FictionJunction (သို့မဟုတ်) Anime ကမ္ဘာကြီးရဲ့ ဂီတကို တစ်ခေတ်ဆန်း သစ်စေခြင်း

Movie တစ်ခုမှာ နောက်ခံဂီတမပါဘူးဆိုရင် ဆားမပါတဲ့ ဟင်းတစ်ခုလိုမျိုး Anime မှာလည်း ဂီတမပါဘူးဆိုခဲ့ရင် တစ်ခုခုလိုနေသလိုမျိုးခံစားမိမှာပါ။ အထူးသဖြင့် ခံစားချက်ကို ထုတ်ဖော်တဲ့နေရာတွေမှာမျိုး စိတ်အနေအထားကိုပြသတဲ့နေရာတွေမှာမျိုး နောက်ထပ် အသိသာဆုံးကတော့ ဒရာမာချိုးတဲ့ ဇာတ်ဝင်ခန်းတွေမှာဆို နောက်ခံ soundtrack မပါဘူးဆိုရင်ကို တစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေမယ်ဆိုတာကတော့ သိသာတဲ့ သာဓကတစ်ခုပါ။ အခုနောက်ပိုင်းတွေမှာဆို အဖွင့်သီချင်း အပိတ်သီချင်းတင်မကပဲ အခုလို နောက်ခံတေးဂီတအထိ စွဲစွဲလမ်းလမ်းနားထောင်လာတဲ့သူတွေ ရှားနေသေးပေမဲ့ အနည်းနဲ့အများရှာတွေ့နေသေးတာကိုတော့ ဝမ်းသာရမလိုပါပဲ။ နောက်ခံတီးလုံးတစ်ပုဒ်က ဇာတ်လမ်းကို ဖျက်ဆီးပစ်နိုင်သလို ‌ဇာတ်လမ်းရဲ့ Tempo ကိုလည်း ထိပ်ဆုံးထိဆွဲတင်သွားနိုင်ပါသေးတယ်။ အထူးသဖြင့် အသံအထူးပြုလုပ်ချက်ကောင်းမွန်တဲ့ Kimetsu no Yaiba Series ဆိုရင် ဇာတ်လမ်းထွက်တဲ့အခါ ဒီအတိုင်းကြည့်တာနဲ့ နားကြပ်တပ်ကြည့်တာတောင် မတူသလိုပါပဲ။ နောက်ခံတီးလုံးက ဖန်သားပြင်တစ်ခုဆီကနေ ကိုယ်မမြင်နိုင်တဲ့ ခံစားချက်မျိုးကို ရင်ထဲရောက်အောင် ထည့်ပေးနိုင်တဲ့ ကိရိယာတစ်မျိုးပါ။ Action series တွေမှာလည်း action series အလျှောက် Romance မှာလည်း Romance အလျှောက် Comedy မှာလည်း Comedy အလျှောက် သင့်တင့်ကောင်းမွန်တဲ့ နောက်ခံဂီတကို ထည့်သွင်းပြနိုင်တာကလည်း အဲ့ series တစ်ခုလုံးရဲ့ ခံစား‌ချက်တွေကို ကြည့်ရှုသူတွေဆီ ကောင်းကောင်း‌ရောက်ရှိနိုင်တယ်ဆိုတာကိုလည်း အဲ့ series ကို ဂီတပိုင်းကိုင်တွယ်ကြရသူတွေ ကောင်းကောင်းကြီးနားလည်ကြတဲ့ အချက်ပါ။ အဲ့အချက်ကို ကောင်းကောင်းကြီးအသုံးချပြီးတော့ မူရင်းအရှိန်ကနေ ဟိုးအမြင့်ဆုံးထိ ဖောက်ထွက်ပြနိုင်တဲ့ Music project တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။

မသိတဲ့သူတွေလည်း ရှိကြမယ်ဆိုတဲ့အတွက် ညွှန်းပေးချင်ပါတယ်။ သူကတော့ FictionJunction ပါ။ composer Yuki Kajiura ကိုယ်တိုင်က series တစ်ခုအတွက် သူမကိုင်တွယ်ရမယ်ဆိုတာနဲ့ လိုက်ဖက်လှချည်ရဲ့ဆိုတဲ့ အဆိုတော်တွေကို ရွေးသုံးပြီးတော့ anime series တစ်ခုတွေကို ထိပ်ဆုံးတစ်နေရာအထိရောက်အောင် ပင့်တင်ပေးနိုင်ခဲ့တဲ့ Project တစ်ခုဆိုလည်း မမှားပါဘူး။ soundtrack တွေလုပ်နေရင်းကနေ Fall 2002 မှာ Gundam SEED ထဲက insert song တစ်ပုဒ်ကို YUUKA ( Yuuka Nanri ) ကိုခေါ်သုံးပြီးတော့ FictionJunctionYUUKA ဆိုတဲ့ နာမည်အောက်ကနေပဲ စတင်ထည့်သွင်းခဲ့ပါတယ်။ အဲ့ကနေ တောက်လျှောက် YUUKA နဲ့ပဲ ဆက်လက်လုပ်ကိုင်လာပြီး နောက်ပိုင်းမှာတော့ FictionJunction နာမည်ကို သီးသန့်အသုံးပြုတဲ့အထိကို အကြာဆုံး Collaboration လုပ်ခဲ့တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ single အတော်များများနဲ့ album အခွေနှစ်ခုအထိ ထုတ်နိုင်ခဲ့တဲ့အထိလည်း အောင်မြင်မှု‌ရှိခဲ့ပါသေးတယ်။ Madlax Anime အတွက်လည်း OST အတော်များများဆိုပေးခဲ့သေးတာပါ။

အဲ့လိုနဲ့ Spring 2005 မှာတော့ Tsubasa Chronicle project မှာတော့ FictionJunction KAORI ဆိုတဲ့ နာမည်နဲ့ Vocalist Kaori Oda ကို ခေါ်သုံးလိုက်ပြီး Tsubasa Chronicle ကစလို့ Baccano! , Hokuto no Ken စတဲ့ anime တွေမှာလည်း insert song နဲ့ ending song အသီးသီးတွေရရှိခဲ့ပါတယ်။

*FictionJunction KEIKO (Keiko Kubota) ကိုလည်း Tsubasa Chronicle အတွက် ထပ်မံထည့်သွင်းခဲ့တဲ့အပြင် Winter 2010 မှာ စတင်ပြသခဲ့တဲ့ Ookamikakushi အတွက်လည်း အဖွင့်သီချင်းဖြစ်တဲ့ Toki no Mukou, Maboroshi no Sora ကိုလည်း ထပ်မံပြုလုပ်နိုင်ခဲ့ပါသေးတယ်။

*FictionJunction WAKANA (Wakana Ootaki) ကိုတော့ Fist of the North Star True Saviour Legend နဲ့ Pandora Hearts အတွက် ခေါ်ယူခဲ့ပြီးတော့ အကောင်းဆုံးလက်စွမ်းတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။ အသိသာဆုံးကတော့ Pandora Hearts ရဲ့ တမူထူးခြားတဲ့ soundtrack တွေကြောင့်ဖြစ်ပြီးတော့ မူရင်းဇာတ်လမ်းကတော့ rush ဖြစ်တာကြောင့် လူမုန်းများခဲ့ရပေမဲ့ soundtrack ပိုင်းနဲ့ ပတ်သတ်လို့ကတော့ အမြဲချီးကျူးခံရတဲ့ anime တစ်ခုပါ။

Yuriko Kaida နဲ့ကတော့ အပေါ်ကလိုမျိုး နာမည်တပ်သုံးတာမျိုးမဟုတ်ပဲ background chorus သဘောမျိုးနဲ့ပဲ အသုံးပြုခဲ့တယ်ဆိုပေမဲ့ နောက်ပိုင်းမှာမှ “canta per me,” “salva nos”, "lullaby."တို့နဲ့ နာမည်ရလာပြီး FictionJunction နာမည်အောက်မှာပဲ သီးသန့်အသုံးပြုခဲ့ပါတယ်။

FictionJunction ASUKA (Asuka Kato) ကတော့ Elemental Gelade ကို English lyric နဲ့ အရင်ဆုံးထည့်သွင်းခဲ့ပြီး season ရဲ့ နောက်ဆုံးအပိုင်းကျမှ Japanese Version ပြန်သွင်းပြီး ထည့်သွင်းပေးခဲ့ပါတယ်။ အဲ့တစ်ပုဒ်နဲ့တင် နာမည်ကြီးလာခဲ့ပြီးတော့ Oricon weekly chart မှာ နံပါတ် 53 နဲ့ သုံးပတ်ဆက်တိုက် တသမတ်တည်းရရှိခဲ့ပါတယ်။ FictionJunction ရဲ့ တတိယမြောက် "Parade"မှာလည်း Aira Yuuki ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲပါဝင်ထားပါသေးတယ်။

Joelle ကတော့ 2019 အစမှာ Wakana အစားထိုးဝင်ရောက်လာတာဖြစ်ပြီးတော့ lead နဲ့ chorus vocalist အဖြစ် လူသိများပြီး သူမ အရင်တုန်းက Sound Horizon နဲ့ Linked Horizon မှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့သေးတာပါ။ သူကတော့ များသောအားဖြင့် ဂိမ်း OST အတွက်ကို သီဆိုပေးပြီး Final Fantasy XIII-2 မှာတောင် သီချင်းတွေပါဝင်ထားပါသေးတယ်။

ထပ်ပြီး သိသာတဲ့ Colab တွေဖြစ်တဲ့ LiSA နဲ့ဆိုရင် Kimetsu no Yaiba ရဲ့ ပထမဆုံး season မှာတင် အပိတ်သီချင်း From the Edge ကို Yuki Kajiura နဲ့ ပူးပေါင်းပြီး FictionJunction feat. LiSA ဆိုတဲ့ နာမည်အောက်ကနေ ထည့်သွင်းခဲ့ပါတယ်။ ‌နောက်တစ်ယောက်ကတော့ Fate/Stay Night: Heaven’s Feel သုံးခုလုံးမှာလည်း ပင်တိုင်စံ Aimer နဲ့အတူပေါင်းပြီး ပြလုပ်ခဲ့သလို Kimetsu no Yaiba ရဲ့ ဒုတိယ season မှာတော့ အပိတ်သီချင်းကို ပါဝင်ပြုလုပ်ပေးခဲ့ပါတယ်။ ASCA နဲ့လည်း ပူးပေါင်းလုပ်ခဲ့ပေမဲ့ သူ့သီချင်းအများစုကိုတော့ သိပ်နားမထောင်ဖြစ်တဲ့အတွက်ကြောင့် မမှတ်မိတာများပါတယ်။Lord El-Melloi II Sei no Jikenbo: Rail Zeppelin Grace Note Special တစ်ခုပဲ မှတ်မှတ်ရရရှိပါတယ်။

** ပြထားတဲ့ နှစ်ယောက်ကတော့ နောက်ပိုင်းမှာ Kara no Kyoukai အတွက် သီးသန့်ဖွဲ့စည်းထားတဲ့ Kalafina vocal group ထဲပါဝင်သွားခဲ့ပြီးတော့ Puella Magi Madoka Magica, Black Butler, The Heroic Legend of Arslan နဲ့ Fate/stay night တွေအထိပါ သီချင်းတွေ ဖန်တီးခဲ့ပြီးတော့ top 10 Oricon အတွင်း ဝင်ခဲ့တဲ့ Album ငါးခုအထိ လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ 2007–2019 မှာတော့ အဖွဲ့ဖျက်သိမ်းသွားခဲ့တာတော့ ရင်နာစရာပါ။ Kara no Kyoukai OST ကတော့ အ‌ကောင်းဆုံးတွေကို ချပြသွားတာဖြစ်ပြီးတော့ Movie 5 ရဲ့ sprinter ဆိုရင်လည်း တစ်ခါနားထောင်တာနဲ့ ရင်ထဲစွဲတဲ့အထိ စာသားတွေ တီးလုံးတွေက ထိထိမိမိရှိလှပါတယ်။

Kalafina အဖွဲ့ပျက်သွားပေမဲ့လည်း လက်ရှိ သူမကိုင်တွယ်နေတဲ့ series ဖြစ်တဲ့ Demon Slayer မှာလည်း ဆက်လက်မြင်တွေ့ရဦးမှာဖြစ်တဲ့အတွက်ကြောင့် ကောင်းမွန်လှတဲ့ တေးသွားတွေကို ကောင်းကောင်းကြီးခံစားနိုင်ဦးမှာပါ။ များသောအားဖြင့်က နောက်ခံတေးသွားတွေဖြစ်တဲ့အတွက်ကြောင့် စကားလုံးတွေနဲ့ ဖော်ပြဖို့ရာ နည်းနည်းခက်တယ်ဆိုပေမဲ့ YouTube မှာ ရှာကြည့်ပြီး တစ်ပုဒ်စ နှစ်ပုဒ်စနားထောင်လိုက်တာနဲ့ နောက်ပိုင်းတွေ လုံးဝကြိုက်သွားမယ်ဆိုတာ ရဲရဲကြီးအားမခံရဲပါတယ်။ အခုလက်ရှိမှာလည်း FictionJunction Music ဆိုတဲ့ Label တစ်ခုဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့် သစ်လွင်ကောင်းမွန်တဲ့ Anime ‌နောက်ခံတေးဂီတတွေကို တစ်ဝကြီးနားဆင်နိုင်ဦးမှာပါ။ အဆုံးသတ်အနေနဲ့ သူမရဲ့ YouTube မှာ SoundTrack တွေနဲ့ Song တွေကို Playlist လုပ်ထားတဲ့ Link လေးနှစ်ခုညွှန်းပေးရင်းနဲ့ FictionJunction ကို ချီးမွန်းခန်းဖွင့်တဲ့အကြောင်းအရာကို ဒီနေရာမှာတင် နိဂုံးချုပ်ပါတယ်။

[SoundTracks] https://www.youtube.com/playlist?list=PLJ1RRn2Zj1HaOpiHEWwDOrLPBteZ9igez

[Songs]https://www.youtube.com/playlist?list=PLJ1RRn2Zj1Ha9UXm1iiZ3kqvNEBo1a7_j

  • EaudeVieM
    link
    fedilink
    English
    arrow-up
    1
    ·
    edit-2
    21 days ago

    Maybe Tommorow ကို အသေ ကြိုက်တာ။