Excalibur “အောင်ခြင်းကိုသက်သေတည်သောဓား”

’ ဘုရင်အာသာ ကိုင်ဆောင်ခဲ့သော ဓားဖြစ်ပြီး Arthurian Legend မှာ ဓားကို ကျောက်တုံးထဲက ဆွဲထုတ်နိုင်လျှင် ထိုသူသည် ဘုရင်အလောင်းအလျာ ဖြစ်သည်ဟု နိမိတ်ဖတ်ခြင်းခံထားရသော ဓားဖြစ်၏။’ (အမှန်က ဘုရင်အလောင်းအလျာကိုရွေးချယ်တဲ့ ဓားက Caliburn ၊ Excalibur မဟုတ်ဘူး) ဆိုတော့ကာ အခု Post ကတော့ Fate series တွေထဲက ဘုရင်အာသာ ကိုင်ဆောင်ခဲ့တဲ့ ဓားအကြောင်းကိုရှင်းပြပေးမှာ။ ဓားကိုဘယ်လိုပြုလုပ်ခဲ့လည်း ဘာကြောင့်ပြုလုပ်ခဲ့သလဲ။ ဘယ်လောက်အထိ အစွမ်းရှိသလဲ ဆိုတာနဲ့ဘယ်သူတွေကိုင်ဆောင်ခဲ့သလဲဆိုတာကိုပြောပြပေးသွားမှာပါ။ ပထမဆုံးအနေနဲ့ Excalibur ဆိုတာက Holy sword တွေထဲ အစွမ်းအကြီးဆုံး ဓားပါ။ အဲ့ဓားကို ကိုင်ဆောင်သူဟာ ထာဝရအသက်ကိုရပါတယ်။ အဲ့ထာဝရအသက်အပြင် အဲ့အသက်ကိုလည်း ဓားရဲ့ဓားအိမ်ဖြစ်တဲ့ Avalon က ကာကွယ်ပေးထားပါတယ်။ ပြောရရင် Excalibur နဲ့ Avalon ကိုင်ဆောင်ထားသူက လုံးဝမသေမျိုးပါ။

[Excalibur ပြုလုပ်ရခြင်းရည်ရွယ်ချက်]

တစ်ခုသိထားရမှာကတော့ Fate lore အရဆို planet တွေကသက်ရှိဖြစ်တည်မှုကြီးတွေပါ။ Earth လည်းအပါအဝင်ပါပဲ။ Earth မှာတော့ သူ့ရဲ့မသိစိတ်ကြောင့်ဖြစ်လာတဲ့ Force နှစ်ခုကအချင်းချင်း အားပြိုင်နေကြတာပါ။ လူသားမျိုးနွယ်ကို ကာကွယ်မဲ့ Alaya နဲ့ လူသားတွေကိုမျိုးသုန်းအောင်လုပ်ပြီး ကမ္ဘာကို ကာကွယ်မဲ့ Gaia တို့ပါပဲ။ Excalibur ဖန်တီးရခြင်းရည်ရွယ်ချက်ကတော့ Age of Gods ပျက်သုန်းရခြင်းကြောင့်ဖြစ်ပါတယ်။ ‘Age of Gods’ လူသားတွေကြားထဲ နတ်ဘုရားတွေလှည့်လည်သွားလာနေတဲ့ခေတ်။ မှော်သားရဲတွေပေါများတဲ့ခေတ်။ ပြောရင်ရင် Fantasy ခေတ်ကြီးပေါ့ဗျာ။ အဲ့ခေတ်ကြီးကို ပျက်သုန်းစေခဲ့တာတော့ White Titan ခေါ် Sefar လို့ခေါ်တဲ့ ဂြိုလ်သားကောင်ကြောင့်ပါ။ အဲ့ဂြိုလ်သားကောင်က ကမ္ဘာပေါ်မှာရှိသမျှနတ်ဘုရားတွေကို မျိုးဖြုတ်ပလိုက်ပါတယ်။ နတ်ဘုရားတွေလဲ သူတို့ရဲ့ ရုပ်ခန္ဓာကို ဆုံးရှုံးပြီး ​Sefar ကို ပြန်မချနိုင်တော့ဘူးပေါ့။ အဲ့အချိန်မှာပဲ Alaya နဲ့ Gaia ကပူးပေါင်းပြီး ဂြိုလ်သားကောင်ကို ပြန်ချဖို့ ဓားတစ်လတ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဓားကိုပြုလုပ်ခဲ့ပြီး အမည်မသိ လူသားတစ်​ယောက်က ကိုင်ဆောင်ကာ White Titan ကိုနှိမ်နှင်းနိုင်ခဲ့ပါတယ်။

[Excarlibur ကို ပြုလုပ်ခဲ့ပုံ]

Excalibur က ဒီတိုင်းရော့အင့်ဆိုပြီးဖြစ်လာတာမဟုတ်ပါဘူး။ သူ့ကိုပြုလုပ်ဖို့အတွက် ပေးဆပ်ရတာလဲ ရှိပါတယ်။ Excalibur ကိုပြုလုပ်ဖို့ ကြီးမြတ်တဲ့နတ်သူငယ် ခြောက်ကောင်ကို Alaya နဲ့ Gaia က တာဝန်ပေးအပ်ခဲ့ပါတယ်။ Excalibur ကို Planet’s inner sea မှာတည်ရှိတဲ့ Avalon မှာပြုလုပ်ခဲ့ပါတယ်။ ဓားကိုပြုလုပ်ဖို့အတွက် Planet inner sea ကနေမွေးဖွားလာတဲ့ နတ်သူငယ်တစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကိုပုံအောပြီးပြုလုပ်ရတယ် ပြောရရင် ဓားကိုပြုလုပ်ဖို့အတွက် အသက်ကိုစတေးရတဲ့ပုံမျိုးပါပဲ။ ဓားကိုပြုခဲ့ပြီးနောက် မိခင်နတ်သူငယ်အမျိုးအစားဖြစ်တဲ့ ရေကန်စောင့်နတ်သမီး Vivian က စောင့်ရှောက်ထားခဲ့ပြီး ဓားနဲ့ထိုက်တန်တဲ့ ဘုရင်အာသာ(Altria Pendragon) ကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ ဓားကိုတော့ ဘုရင်အာသာက သူနတ်ရွာစံချိန်မှာ Vivian ဆီပြန်ပေးဖို့ သူရဲ့ သစ္စာရှင်သူရဲကောင်း Bedivere ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ Lostbelt မှာတော့ ကိစ္စတွေက ရှုပ်ထွေးလာခဲ့ပါတယ်။ ဘာလို့ဆို ဓားကိုပြုလုပ်ရမဲ့ ကြီးမြတ်တဲ့နတ်သူငယ် တွေက ပျော်ပွဲစားထွက်နေလို့ ဓားကို အချိန်မှီ မပြုလုပ်နိုင်ဘဲ Sefar က အကုန်လုံးကိုဖျက်စီးသွားပါတော့တယ်။ ဘာဆိုဘာမှမကျန်တော့ပဲ ပင်လယ်ပြင်ကြီးသာ ကျန်တော့မှ နတ်သူကယ်တွေလည်း နောင်တရပြီး ငိုကျွေးခဲ့ပါတယ်။ ထိုအချိန်မှာပဲ အပျင်းကြီးတဲ့ နတ်သူငယ်တွေကိုဆုံးမဖို့အတွက် Celtic ကနတ်ဘုရားတစ်ပါးဖြစ်တဲ့ Cernunnos ကိုယ်တိုင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ထားကောင်းတဲ့နတ်ဘုရားဖြစ်နေတော့ ကြေကွဲနေတဲ့ နတ်သူငယ်တွေကိုမြင်ပြီး အပြစ်မပေးရက်ပဲ ခွင့်လွှတ်ပေးလိုက်ပါတယ်။ ဒါတွေအပြီး နှစ်အတော်ကြာမှာပဲ Excalibur ကိုပြုလုပ်ဖို့အတွက် ကမ္ဘာကြီးက နတ်သူငယ်တစ်ယောက်ကိုမွေးထုတ်ပေးခဲ့ပါတယ်။ ထိုနတ်သူငယ်က ကျွန်တော့ဇနီး Morgan Le Fay ပါပဲ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Morgan က Excalibur ကိုပြုလုပ်မဲ့တာဝန်ကို စွန့်ပြစ်ခဲ့ပါတယ်။ Morgan ရဲ့ကျရှုံးမှုကို မကျေနပ်သေးတဲ့ ကမ္ဘာကြီးကလည်း နောက်ထပ်နတ်သူငယ်တစ်ယောက်ကို ထပ်မံမွေးထုတ်ပေးပြီး ဓားကပြုလုပ်စေပါတယ်။ ထိုနတ်သူငယ်က တစ်ခြားသူမဟုတ်ပဲ ဘုရင်အာသာ(Altria Caster) ဖြစ်ပါတယ်။ (Counterpart ပေါ့) Altria က သူ့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝခရီးကိုအပေါင်းအပါတွေနဲ့ဖြတ်သန်းခဲ့ပြီး လဒစ်မှော်ဆရာ မှားလို့ ပန်းမှော်ဆရာ မာလင်ရဲ့အကူအညီနဲ့ Planet’s inner sea ကိုရောက်ရှိပြီး Excalibur ကိုပြုလုပ်ဖို့ပြင်ခဲ့ပါတယ်။ ဒါပေမဲ့ Altria သေမှာကို လက်မခံတဲ့ ဘိုး​တော်ကြီး Muramasa က သူ့မအစား စတေးခံပြီး ဓားကိုပြုလုပ်ခဲ့ပါတယ်။ (တစ်ကဲ့ဓားတော့မဟုတ်ဘူး သဘောတရားနဲ့ပုံကြမ်းပဲပေါ့ အဲ့တာဖန်တီးပေးပြီးတာနဲ့ Planet inner sea ကိုတန်းရောက်သွားပြီး လိုတဲ့အချိန်ထုတ်သုံးလို့ရသွားတယ်။

[Excalibur ​၏ခမ်းနားသည့်တန်ခိုး]

Excalibur ဆိုတာဟာ Holy weapon တွေထဲ အမြင့်မြတ်ဆုံးလက်နက်တစ်ခုပါ။ ပုံမှန်ဆိုသူ့ရဲ့ ကျက်သရေအစစ်အမှန်ကိုမမြင်ရနိုင်ပေမဲ့ ချရမဲ့ရန်သူ ကမ္ဘာ့ရန်သူဆိုရင်တော့ ကောင်းကောင်းကြီးကို အစွမ်းပြပါလိမ့်မယ်။ Excalibur မှာ seal 13ခုရှိပြီး တစ်ခုစီက Roundtable က Knight တွေကို ကိုယ်စားပြုထားပါတယ်။ Seal13 ခုလုံးမရှိတော့ဘူးဆိုရင်တော့ ကြမ်းလှပါတယ်ဆိုတဲ့ God တွေကို ရှယ်ဖြုတ်လာတဲ့ ဂြိုလ်သားကောင် Sefar ကို တစ်ချက်ထဲနဲ့အပျောက်ဖျောက်နိုင်စွမ်းရှိပါတယ်။ ဒဏ္ဏာရီတွေအရ Excalibur ဟာ နတ်ဆိုးဓား Dawn of Destruction(Gram)ရဲ့ပြိုင်ဘက်ဓားအဖြစ်သတ်မှတ်ထားပါတယ်တဲ့ ဒါအပြင် Rhongomyniad နဲ့EA တို့နဲ့လည်းအစွမ်းမှာတန်းတူတယ်ဆိုပြီးပြောစရှိကြပါတယ်။FSN VN ထဲမှာဆိုလဲ Saber ရဲ့ weak နေတဲ့အနေအထားမှာတောင် သူ့Npကိုယှဉ်နိုင်တဲ့Servant မရှိဘူးလို့ဖော်ပြထားပါသေးတယ်။(Gilgamesh ပေါ်မလာခင်အထိ)

[Excalibur အားကိုင်ဆောင်ခဲ့သူများ]

Excaliburကိုသမိုင်းတစ်ယောက် King Arthur အပါအဝင်တစ်ခြားကိုင်ဆောင်ခဲ့သူတွေလဲရှိပါသေးတယ်။ပြောကြတာတော့ Excalibur ကိုဘုရင်ဖြစ်မဲ့သူတွေပဲကိုင်ဆောင်နိုင်တာတဲ့ ဒါပေ့မဲ့:(’

· Altria Pendragon-သူ့ရဲ့ Main NP ဖြစ်ပြီး Series တစ်လျှောက်လုံးကိုင်ဆောင်ခဲ့ပါတယ်။

· Bedivere-FGO/Camelot singularity မှာပါဝင်လာခဲ့ပြီး ဓားကို Kng Arthur ထံပြန်အပ်နှံပြီးသေဆုံးခဲ့ပါတယ်။

· Merlin-ဘုရင်နတ်ရွာစံပြီးနောက်ဓားကိုပြန်လည်ရှင်သန်လာမဲဘုရင့်ထံပြန်အပ်နှံဖို့ဓားကိုသိမ်းဆည်းထားတယ်လို့ပြောကြပါတယ်။ FGO/Babylonia မှာ စတင်ဖော်ပြခဲ့ပါတယ်။

· Emiya-ထုံးစံအတိုင်း copy goes burrrrrrပါပဲ။(ShirouကြCaliburnပဲထုတ်ပြခဲ့သေးတယ်။)

· Richard the Lionheart-King Arthur ကိုအားကျပြီးအတုယူတဲ့မေ့မေ့ချစ်သားလေးပါ။ သူကြExcalibur ကိုပိုင်ဆိုင်တာမဟုတ်ပဲ ပြုလုပ်တာပါ။ တုတ်ချောင်းတစ်ခုကိုင်တောင်အဲ့တုတ်ချောင်းကိုExcalibur လုပ်လိုက်လို့ရပါတယ်။