဲ သူ့အသံပြန်ကြား ပြန်နားထောင်ရတာမျိုးကတော့ ကံကောင်းမှုတစ်ခုပေါ့‌။ သူအသံအသရုပ်ဆောင်တဲ့အခါမှာလည်း character ပြောင်းတာကိုလိုက်ပြီး အလိုက်သင့်ဖြစ်အောင်လုပ်နိုင်တဲ့ အသံသရုပ်ဆောင်စွမ်းရည်ကတော့ အပြည့်ရှိပါတယ်။ Personality ဘာညာတော့ အသေးစိတ်မသိသေးဘူးဆိုပေမဲ့ ချစ်ဖို့ကောင်းပြီးလူအများအချစ်ခံရတယ်ဆိုတော့ ကောင်းမယ်လို့ ခန့်မှန်းလို့ရပါတယ်။

#KaitouGrenza