Earth’s Structure.[ Fate ]

Fate ထဲက Earth ရဲ့ ဖွဲ့စည်းပုံအကြောင်းပါ။ ပုံတွေကတော့ အဆင်ပြေသလို edit ထားတာမလို့ သည်းခံပြီး ကြည့်ပေးကြပါ။ လူနားလည်အောင် လူလို အကောင်းဆုံး ရေးထားပါတယ်။ [ Ps * ကျွန်တော်က ဂိ မဟုတ်တာကြောင့် အမှားပါနိုင်သလို လိုအပ်ချက်လည်း ရှိနိုင်ပါတယ်။ ] ( စာရှည်သည်။ )


Fate Franchise ကြီးရဲ့ ကမ္ဘာကို Dimension ဆိုတဲ့ layer တွေ
အထပ်ထပ်နဲ့ ဖွဲ့စည်းဖြစ်တည်နေတဲ့‌အကြောင်းကို ခဏခဏ
mentioned ခံနေရတာကြောင့် layer တွေအကြောင်းကိုတော့
သိပြီးလောက်ကြပြီ ထင်ပါတယ်။
Anyway တစ်ဖန် ပြန်ရှင်းပါမယ်။
~~~~~~~~~~~~~~~~~~~~~
Earth ဆိုပေမယ့်လည်း လိုမယ်ထင်တာလေး နည်းနည်းပါ
ထည့်ရေးထားပါတယ်။


မူလအစ စွမ်းအင် အရင်းအမြစ်
Akashic Records (aka) Akasha, The Root.


ပထမဆုံး မူလအစမှာ Akasha လို့ခေါ်တဲ့ The Root ,
စွမ်းအင် အရင်းအမြစ်ကြီးကြောင့် Type-Moon Verse ရဲ့
အရာအားလုံးဟာ ဖြစ်တည်ပါတယ်။
( အမှန်အကန် အရာအားလုံးပါ။နေ၊လ၊ကြယ်၊နတ်ခတ်တာရာ၊
စွမ်းအင်၊အလင်း၊အမှောင်၊သက်ရှိ၊သက်မဲ့၊ဒြပ်ထု၊ခံစားချက်၊
အညစ်အကြေး၊နတ်ဘုရား၊နဂါး၊ရှင်ခြင်း၊tay ခြင်း၊အချိန်၊စကြဝဠာ၊မာတီဗာ့.....အစရှိသဖြင့် အားလုံးပါ။)
Sanskrit ဘာသာစကားနဲ့ "Aether,sky,atmosphere" လို့
အဓိပ္ပါယ် ရပါတယ်။
Akasha ဆိုတာ Akashic Records ကို အတိုချုပ် ခေါ်တာပါ။
Akasha ကို Theosophy Religion ကနေ ယူထားပါတယ်။
( Theosophy Religion ဆိုတာ ဗုဒ္ဓဘာသာက ဂေါတမဗုဒ္ဓရဲ့ အလုံးစုံကို ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်အလင်းလိုမျိုး 
ရနိုင်တယ် လို့ ယုံကြည်တဲ့ဘာသာပါ။)
**ဗုဒ္ဓဘာသာနဲ့ ဘာမှ မဆိုင်ဘူးနော်။**


Sub Branches တွေတော့ရှိပေမယ့် Akasha ဟာ ထိပ်ခေါင်ပါ။
( Akasha နဲ့ Sub Branches တွေအကြောင်းက အောက်ရောက်မှ
ဆက်ရှင်းပါမယ်။ )
Check each details under pics 😉
~~~~~~~~~~~~~~~~

Earth in Nutshell.
( It's not nutshell tho. )

Fate Verse မှာက Earth ဆိုတာ သက်ရှိတစ်ခုပါ။ကိုယ်ပိုင်
အသိစိတ်ရှိပြီးတော့ စွမ်းအင်တွေလည်း ရှိပါတယ်။
Celestial Being လို့ ခေါ်တဲ့ Living Being တစ်မျိုးပါ။
အခုထိ သိထားသလောက်ဆို Earth တင်မဟုတ်ဘဲ 
solar system အတွင်းမှာရှိနေတဲ့ 
Mercy,Venus,Mars.. စတဲ့ Planet တွေ အားလုံးဟာလည်း
Celestial Being တွေပါ။လ နဲ့ နေလည်း အတူတူပါပဲ။
အတွင်းပိုင်း ဖွဲ့စည်းပုံကတော့ Earth အကြောင်းကိုပဲ
သိရပါ‌သေးတယ်။
( လ ကတော့ တစ်ဆင့်နိမ့်ပါတယ်။ )


အကျဉ်းချုပ်အားဖြင့်ဆို
ကမ္ဘာကြီး ဟာ ကိုယ်ပိုင်အသိစိတ်နဲ့ သက်ရှိ တစ်ခုဖြစ်ပြီး
Layer ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာပါ။
Layer က ပုံသေမရှိပါဘူး။အမြဲ ပြောင်းနေပါတယ်။
Layer ဆိုတာက Dimension တစ်ခုပါ။ 
ဒီ layer (Dimension) အထပ်လိုက်ကြီးကို ကွဲမသွားအောင်
တစ်စုတစ်စည်းတည်းဖြစ်အောင် ထိန်းပေးထားတာကတော့
Holy Lance Rhonomyniad ပါ။Rhonomyniad ကြီးက
အဓိက အကျဆုံး ဆိုပေမယ့် နောက်ထပ်ထိန်းပေးထားတဲ့
တစ်ခုရှိပါသေးတယ်။


ဒီလောက်ကတော့ Nutshell ဆိုတဲ့ အခွံမာသီးခွံ မဟုတ်တဲ့အကျဉ်းချုပ်ပါ။
( Ps* Main Texture အနေနဲ့ 3 ခုပဲ ရှိပါတယ်။ )
~~~~~~

![](https://ani.social/pictrs/image/b6e8f529-4baa-44d9-ac9f-2209b7e551c5.webp)
Akashic Records & Sub Branches. 

Akasha,the Root ဆိုတာ အကျဉ်းချုပ်ကတော့ အပေါ်မှာ
ပြောခဲ့ပြီးပါပြီ။
Root ကို တစ်နည်း Outside of the World(Swirl of The World)
လို့လည်း ခေါ်ပါတယ်။
FGO material အရ Root ဟာ Reverse Side of The World နဲ့
ဆန့်ကျင်ဘက်မှာ ရှိတယ်လို့ ပြောပါတယ်။
Fate Verse ရဲ့ mage တွေရောက်ဖို့ ကြိုးစားကြတဲ့ root 
ဆိုတာက အဲ့  Outside of The World ကိုပဲ ပြောတာပါ။

Root ကိုရောက်ဖို့ နှစ်ပေါင်း(အနည်းဆုံး) ၁၀၀၀ ဝန်းကျင်
ကြိုးစားလုပ်ယူရပါတယ်။
( သမားရိုးကျ ပြောတာပါ။ပုံသေကြီး သတ်မှတ်လို့တော့ 
မရဘူး။တချို့ ခြွင်းချက်လေးတွေ ရှိတယ်။)
လူသားတွေဟာ အဲ့လောက်ထိ အသက်မရှည်တာကြောင့် 
မှော်မိသားစုတွေဟာ သူတို့ရဲ့ မှော်ပညာ၊အသိပညာ 
အစရှိသဖြင့် သက်ဆိုင်ရာတိုင်းကို နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းပေးရပါတယ်။မျိုးဆက် ပိုရှည်လေ root
ရောက်ဖို့ ပိုနီးလေပေါ့။ဒါပေမယ့် မှော်မျိုးဆက်ရဲ့ အသိ၊
အစွမ်းတွေကို ဆက်ခံသူတစ်ယောက်ကပဲ ဆက်ခံရပါတယ်။
အကယ်၍ မိသားစုမှာ ကလေးနှစ်ယောက်ရှိရင် တစ်ယောက်ပဲ
ဆက်ခံရမှာပါ။( Fate Staynight မှာ Tohsaka မိသားစုက
Rin ကို ဆက်ခံသူအဖြစ် ရွေးခဲ့တာကြောင့် Sakura ဟာ
လစ်ခဲ့ရတာပါ။)ဒီလို လုပ်ရတာဟာ သူတို့ရဲ့ မိသားစုတွင်း
မလိုလားအပ်တဲ့ သွေးကွဲမှုတွေ စိတ်ဝမ်းကွဲမှုတွေကို
ရှောင်ချင်လို့ ဖြစ်ပါတယ်။
မှော်မိသားစုတွေအတွက် မျိုးရိုး ဘယ်လောက်ကြာလဲဆိုတာ
အရေးအကြီးဆုံး တန်ဖိုးအရှိဆုံးပါ။
မျိုးရိုး ၁၀ ဆက်လောက်ရှိတဲ့ မိသားစုက မျိုးရိုး ၃ ဆက်လောက်ပဲ ရှိသေးတဲ့ မိသားစုထက် ပိုအဆင့်မြင့်တယ်ပေါ့။
( Fate Zero မှာ Waver တစ်ယောက် အတန်းထဲမှာ အလှောင်
ခံရတာ အဲ့တာကြောင့်ပါ။Waver တို့က မျိုးဆက် ၄ ဆက်ပဲ
ရှိသေးတာပါ။ )
အဲ့လို မျိုးဆက်အဆင့်ဆင့် အသိပညာ၊မှော်ပညာ တွေကို
လက်ဆင့်ကမ်းတာက Magic Crest လို့ ခေါ်တဲ့ အရာတွေ
နဲ့ပါ။Magic Crest တွေဟာ ပုံစံ အမျိုးမျိုး ရှိနိုင်ပါတယ်။
မိသားစုအလိုက် ကွဲပြားပါတယ်။Matou မိသားစုရဲ့
Worm တွေဟာလည်း crest တစ်မျိုးပါ။ဒါပေမယ့် data 
မပါတဲ့ SD card လိုဖြစ်နေတာပါ။
( Sorry. မဆိုင်တာတွေ ပါကုန်ပြီ။ )

Root အကြောင်းက များများစားစား မသိရသေးပါဘူး။
ဘယ်လိုပုံစံရှိလဲ ဘာညာ ဘာမှ မသိရပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ Root ရဲ့ core ကို တိုက်ရိုက်
ကြည့်လို့ မရလို့ပါ။အလင်းရောင်တွေ ဖျာထွက်နေတဲ့
Object တစ်ခု ဖြစ်နိုင်သလို Empty Space ကြီးလည်း
ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အပေါ်မှာ ပြောခဲ့တဲ့
" Sanskrit ဘာသာစကားနဲ့ "Aether,sky,atmosphere" လို့
အဓိပ္ပါယ် ရပါတယ်။ " အရ Sky or Space ဟာလည်း
Root ဖြစ်နိုင်ပါတယ်။FGO ရဲ့ Enter Screen က
အဝိုင်းကြီးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Root ဟာ Time ရဲ့ အပြင်မှာ ရှိတာပါ။
Time ကတော့ root ကနေလာပါတယ်။
Root က Data Store ကြီး တစ်ခုလိုပါပဲ။
Past Present Future ရဲ့ possiblity တွေအားလုံး
Root ထဲမှာ ရှိပါတယ်။နောက်တစ်ခုကတော့ soul data ပါ။
လူတစ်ယောက် မွေးလာပြီ ဆိုပါစို့။အဲ့လူရဲ့ future possiblity 
တိုင်းဟာ root မှာ ရှိနေပြီးသားပါ။Root ဟာ ဘယ်သူ
ဘာလုပ်တယ်ဆိုတာ အကုန်သိပါတယ်။လူတစ်ယောက်
သေရင်လည်း အဲ့လူရဲ့ past ဟာ root မှာ ရှိပါတယ်။
အဲ့တာကြောင့်ပဲ Throne of Heroes ဟာ root မှာ
ရှိနေရတာပါ။Throne Of Heroes ဟာ Heroic Spirit တွေရဲ့
Data ကို root ကနေ ရပါတယ်။
[ Solomon ရဲ့ Ars Nova ဟာ သူ့ Data ကို root ကနေပါ
ဖျက်ပစ်တာပါ။King of Mage craft isn't joke. ]



ဒါပေမယ့် Root ဟာ တစ်ခုထက်ပိုပြီး ရှိနေပါတယ်။
But How The Hell????
Nasu က ဘာမှ မပြောထားပါဘူး။ဒါပေမယ့် ကျွန်တော်
ကိုယ့်ဟာကိုယ် စဉ်းစားကြည့်တော့ 
Root မှာ Litmit ရှိတယ် လို့တွေးမိတယ်။
ဥပမာဆို Giga Verse ပေါ့။Multiverse တွေ Omniverse တွေ
ဟာ Giga Verse ထဲမှာ ရှိတယ်လို့ ဆိုသလိုမျိုးပေါ့။
Root ဟာ သူ့ litmit နဲ့သူ့ Verse တစ်ခုရဲ့ စွမ်းအင်
အရင်းအမြစ်ပေါ့။ Or Planet တစ်ခုစီအတွက် own root 
တစ်ခုစီ ရှိတာလည်း ဖြစ်နိုင်ပါတယ်။But it's not.

ဘာလို့ ဒီလို တွေးမိလဲဆိုတော့ Foreigners sh!t ကြောင့်ပါ။
Fate Grand Order မှာ Outer Verse က Foreigner တွေကို
ချပြလာပါတယ်။Root နဲ့ သက်ဆိုင်မှုမရှိတဲ့ တစ်နေရာပေါ့။
ဥပမာကတော့ ORT ဆိုတဲ့ ပင့်ကူကြီးပေါ့။
ORT က Oort cloud လို့ ခေါ်တဲ့နေရာကနေ
ရောက်လာတဲ့ကောင်လို့ ပြောပါတယ်။
Oort cloud ဆိုတာ ဒီ Universe ထက် ပိုဝေးတယ့်နေရာတစ်ခု
လို့ပဲ သိထားပါတယ်။
Van Gogh တို့ Abigail တို့လို Outer God တွေလည်း 
Root ကနေ လွတ်ဖို့ ရှိပါတယ်။
Outer God တွေအကြောင်းတော့ ကျွန်တော် မသိပါဘူး။
Power Scaling လုပ်တဲ့သူတွေတော့ Love Craft verse က
Outer God တွေနဲ့ ရင်းနှီးမှာပါ။အဲ့ထဲက ကောင်တွေလိုပါပဲ။
Lore အရ Higher Being တွေအနေနဲ့ Root ကနေ လွတ်တယ်လို့
သိရပါတယ်။Type တွေလည်း ပါတယ်တော့ ပြောတယ်။
Anyway ကျွန်တော်လည်း Foreigners sh!t ကို သေချာ 
မသိတာကြောင့် ဆက်မရေးတော့ပါဘူး။
Voyager ဆိုတာလည်း ရှိပါတယ်။သူ့အကြောင်းကတော့
ကျွန်တော် ဘာမှ မသိပါဘူး။ပုံပဲ မြင်ဖူးပါတယ်။
( I'm at Lb 5 lmao,poor Na player.😭😭 )
~~~~~~~~~~~~~~~~~~~~~~

Root ကနေ ကွဲထွက်လာတဲ့ Sub Branches တွေပေါ့။
ဘယ်လိုမျိုးလဲဆိုတော့ 
" သူဌေး > လက်ထောက် > မန်နေဂျာ > အလုပ်သမားခေါင် >
အလုပ်သမား " အဲ့သဘောပါ။
Root ကြောင့် အရာရာ ဖြစ်လာတယ် ဆိုပေမယ့်
Root ဟာ အကုန် လိုက်မလုပ်ပါဘူး။


Earth & Human ကြောင့် ပေါ်လာတဲ့Alaya နဲ့ Gaia တို့ပါ။
Alaya ဆိုတာက Human ကိုယ်စားပြု Force တစ်ခုပါ။
Gaia ကတော့ Earth ကိုယ်စားပြု။
နဂိုက Earth မှာ Force တစ်ခုပဲ ရှိပါတယ်။
နာမည်ကတော့ မသိဘူး။( Gaia or Gaya smth?? )
Age of Men မှာ Men ကိုယ်စားပြု Force ဖြစ်တဲ့ Alaya 
ပေါ်လာပါတယ်။သူနဲ့အတူ Earth ရဲ့ Force ဟာလည်း
Gaia ဆိုပြီး ဖြစ်လာပါတယ်။

Alaya နဲ့ Gaia အကြောင်း သိချင်ရင်တော့ အောက်က 
Link မှာ ဝင်ဖတ်ပါ။

https://www.facebook.com/share/p/opuSDhGk8esRhRJD/?mibextid=oFDknk


လူသားဆိုတာ မရှိရင် Alaya ဆိုတာ မရှိသလို Earth ဆိုတာ
မရှိရင် Gaia ဆိုတာ မရှိပါဘူး။Root ကြီးက " Alaya ရယ်
ရှိလာပါဟဲ့ " လို့ ပြောရင်တောင် လူသားမရှိရင် လူသား
ကိုယ်စားပြု Alaya ဆိုတာ မရှိပါဘူး။

Milky Way Galaxy နဲ့ အလွန်ဝေးတဲ့ အခြား Galaxy တစ်ခုမှာ
ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ညီအစ်ကိုဂို့ဟ် တစ်ခုရှိပါတယ်။
Nibiru လို့ ခါ်ပါတယ်။

အဲ့တော့ Sub Branches ဆိုတာက Concept တစ်ခုခုကို
အခြေခံပြီး ဖြစ်တည်တယ်လို့ပဲ အလွယ်မှတ်ပါ။

ဒါက Sub Branches တွေရဲ့ သဘောတရားပါ။
တခြားဟာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~

![](https://ani.social/pictrs/image/e13e2caa-d4c9-48b1-aaa7-86eb51052aa3.webp)
Earth & World ( အသုံးအနှုန်း ) 

နှစ်ခုလုံးက ကမ္ဘာ လို့ပဲ အဓိပ္ပါယ် ရပါတယ်။
ဒါပေမယ့် အသုံးအနှုန်း မတူပါဘူး။

အပေါ်မှာ ပြောခဲ့ပြီးသလိုပါပဲ World ဆိုတာက Layer/
Dimension ကို ဆိုလိုတာဖြစ်တာကြောင့် World ဆိုတဲ့
အသုံးအနှုန်းဟာ layer တစ်ခုကိုသာ ဆိုလိုပါတယ်။

တစ်ဖက်မှာ Earth ဆိုတာကကျတော့ Planet ကြီး တစ်ခုလုံးကို
ဆိုလိုတာပါ။World ဆိုတဲ့ layer တွေ တခြား layer တွေ
အထပ်လိုက် စုပေါင်းပြီးဖြစ်လာတဲ့ Planet ပါ။
သို့သော်လည်း ဒါက အတိအကျကြီး မဟုတ်သေးပါဘူး။
Earth ဖြစ်တည်မှုဟာ Planet လို့ နာမည်တပ်နိုင်ပေမယ့်
အဲ့ထက် အဆင့်ပိုမြင့်ပါတယ်။

ဥပမာ ပြောရရင် World 10 ထပ်ပေါင်းလိုက်မှ Earth ဆိုတဲ့
Planet ဖြစ်လာတာပါ။( just example )

FGO မှာ servant အချို့ရဲ့ Noble Phantasm တွေမှာ 
Anti-World ဆိုတာ နာမည်အတိုင်း world/layer ကိုပဲ
ဖျက်နိုင်ပါတယ်။Planet ကို မဖျက်နိုင်ပါဘူး။
Anti-Planet ဆိုတာလည်း Planet ကို ဖျက်နိုင်ပါတယ်။
ဒါပေမယ့် Earth ဟာ Planet လို့ နာမည်တပ်ထားတဲ့
Being တစ်ခုဖြစ်တာကြောင့် Anti-Planet နဲ့တောင်မှ
Earth ကို ဖျက်ဆီးဖို့ မဖြစ်နိုင်ပါဘူး။

![](https://ani.social/pictrs/image/7f5feb50-c1ea-43ec-a353-41a72f0c208b.webp)
FATE of Fate series. 

ကံကြမ္မာ ဆိုတာကို define လုပ်ရရင် 
ကြိုတင် သတ်မှတ်ထားပြီး ဖြစ်ကိုဖြစ်လာရမယ့် အရာပေါ့။


Fate verse မှာ 2nd Magic ဖြစ်တဲ့ Khalid Scope ကြောင့်
Parallel World တွေ Timeline တွေဟာ မရေမတွက်နိုင်အောင်
ရှိပါတယ်။ Possiblity ဆိုတာလည်း infinity ထက်ကို ‌
ကျော်လွန်တဲ့ ပမာဏနဲ့ကို ရှိတာပါ။
အဲ့လို Timeline တွေ World တွေ Possiblity တွေ များစွာ
ရှိနေတာတောင်မှ ဖြစ်ကိုဖြစ်လာရမယ်လို့ သတ်မှတ်ထားတာ
တွေ ရှိပါတယ်။ဘယ် world သွားသွား ဘယ် Timeline ကိုပဲ
သွားသွား မဖြသ်မနေကို ဖြစ်လာရမယ့်အရာပေါ့။

ဥပမာပြောရရင် Age of God ရဲ့ ပျက်သုဉ်းမှု ပဲ ဆိုပါတော့။
Infinity World နဲ့ Timeline တွေမှ။ ဘယ်နေရာ သွားသွား
Age of God ဟာ ပျက်ကိုပျက်မှာပါ။ဘယ်သူမှ မပြင်နိုင်တဲ့
အရာပါ။ 

အဲ့တာမျိုးတွေ ရှိပါတယ်။ ‌ေနာက်ထပ်တစ်ခုက ပန်းမှော်ဆရာ
မာလိင် မြင်ခဲ့တဲ့ Age of Will ဆိုတာပေါ့။Age of Men ဟာလည်း ပျက်စီးပြီး Age of Will ကို မဖြစ်မနေ ရောက်လာမှာပါ။
ဒါမျိုး Phenomenal တွေက Fate verse ရဲ့ FATE လို့ပဲ
သတ်မှတ်လိုက်နိုင်ပါတယ်။


![](https://ani.social/pictrs/image/b967dee3-71b7-445a-b7ba-eb0e6d980008.webp)
Timeline and Evolution.

Earth ဟာ Bacteria တွေ ကနေစလို့ အခုလို Advance Technology တွေ ရှိလာတဲ့အထိကို evolve တာပါ။

Nasuverse ရဲ့ Earth ဟာ ကျွန်တော်တို့ Earth နဲ့
သမိုင်းကြောင်း  သိပ်မကွာပါဘူး။

Timeline တွေအကြောင်းတော့ ပြောရခက်တာကြောင့်
အပြည့်အစုံသိချင်ရင် You tube မှာ Gigguk ရဲ့
30 mins explained vd ကြည့်ဖို့ recommend ပါတယ်။
သူက ပုံတွေနဲ့ပါ ရှင်းတာဆိုတော့ စာဖတ်ရတာထက်
ပိုပြီးတော့ နားလည်စေမှာပါ။

![](https://ani.social/pictrs/image/801230b4-03a1-49de-8a01-b23085dc3589.webp)
World/Layer 

Layer က world ဆိုတာ ပြောပြီးပါပြီ။
သို့သော်လည်း ပုံသေမရှိပါဘူး။


Layer တစ်ခုကို သတ်မှတ်ရရင် သူ့ရဲ့ characteristics တွေနဲ့
သတ်မှတ်ပါတယ်။

Age တစ်ခုဟာလည်း layer တစ်ခု ဖြစ်လာနိုင်ပါတယ်။
Age of God ဆိုတာကို တစ်နည်း World of God လို့
ခေါ်လည်း မမှားပါဘူး။
God တွေ အုပ်စိုးတဲ့ ကမ္ဘာကြီးပေါ့။
~~~~~~~~~~~~~~~~~~~~~

နောက်ပြီး Lostbelt တွေဟာလည်း layer သဘောပါပဲ။
Lb တစ်ခုနဲ့ တစ်ခုဟာ မတူညီတဲ့ characteristics တွေနဲ့
တည်ရှိကြတာအပြင်ကိုမှ Lostbelt Tree တစ်နည်း
Fantasy Tree တွေကြောင့်လည်း ပါ,ပါတယ်။
~~~~~~~~~~~~~~~~~~~

နောက်ပြီး Underworld နဲ့ Mental World ဟာလည်း layer
တွေပါပဲ။

Underworld ဆိုတာက မြန်မာမှုပြုရရင် ငရဲ ပါပဲ။
ဒါပေမယ့် ဒုက္ခခံရတာကို မဆိုလိုပါဘူး။
Underworld ဟာ myth, religion အမျိုးမျိုးအပေါ်မူတည်ပြီး
Underworld အမျိုးမျိုး ရှိပါတယ်။
လူသားတွေဟာ အနိစ္စရောက်ခြင်းသဘောကို ကြောက်တတ်
ကြပါတယ်။အဲ့လိုနဲ့ သူတို့ သေဆုံးတဲ့ အခါမှာ သူတို့ရဲ့ 
ဝိဉာဏ်တွေဟာ တစ်နေရာရာကို ရောက်သွားမယ်လို့
ယုံတမ်းပုံပြင်တွေကနေစပြီး ဘာသာရေးတွေအထိကို
Underworld ဆိုတဲ့ သေဆုံးခြင်းအလွန် ကို မြေကြီးအောက်မှာ
ရှိတယ်လို့ အများစုက မှတ်ယူလာကြပါတယ်။
အဲ့တာကြောင့်ပဲ myth အများစုရဲ့ underworld တွေဟာ
မြေအောက်မှာ နေရာယူတယ်လို့ ဖော်ညွှန်းတာပါ။
နောက်ပြီး လူတွေသေတဲ့အခါ အလောင်းကို မြေကြီးထဲ
မြှုပ်ပြီး အနားယူစေတယ်ပေါ့။အဲ့လို မြေမြှုပ်ပြီး
မြေကြီးထဲ ထည့်လိုက်တာက Underworld ဆိုတဲ့
မြေအောက်ကမ္ဘာ၊သေဆုံးခြင်း၏တည်ရာ ကို
ပို့ဆောင်ပေးတယ့် အဓိပ္ပါယ်နဲ့ပါ။
**တချို့ myth တွေကတော့ နည်းနည်း ကွဲတာပေါ့။


ဗုဒ္ဓဘာသာမှာဆို ကမ္ဘာမြေကြီးအောက်မှာ ငရဲကြီး ၈ ထပ်
ရှိတယ်ပေါ့။အဲ့တာဟာ ဗုဒ္ဓဘာသာရဲ့ underworld ပါ။

နောက်ပြီး Babylonia မှာတွေ့ခဲ့ရတဲ့ Ereshkigal ရဲ့ Kur ပေါ့။
အဲ့တာဟာ Uruk ရဲ့ underworld ပါ။

Minecraft ထဲက Netherworld ဟာလည်း underworld ပါ။

Shinto myth မှာဆို Ne-no-Kuni ပေါ့။

Olympus မှာဆို Hades ရဲ့ Tartarus ပေါ့။

Aztecs မှာဆိုရင် Mictlan တို့ပါ။

နောက်ထပ် myth ပေါင်းစုံမှာ underworld ပေါင်းစုံ
ရှိပါတယ်။

အဲ့ လူသေ/ဝိဉာဏ်တွေထဲက ထူးခြားတဲ့ ဝိဉာဏ်တွေ၊
သူရဲကောင်းဝိဉာဏ်တွေရဲ့ Data ကို Root က ယူပါတယ်။
မသေတဲ့လူကိုလည်း တိုက်ရိုက်ယူနိုင်ပါတယ်။
~~~~~~~~~~~~~~~
Mental World ဆိုတာက Reality Marble ကို ပြောတာပါ။

Reality Marble တွေဟာလည်း user ရဲ့ ကိုယ်ပိုင် Domain
ဖြစ်တာကြောင့် Dimensions/World အသေးစား လို့ပဲ
ဆိုနိုင်ပါတယ်။

Archer Emiya နဲ့ Shirou Emiya တို့ရဲ့ Unlimited Blades Work 

နီဂါအေးမီယ ရဲ့ Unlimited Lost Work

Muramasa ရဲ့ Originless Creation of Sword

Monn Cell ရဲ့ Seraph ဟာလည်း Mental World တစ်မျိုးပါပဲ။

Solomon/Goetia ရဲ့ Ars Paulina ဟာလည်း Reality Marble
တစ်မျိုးပါပဲ။ဒါပေမယ့် Ars Paulina က တကယ်ရှိပါတယ်။
Mental World အများစုက အပြင်ကနေ ဖျက်ပစ်လို့ရသလို
အတွင်းကနေလည်း ဖျက်ပစ်လို့ ရပါတယ်။
[ Alexander vs Gil in Fate/Zero ]
But Solomon ရဲ့ Domain ကိုတော့ ဖျက်လို့ မရပါဘူး။


And Do U Know?
Kinoko Nasu မှာလည်း ကိုယ်ပိုင် Reality Marble ရှိပါတယ်။
Neverland Overdrive လို့ ခေါ်ပြီး သူကိုယ်တိုင် 
မလောင်ရဘဲ ဂိမ်းဆော့နိုင်မယ့် ကမ္ဘာ လို့ ပြောပါတယ်။

Reality Marble တွေ ဘယ်လို ဖြစ်သလဲဆိုတာတော့ နောက်မှ
သပ်သပ် တင်ပါမယ်။
~~~~~~~~~~~~~~~

![](https://ani.social/pictrs/image/cd63736b-059d-4220-972d-00d5b42d7284.webp)
Parallel World (aka) Adjacent World . 


ဒါကတော့ ရိုးရိုးရှင်းရှင်းပါပဲ။
Parallel World ဆိုတာ Parallel Layer ပါပဲ။
Parallel Timeline လို့ဆိုလည်း မမှားပါ။
Fate verse မှာ second magic ကျေးဇူးနဲ့ parallel world တွေ
မရေမတွက်နိုင်အောင် ရှိပါတယ်။
Event တစ်ခုတည်းမှာ timeline တွေကွဲနေလား
Timeline တစ်ခုတည်းမှာ event တွေ ကွဲနေလား
အဲ့တာဆိုရင် Parallel World လို့သာ မှတ်လိုက်ပါ။

Fate Staynight ရဲ့ Route 3 ခုရှိတယ်မလား။
အဲ့တာ Parallel World ပဲ။

Singularity 8 ခုရှိတယ်မလား။
အဲ့တာ Parallel World ပဲ။

Lostbelt 7 ခုရှိတယ်မလား။
အဲ့တာ Parallel World ပဲ။

Fate/Extra ဆိုတာရှိတယ်မလား။
Parallel World ပဲ။

Fate/Apocrypha ဆိုတာ ရှိတယ်မလား။
Parallel World ပဲ။

ခေါင်းစဉ်ကွဲတိုင်း parallel world ဖြစ်တာတော့မဟုတ်ဘူးပေါ့။

Fate နဲ့ Tsukihime ဟာလည်း Parallel World ပါပဲ။
ဘာကွာသွားလဲဆိုတော့ Tsukihime world မှာ servant ဆိုတာ
မရှိပါဘူး။Tsukihime မှာ Servant summon လို့ မရပါဘူး။
Kara no Kyoukai နဲ့ Mahoyo ကတော့ ဘယ် world ထဲ
ပါလဲဆိုတာ မသိရပါဘူး။
[ Tsukihime မှာ Aoko က Shiki ရဲ့ ဆရာမဆိုတော့ 
Mahoyo က Tsukihime world ထဲ ရှိတာဖြစ်နိုင်ပါတယ်။ ]


Parallel World တွေကို ခရီးသွားတယ်ဆိုတာ ရှိပါတယ်။
အဲ့တာကတော့ FGO က Rayshift လုပ်တာနဲ့ Zero Sail ပါ။
Rayshift တာကတော့ Singularity series မှာပါတဲ့
Spirit ခွဲထုတ်ပြီး မတူညီတဲ့ timeline/world/Layer တွေထဲ
ပို့ပေးတာပါ။ဒါက အကျဉ်းချုပ်ပါ။
အတိတ်၊အနာဂတ်၊ပစ္စုပန် ဘယ်နေရာသွားသွား ရပါတယ်။
Data တွေ Coordinate တွေသာ သေချာသိရရင်ပေါ့။
ဒါပေမယ့် Lb 3 ရဲ့ ဘျင်ကြီး Qin Shi Huang ရော Lb 7 ဘျင်
Molgan ရော က Rayshift ဟာ sus ဖြစ်ပြီး မကောင်းတဲ့ အငွေ့အသက်တွေ ရတယ်လို့ ပြောခဲ့တာပါ။
[ Marisbury animusphere နဲ့ Merlin တို့ဟာ Rayshift က
ဘယ်လောက်ထိ အလုပ်လုပ်နိုင်လဲဆိုတာ သိပါတယ်။
Cuz Merlin can see every present .
Lostbelt King တွေလည်း အနည်းနဲ့အများ သတိထားမိကြပါတယ်။Solomon လည်း သိကောင်းသိနိုင်ပါတယ်။ ]
Spirit ခွဲထုတ်တယ်ဆိုတာက Pasudo servant,Demi servant 
Summon တာတွေ Saint Quartz ဖြစ်တည်မှုတွေနဲ့လည်း
စပ်ဆက်မှု ရှိပါတယ်။
Pasudo နဲ့ Demi servant အကြောင်းသိချင်ရင်
အောက်က link မှာ ဝင်ဖတ်ပါ။

https://www.facebook.com/share/p/KQufz1wbJc2ZXdsr/?mibextid=oFDknk


Zero Sail ဆိုတာကတော့ အပေါ်က Void Space ထဲကို
Travel လုပ်တာပါ။
Zero Sail ကို Ray Shift မတိုင်ခင်က Chaldea မှာ သုံးဖို့
လုပ်ခဲ့ကြတာပါ။ဒါပေမယ့် Zero Sail ဟာ အန္တရာယ်များတာက
တစ်ကြောင်း Ray Shift က ပိုမိုက်နေတာကတစ်ကြောင်းနဲ့
ချောင်ထိုးခံရပါတယ်။ဒါပေမယ့် Lb series မှာ rayshift 
မလုပ်နိုင်တော့ Shadow Boarder နဲ့ပဲ သွားရပါတယ်။
Zero Sail က Shadow Boarder ရဲ့ နံရံတွေက existence ကနေ
ပျောက်အောင်လုပ်ပြီး space time ကို ဖြတ်နိုင်အောင် 
လုပ်ပေးပါတယ်။
ဒီလောက်က အကျဉ်းချုပ်ပါပဲ။


နောက်ထပ်က Second magic ဘဲကြီး Kischur Zelretch Schweinorg ကတော့ သွားချင်ရာ လျှောက်သွားပါတယ်။
Mahoyo တော့ မဖတ်ဖူးပေမယ့် Aozaki Aoko အနေနဲ့လည်း
5th Magic ကြောင့် Timeline တွေ ကူးပြောင်းတာမျိုး
လုပ်နိုင်မယ်ထင်တယ်။အဲ့လိုကနေ Tsukihime world ကို
ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်ကတော့ Miyamoto Mushashi ဆိုတဲ့
အစားအသောက်ချစ်မြတ်နိုးသူ ဆာမူရိုင်းမဟာလည်း
အကြောင်းတစ်ခုခုကြောင့် parallel world အချို့ကြား
လျှောက်သွားနိုင်ပါတယ်။
( Sis also slash the void.we can consider her in one of
the strongest saber class servants. )

![](https://ani.social/pictrs/image/499cae35-c4e1-4786-9efb-dbe85aeebdf1.webp)
Layer/Age အကူးအပြောင်း 

Layer ပြောင်းတယ်ဆိုတာက ဘယ်လိုမျိုးလဲ??
ကမ္ဘာကြီးရဲ့ အပေါ်ယံ အလွှာကြီး ကွာကျသွားပြီး အဲ့အောက်က layer တစ်ခုက နေရာ ဝင်ယူတာလား ??
ဒါမှမဟုတ် နဂိုရှိနေတဲ့ layer အပေါ်မှာ နောက်ထပ် layer 
တစ်ထပ် ပေါ်လာတာလား ??
Dimensions တွေ ပျက်ကုန်တာလား??
သုံးခုလုံး မဟုတ်ပါဘူး။


ပြောရရင် ကမ္ဘာကြီး စပြီး မွေးဖွာစလာကတည်းက
Dimensions ဆိုတဲ့ Layer အထပ်လိုက်ကြီးကိုခြုံပြီးတော့
မွေးဖွားလာတာပါ။
ကမ္ဘာကြီးခြုံထားတဲ့ Dimensions တွေဟာ အခုချိန်ထိ
ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။
ကမ္ဘာကြီး စပြီး ဖြစ်တည်လာတည်းကနေ အခုလက်ရှိအထိကို
Surface layer ဟာ တစ်ခုတည်းပါ။
ဘယ် layer ကမှ အစားလာမထိုးသလို ဘယ် layer အသစ်
မှလည်း မပေါ်လာသေးပါဘူး။
Surface layer ကြီး ပျက်သွားရင်တောင်မှ ပြန်ပေါ်လာမှာပါ။
[ Proof အနေနဲ့က Fate Strange Fake ရဲ့ Gilgamesh vs
Enkidu Battle ပါပဲ။အဲ့ Battle ဟာ World/Layer ကို
7 ကြိမ် ပျက်စီးစေခဲ့ပါတယ်။ဒါပေမယ့်လည်း ပြန်ပေါ်လာတာပါပဲ။ ]



ဒါဆို Layer အပြောင်းအလဲက ဘယ်လိုဖြစ်တာလဲ ??


Age တွေဟာလည်း Layer ပါလို့ ‌အပေါ်မှာ ပြောပြီးပါပြီ။
Age of God ကနေ Age of Men ကို ဘယ်လိုရောက်လာတယ်
ဆိုတာ မပြောခင် ကျွန်တော်တို့ ကမ္ဘာကြီးကို အရင်ပြောရမယ်။
အခုလက်ရှိ ကျွန်တော်တို့‌ေန,နေတဲ့ ကမ္ဘာကြီဟာ နဂိုက
အာကာသထဲက အစိုင်အခဲကြီး သာသာပါပဲ။အဲ့ကနေမှ
Life ဆိုတဲ့ concept ကို ဆင့်ကဲပြောင်းလဲပြီးရလာတယ်ပေါ့။
Bacteria တွေ Alge တွေကနေစလို့ Dinosaur တွေအထိ 
Evolve လာတယ်ပေါ့။အပြောင်းးအလဲတွေဟာ evolution 
ကနေပဲ စဖြစ်လာတာပါ။
Human History မှာဆိုလည်း Stone Age ကနေစလို့ အခုလို
Advance Technology Age အထိကို တဖြည်းဖြည်း evolve 
လာပါတယ်။



ထိုနည်း၎င်းပါပဲ။ Fate verse ရဲ့ ကမ္ဘာကြီးရဲ့ Surface layer ဟာလည်း တစ်ပုံစံတည်း evolve တာပါ။
Dinosaur တွေလည်း ရှိခဲ့ပါတယ်။
And then we got Age of God.
Age of God တောင် ရိုးရိုးမဟုတ်ဘဲ True Age of God ပါ။
Myth မှန်သမျှက God တိုင်း ရှိပါတယ်။
( But think abt Timeline stupid sussy baka.
Buddha တို့ ဘာတို့ဆိုတာ မရှိသေးဘူးပေါ့။ )
Age of God မှာ ကမ္ဘာကြီးရဲ့ characteristics တွေဟာ
God တွေနဲ့ ကိုက်ညီတဲ့ အရာတွေပါ။Physics ဆိုတဲ့ သဘော
တရားလည်း မရှိပါဘူး။Age of God ရဲ့ Law တွေ Rule တွေဟာ
Mystery ဆိုတာကို အခြေခံပါတယ်။အရာရာဟာ Mystery ပါ။
အဲ့လို Myth ပေါင်းစုံ God ‌ပေါင်းစုံထဲမှာ ထူးခြားတဲ့ myth နဲ့
Region တစ်ခုရှိပါတယ်။အဲ့တာက Mesoamerica ပါ။
Mesoamerica ရဲ့ God တွေဟာ ကမ္ဘာပေါ်က မဟုတ်ဘဲ
ကောင်းကင် ( သို့ ) ကမ္ဘာ့အပြင်ဘက်ကနေ လာကြတယ်လို့ 
ဆိုကြပါတယ်။
သူတို့ဟာ ကမ္ဘာမဟုတ်တဲ့နေရာကနေလာပြီး ဒီကမ္ဘာမှာ
အသက်လာရှင်ကြတယ်လို့ ဆိုပါတယ်။
Mesoamerica God ဆို Quezalcoatl from Singularity 7 
Lb 7 က Tezcatlipoca တို့ပါ။
[ ဒီကောင်တွေဆီကနေ တစ်ခုခုတော့ မျှော်လင့်လို့ ရမယ်
ထင်တာပါပဲ။ ]




Age of God နဲ့ Age of Men ဟာလည်း
Evolution အနေနဲ့ ဆင့်ကဲ ပြောင်းလဲခဲ့တာပါ။

Age of God ဟာ နတ်ဘုရားတွေ ကြီးစိုးခဲ့တဲ့ ခေတ်ကာလ
ဖြစ်ပြီး Rule တွေ Law တွေ ကမ္ဘာကြီးရဲ့ Characteristics တွေ
ဟာလည်း နတ်ဘုရားတွေနဲ့ ကိုက်ညီတဲ့ အရာတွေပါ။
ဥပမာပြောရရင် ကျောက်တုံးတွေမှာ စွမ်းအင်တွေ ရှိတာမျိုး။
သစ်ပင်တွေဘာတွေက စကားပြောတာမျိုး။
နောက်ထပ်က Mystery တစ်နည်း Magic ဆိုတာကို
အသုံးချနိုင်တာတွေပါ။
ဒါက ဥပမာ အချို့ပါ။
အဲ့ကနေ Age of Men ကို ရောက်တော့ Characteristics တွေ
Rule တွေ Law တွေဟာ လူသားတွေနဲ့ ကိုက်ညီမယ့် အရာတွေ
အဖြစ် ဆင့်ကဲ ပြောင်းလဲလာပါတယ်။
ဥပမာဆို Physics ပေါ့။E = mc^2 တို့ F = MA တို့ပေါ့။
Age of God မှာတော့ ဒီ law တွေက ကွဲပြားနိုင်ပါတယ်။
Mystery ဆိုတဲ့ Magic ဟာ နာမည်အတိုင်းပဲ Mystery ဆန်ဆန်
ဖြစ်နေတာပါ။လူသားတွေအနေနဲ့ နားလည် သဘောပေါက်ဖို့
အလှမ်းဝေးပါသေးတယ်။တချို့တလေ နားလည်ပြီး
အသုံးချနိုင်ခဲ့တာလည်း ရှိပါတယ်။


ဆိုတော့ နိဂုန်းအနေနဲ့ Age of God to Age of Men ဟာ
evolved ဖြစ်ခဲ့တာပါ။အဲ့တာကြောင့် ကမ္ဘာကြီးရဲ့ 
Characteristics တွေဟာလည်း အလိုက်သင့် evolved ဖြစ်ပြီး
Layer အသစ်တစ်ခုလို ဖြစ်လာတာပါ။

ဒိုင်နိုဆော ဂေါ်ဇီလာတွေ မတိုင်ခင်က ခေတ်တွေ ရှိနေနိုင်ပါတယ်။ဒါပေမယ့် အခုထိ သိထားရသလောက်ကတော့ 
Layer/Age အပြောင်းအလဲဟာ Age of God to Age of Men အပြောင်းအလဲတစ်ခုပဲ ရှိသေးပါတယ်။Age of God နဲ့ 
Age of Men အကူးအပြောင်းကြားကာလမှာဝော့ာ
Age of Mysteries ဆိုပြီး စပ်ကြားကာလတစ်ခုရှိခဲ့ပါတယ်။
Age of Legends/Age of Mysteries မှာ Age of Faeries 
ဆိုတာလည်း ရှိခဲ့ပါတယ်။


နောက်ပြီး ပန်းမှော်ဆရာ မာလင် မြင်ခဲ့တဲ့ နိမိတ်တစ်ခုရှိပါတယ်။အဲ့တာကတော့ အနာဂတ်တစ်ချိန်မှာ
လူသားတွေဟာ ကမ္ဘာပေါ်မှာ ဆက်ပြီး မနေထိုင်တော့ဘဲ
ကြယ်တာယာတွေဆီမှာ ထွက်ပြီး နေထိုင်ကြမယ့်
Age of Will ဆိုတာ ရောက်လာမယ်လို့ မြင်ခဲ့ပါတယ်။
( Story ထဲ Outer God တွေအ‌ေကြာင်းနည်းနည်း ပါလာပြီ
ဆိုတော့ Solar System or Outer Verse အကြောင်းပါ 
ထပ်သိရဖို့ ရှိလောက်မယ် ထင်ပါတယ်။ )


Nasu ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ Tsuki no Sango ဆိုတဲ့တစ်ခု
ရှိပါသေးတယ်။အဲ့တာက အခုလက်ရှိကမ္ဘာကြီးရဲ့ နောက်
အနှစ် ၃၀၀၀ အကျော်မှာ Timeline တည်ထားတာပါ။
ဇာတ်လမ်းကတော့ ကျွန်တော်လည်ယ မဖတ်ရသေးတော့
မသိပါဘူး။Ova အနေနဲ့ short anime တစ်ခု ထွက်ထားပေမယ့်
အဲ့တာကြည့်လည်း ဘာမှနားလည်မှာ မဟုတ်ပါဘူး။
~~~~~~~~~~~~

![](https://ani.social/pictrs/image/ca17a3c6-74d5-47b0-b597-5129ccb48205.webp)
Surface Layer (or) Outermost Dimension


နာမည်အတိုင်းပဲ ကမ္ဘာကြီးရဲ့ အပြင်ဘက် အကျဆုံး
အပေါ်ဆုံး အလွှာကြီးပါ။
ကျွန်တော်တို့ မြင်တွေ့နေရတဲ့ Fate/Staynight,Fate/Zero..
အစရှိသဖြင့် အဖြစ်အပျက်မျိုးစုံဟာ ဒီ layer မှာ ဖြစ်ခဲ့တာပါ။

Surface Layer မှာ Age of God , Age of Men ,
Age of Mystery/Legends , Age of Faeries ဆိုပြီး
Layer အမျိုးမျိုး ရှိခဲ့ပါတယ်။

Surface Layer ကြီးကို Main Layer လို့ သတ်မှတ်လို့လည်း
ရပါတယ်။
Surface Layer ဟာ ကျွန်တော်တို့ကမ္ဘာရဲ့ သမိုင်းကြောင်းနဲ့အတူတူပါပဲ။
ဒီအကြောင်းက ရိုးရှင်းတာကြောင့် တခြား
ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။
Age တွေအကြောင်းလည်း ရှင်းပြီးပြီး‌ဆိုတော့
ဘာမှ မရှိတော့ပါဘူး။


ဒီနေရာမှာ Final Singularity ဖြစ်တဲ့ Grand Temple of Time : Solomon မှာ Goetia လုပ်ဖို့ ကြိုးစားခဲ့တဲ့ surface layer ကို
မီးလောင်တိုက်သွင်းမယ့် ကိစ္စက ထူးခြားဖြစ်စဉ်တစ်ခု
ဖြစ်လာနိုင်ပါတယ်။ဘာလို့ဆို Goetia လုပ်ခဲ့တဲ့အရာဟာ လူသားမျိုးနွယ်ကို အပြီးမျိုးသုဉ်းစေမယ့် အရာဖြစ်တာကြောင့်
Age of Men ရဲ့ ဇာတ်သိမ်းဖြစ်သွားမှာပါ။အကယ်၍သာ
လူသားတွေ မရှိတော့ဘူးဆိုရင် Surface layer ဟာ
လူသားတွေရဲ့ layer မဟုတ်တော့ဘဲ နောက်ထပ် layer အသစ်တစ်ခု ဖြစ်လာမှာ ဖြစ်တာကြောင့် Goetia ဟာ layer တစ်ခုကို ဖျက်ဆီးပြီး အသစ်တစ်ခု ဖန်တီးတဲ့သဘောကို ရောက်ပါတယ်။I mean Age.
~~~~~~~~
![](https://ani.social/pictrs/image/63953d01-bea8-4b86-8ab0-82d0f5c79636.webp)
Imaginary Number Space (aka) Void Space 


Imagine Number Space ဆိုတာက တကယ်တော့ Space 
တစ်မျိုးပါပဲ။ကမ္ဘာ့အပြင်က အာကာသ ဟင်းလင်းပြင်ကြီးနဲ့
အတူတူပါပဲ။
ဘာကွာသွားလဲဆိုတော့ သူက အရမ်းသိပ်သည်းနေတာရယ်
ကိုဩဒိနိတ် တွက်ရခက်တာရယ်ပဲ ကွာတာပါ။

ကျွန်တော်တို့ ငယ်ငယ်က သင်ရတဲ့ သချာ်ဘာသာမှာ
အပြည့်ကိန်း၊သဘာဝကိန်း၊ကိန်းစစ်၊ကိန်းပြည့်၊သုဒ္ဓကိန်း....
အစရှိသဖြင့် ကိန်းအမျိုးမျိုးရှိပါတယ်။

Imagine Number ဆိုတာကလည်း သချာ်ဘာသာကလာတဲ့
စိတ်ကူးယာဉ်ဂဏန်း ဆိုတာပါပဲ။သချာ်ပညာရှင်တွေက 
ပုဒ်စာတွေ အဖြေရှာမရတော့ စိတ်ကူးယာဉ်ကိန်းဆိုပြီး
ထုတ်လိုက်ပြီး အ‌ဖြေရမယ့် possible number ကို 
ထည့်တာကနေ စတာပေါ့။
ကျွန်တော်က သချာ်ဂိ မဟုတ်ပါဘူး။အဲ့တော့
သဘောတရားလောက်ပဲ ကျွန်တော် ပြောပြနိုင်ပါတယ်။
Imagine Number မှာ x ဆိုတာထည့်တယ် ဆိုပါတော့။
X ရဲ့ တန်ဖိုးက ဘာလဲ။မသိဘူးလေ။အဲ့တာဆို သေချာတယ်
X က imagine Number ပဲ။တန်ဖိုးမသိလို့ မဟုတ်ဘဲ
တွက်လို့ မရလို့ပါ။x တစ်လုံးတည်းပေးထားပြီး x တန်ဖိုး
ရှာပါဆိုတော့ ဘယ်လိုတွက်မှာတုန်း။
အဲ့တော့ x ရဲ့ တန်ဖိုးဟာ x ဖြစ်တယ်ပေါ့။
x က ဘယ်လောက်လဲ။မသိဘူး။ဒါက Imagine Number ပါ။
[ မှားကောင်းမှားနိုင်ပါတယ်။ ]

ပုံမှန်ဆိုရင် ကျွန်တော်တို့ဟာ location တွေ Coordinate တွေကို
ကိန်းဂဏန်းတွေနဲ့ တွက်ချက်ယူရပါတယ်။
ဒါပေမယ့် imagine Number Space မှာတော့ coordinate တွက်ဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့နေရာဖြစ်နေလို့ပါ။
သူ့ coordinate ကိုရဖို့ Imagine Number တွေနဲ့ တွက်ရတာ
ဖြစ်တာကြောင့် သူ့ကို Imagine Number Space လို့ ခေါ်တာပါ။

Normal coordinate - 112 north, 97703 east.yeah like this
Imagine Number coordinate - sπ√2bxx02jwig218

Now u'll understand why it's so hard to go through 
Imagine Number Space.

ဒီ Imagine Number Space ထဲမှာ ဘာရှိလဲဆိုတော့
ထွေထွေထူးထူး မရှိပါဘူး။
ဒါပေမယ့် ထူးခြားတာက Solomon ရဲ့ Reality Marble ဖြစ်တဲ့
Ars Paulina က ဒီထဲမှာ ရှိတာပါ။
Imagine Number Space မှာ Time Concept က သက်ရောက်မှု
မရှိပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~
Ars Paulina 


Ars Paulina က Solomon/Goetia ရဲ့ ဒုတိယမြောက်
Noble Phantasm ဖြစ်ပြီး Reality Marble တစ်ခုလည်း
ဖြစ်ပါတယ်။
Solomon ရဲ့ np အရ Ars Paulina ဟာ Space နဲ့ Time ရဲ့
အပြင်ဘက်ဖြစ်တဲ့ Imagine Number Space မှာ ရှိတယ်
ဆိုတဲ့အချက်ကြောင့် Imagine Number Space ရော 
Ars Paulina ရောက တစ်နေရာတည်းလို့ပါ သတ်မှတ်လို့
ရမလိုပါပဲ။ဒါပေမယ့် ဟုတ်တော့မဟုတ်ဘူးပေါ့။

Ars Paulina ထဲမှာ သေတဲ့သူတွေရဲ့ magic circuit တွေကို
ပြန်ယူလို့ပါတယ်။အဲ့က magical energy နဲ့ data တွေယူပြီး
လူသေကို အသက်ပြန်သွင်းနိုင်ပါတယ်။အဲ့တော့ 
Ars Paulina မှာသေရင် တကယ်မသေပါဘူး။
Solomon ကိုယ်တိုင် သေရင်တောင်မှပဲ 72 Demon Pillar က
အသက်ပြန်သွင်းပေးနိုင်ပါတယ်။အဲ့တာကြောင့်ပဲ
Final Singularity မှာ Solomon က သူ့ရဲ့ တတိယမြောက်
Np ဖြစ်တဲ့ Ars Nova ကို သုံးရတာပါ။
Solomon သေသွားတဲ့အတွက် သူ့ရဲ့ np skill တွေဟာလည်း
ပျောက်သွားရပါတယ်။
အဲ့တာကြောင့် အခုတော့ Ars Paulina ကမရှိတော့ဘူးလို့
ယူဆနိုင်သလို Imagine Number Space ကိုပဲ Ars Paulina လို့
ယူဆလည်း ရပါတယ်။

ပုံကိုကြည့်လိုက်ပါ။Solomon ရဲ့ Throne အနောက်က အပေါက်မှာ space ကို မြင်ရပါတယ်။အဲ့တာက Void Space ပါ။

![](https://ani.social/pictrs/image/438b634b-0c19-40fb-a127-a9513a0bc557.webp)
The Most Inner Layer ( aka ) 
Reverse Side of The World or Inner Sea of The Planet.


Reverse Side ဆိုတာက Earth ရဲ့ အတွင်းထဲမှာ ရှိနေတဲ့
အတွင်းဘက် အကျဆုံး အပိုင်းပါ။
Age of Men/Surface Layer အောက် 2700 km အကွာမှာ
ရှိပါတယ်။ဒါပေမယ့် ဒီတိုင်းကြီး မြေကြီးထဲ တူးဝင်သွားလို့
‌မရပါဘူး။Dimension မတူတာကြောင့်ပါ။
Genius Da Vinci ကတော့ Reverse Side ဆိုတာ
ကမ္ဘာကြီးရဲ့ Reality Marble ဖြစ်မယ်လို့ ကောက်ချက်
ချခဲ့ပြီး " Place of Mind " လို့ ခေါ်ပါတယ်။
Reverse Side ဟာ ကမ္ဘာရဲ့ အလုံခြုံဆုံးနေရာလို့လည်း
ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ ဒုတိယ layer
ဖြစ်တဲ့ Imaginary Number Space ကြောင့်ပါ။
Reverse Side ကို သွားချင်ရင် ကြားထဲက 
Imaginary Number Space ဆိုတဲ့ Void Space ကြီးကို
အရင်ကျော်ဖြတ်ရမှာကြောင့်ပါ။အပေါ်မှာ ပြောခဲ့သလိုပဲ
Imaginary Number Space ကို Advance Technology နဲ့တောင်
ခင်ခက်ခဲခဲ တွက်ချက်လုပ်ယူရပါတယ်။
Void Space ကြီးထဲ လမ်းလည်း ပျောက်နိုင်ပါတယ်။
အကယ်၍ Void Space ကို ကျော်နိုင်ခဲ့ရင်တောင်မှပဲ 
Reverse Side ထဲ ဝင်ချင်တိုင်း ဝင်လို့ မရပါဘူး။
ဒီအကြောင်းကတော့ ဘရားသားတစ်ယောက် ရေးထားပြီးသား
ဖြစ်တာကြောင့် အထွေတထူး မပြောတော့ပါဘူး။

မဖတ်ရသေးရင်တော့ အောက်က link ထဲ ဝင်ဖတ်ပါ။

https://www.facebook.com/share/p/MB86ej85Jk1MuubB/?mibextid=oFDknk


Reverse Side ဟာ ကမ္ဘာရဲ့ အတွင်းထဲမှာ ရှိနေတယ်ဆိုတော့
သူ့အရွယ်အစားနဲ့ အကျယ်က ကမ္ဘာထက် သေးတယ်လို့
မထင်ပါနဲ့။Distance က Infinity ပါ။
Dimension ဖြစ်တာကြောင့် သူ့ shape က ကမ္ဘာထက်
သေးရင်တောင်မှ အမြင့်ဆုံး Dimension ဖြစ်ပြီး
7D အထက်မှာ ရှိပါတယ်။
ပြီးတော့ Reverse Side ရဲ့ Time ဟာ ထူးဆန်းပါတယ်။
ဖြစ်နိုင်ချေ သုံးခု ရှိတယ်။တစ်ခုက infinity,
ဒါမှမဟုတ် အချိန်ရပ်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါမဟုတ် Time Concept မရှိတာလည်း ဖြစ်နိုင်ပါတယ်။
( Time Concept မရှိတာက ဖြစ်နိုင်ခြေရှိပါတယ်။ဘာလို့ဆို
သူ့အပေါ်က Void Space မှာတောင် Time မရှိဘူး ဆိုတော့။ )

![](https://ani.social/pictrs/image/62fc114b-09c5-4628-b871-c5a9fa5930ad.webp)
Holy Lance Rhonomyniad. 


Arthuria Legend ထဲက Rhonomyniad ရဲ့ myth ကို ကျွန်တော်မသိပါဘူး။အဲ့တော့ Fate lore အရပဲ
သိသလောက် ပြောပါမယ်။

Rhonomyniad ကို တစ်နည်း The Lance That Shines to the
End of The World လို့လဲ ခေါ်ပါတယ်။Anime Only သမားတွေအနေနဲ့ကတော့ Singularity 6 : Camelot မှာ နည်းနည်း ရှုပ်နိုင်ပါတယ်။ဘာလို့ဆို Tower ကြီးကလည်း Rhonomyniad ဖြစ်ပြီး လှံကလည်း Rhonomyniad ဖြစ်နေလို့ပါ။
အဲ့တော့ Rhonomyniad က နှစ်ခု ရှိတာလားပေါ့။
မဟုတ်ပါဘူး။ တစ်ခုတည်းပါ။ဒါပေမယ့် 
Tower ရော Lance ရော နှစ်ခုလုံးက Rhonomyniad ပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~
Rhonomyniad Tower 


Rhonomyniad က Planet Earth ရဲ့ Texture တွေကို
တစ်စုတစ်စည်းတည်းဖြစ်အောင် အပ်တစ်ချောင်းလို
စိုက်ထားပေးတာလို့ အပေါ်မှာ ပြောပြီးပါပြီ။
ဒါပေမယ့် မြေကြီးထဲကို Tower ကြီး စိုက်ချပြီး
ကမ္ဘာကို ထုတ်ချင်းပေါက် စိုက်ထားတာ မဟုတ်ပါဘူး။
Tower က Anime မှာ မြင်ပြီးသလောက် အရွယ်အစားပဲ
ရှိတာပါ။အဲ့ထက် မပိုပါဘူး။
အဲ့တာဆို ကမ္ဘာကို ဘယ်လို ချိတ်ထားနိုင်မှာလဲပေါ့။
အဲ့ဒီ Rhonomyniad Tower အောက်မှာ အလင်းတန်းလေး
တစ်ခုရှိပါတယ်။တကယ်ကို သေးသေးလေးပါ။
လူတွေ မမြင်ရပါဘူး။
အဲ့ဒီ အလင်းတန်းလေးက မဏ္ဍိုင်တစ်ခုလိုမျိုး ကမ္ဘာကြီးရဲ့ 
Reality ( Surface Layer ) ကို Inner Sea နဲ့
သွယ်ချိတ်ပေးတာပါ။
အဲ့တော့ Inner Sea ကနေ ပြုတ်ထွက်မသွားတော့ဘူးပေါ့။
ဘာကြောင့် အဲ့လို သွယ်ပေးထားရလဲဆိုတာကတော့
Surface Layer သာ ပျက်သွားရင် Age of Men ဟာ
အဆုံးသတ်ရမှာမလို့ပါ။Age of Men မရှိတော့ရင်
Phantasmal species တွေ surface ကို ပြန်လာပြီး
Age of God ကို ပြန်ရောက်လာမှာဖြစ်တာကြောင့်ပါ။
( အပေါ်မှာ ပြောပြီးပါပြီ။Layer ဆိုတာ Age တွေကို သတ်မှတ်လို့ ရတယ်ဆိုတာ။Layer ပျက်တယ်ဆိုတာ လူသားမျိုးနွယ်
မျိုးသုဏ်းတာကို ပြောတာပါ။ )

Tower အကြောင်းကတော့ ဒီလောက်ပါပဲ။
ရိုးရှင်းပါတယ်။Lance အကြောင်းကို မဆက်ခင် ကြေငြာလေး
တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဂိမ်းပေါင်း ၅၀၀ ကျော်ကို.....
Jk jk.
Lance အကြောင်းမဆက်ခင်မှာ ဒီ Rhonomyniad ရဲ့
မူလအစနဲ့ Artoria ဆီကို ဘယ်လို ရောက်လာလဲဆိုတာကို
အရင်‌ပြောပါမယ်။
~~~~~~~~~~~~~~~~~~~~~~~
အပေါ်က FATE of Fate series မှာ မဖြစ်မနေ ဖြစ်လာရမယ့်
သတ်မှတ်ပြီးသား အရာတွေ အကြောင်းကို ပြောခဲ့ပြီးပါပြီ။
Age of God နဲ့ Age of Men အကူးအပြောင်းကာလပေါ့။
အဲ့ကြားထဲမှာ ရှိခဲ့တာက Age of Mysteries/ Legends.
Arthuria နဲ့ Camelot ရဲ့ ဇာတ်လမ်းက Age of Mysteries မှာ
Timeline သွားတည်တာပါ။အဲ့တော့ Arthoria ဟာ
Age of God ကြီး ပျက်စီးတာကို မြင်ခဲ့ရတဲ့ ဘုရင်ဖြစ်ပြီး
Age of Men စတင်ဖို့ Camelot ရဲ့ downfall နဲ့ လမ်းစ
ဖွင့်ပေးခဲ့ရတဲ့သူပါ။
( Arthoria lore က Arthuria Legend နဲ့ တော်တော်ကွဲပါတယ်။)
Age of God ရဲ့ အဆုံးသတ်ကို မြင်ခဲ့ရတဲ့သူဖြစ်တာကြောင့်
Rhonomyniad ဆိုတဲ့ဟာက Arthoria ဆီ ရောက်လာတာပါ။
ဘယ်လိုရောက်လာတာလဲဆိုတော့ မာလင် ပေးတာပါ။
မာလင်ကရော ဘယ်ကရတာလဲ။ဘာကြောင့်ပေးတာလဲ။
မာလင် ဘယ်ကရလဲဆိုတာ မပြောခင် origin ကို အရင်ဆက်
တာပေါ့။

Rhonomyniad ရဲ့ origin ကို သေသေချာချာမသိရပါဘူး။
ဒါပေမယ့် သေချာတာတစ်ခုက Rhonomyniad ဟာ 
Inner Sea ကနေလာတယ်ဆိုတာပါ။Lb 6 အရ Excalibur လိုပဲ
Faeries 6 ကောင် ပေါင်းလုပ်တာဖြစ်နိုင်သလို ကမ္ဘာကြီး
ကိုယ်တိုင်လုပ်ပေးတာလဲ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် Rhonomyniad ကို ဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်က
လက်နက်တစ်ခုအဖြစ်မဟုတ်ပါဘူး။Texture တွေကို
ချိတ်သွယ်ပေးဖို့ ရည်ရွယ်ပြီး ဖြစ်တည်လာတာပါ။
Rhonomyniad မှာ shape မရှိပါဘူး။

မာလင်က Avalon ထဲရောက်နေတာ အားလုံးအသိပါ။
ဖြစ်နိုင်ချေကတော့ ကမ္ဘာကြီးကိုယ်တိုင်က မာလင်ကို
Arthoria ဆီ ပေးခိုင်းတာ ဖြစ်နိုင်ချေအများဆုံးပါ။
နောက်တစ်ခုကတော့ မာလင်က သူ့သဘောနဲ့သူ 
ယူလာပြီးပေးတာလဲ ဖြစ်နိုင်ပါတယ်။
အကြောင်းကတော့ Vortigern ကို ချဖို့ ပေးတာပါ။
ဒီလက်နက်ရဲ့ ဖန်တီးရတယ့် ရည်ရွယ်ချက်အစစ်အမှန်
အစွမ်းတွေဘာတွေကို Arthoria နဲ့ Merlin ပဲ သိတာပါ။
Morgan တောင် မသိပါဘူး။Gray neither.
[ Source - Garden of Avalon ]
~~~~~~~~~~~~~~~~~~~~~~~
Holy Lance Rhonomyniad 


Rhonomyniad မှာ shape မရှိပါဘူး။
ဒါ‌ပမယ့်လည်း တစ်နည်းနည်းနဲ့ လှံတစ်ချောင်းပုံစံအဖြစ်နဲ့
Arthoria ဆီ ရောက်လာတာပါ။
ဒါလည်း မာလင်လက်ချက်ပဲ ဖြစ်နိုင်ပါတယ်။
Rhonomyniad ဟာ Fate Verse မှာ Excalibur နဲ့ ယှဉ်နိုင်တဲ့
တစ်ခုတည်းသော လက်နက်ပါ။
Rhonomyniad မှာလည်း seal 13 ခုရှိပါတယ်။
Seal 1 ခုဖြုတ်တိုင်း ပိုကြမ်းလာတာပါ။
( Enuma Elish ဆိုတာ ဒီနှစ်ကောင်နဲ့ ယှဉ်ရင် ပါမွှားလေးပါ။
ဒါပေမယ့် Fate/Strange Fake က Gil vs Enkidu မှာ 
Enuma Elish ရဲ့ ပါဝါတွေ မြင်ရမှာပါ။Fate Zero အရလည်း
Ea ဟာ ဘယ်လောက်ကြမ်းတယ် ဆိုတာကတော့ အားလုံး
အသိပါ။အဲ့လို Ea က ဒီနှစ်ကောင်အတွက် ဘာမှ မဟုတ်ဘူး
ဆိုတဲ့ အနေအထားကို ကိုယ်တိုင်ပဲ စိတ်ကူးယဉ်ကြည့်ပါ။ )

အရင်ဆုံး ဘာကြောင့် အဲ့လောက်ကြမ်းနေရတာလဲပေါ့။
အဲ့တာကတော့ အပေါ်ကပြောတဲ့အတိုင်းပဲ ကမ္ဘာကြီးကိုယ်တိုင်
က ဒီလက်နက်နှစ်ခု ဖန်တီးတဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါခဲ့လို့ပါ။

Physical form အနေနဲ့ကတော့ ပြောင်းချင်ရင် ပြောင်းလို့
ရပါတယ်။အဲ့တာကြောင့်ပဲ Arthoria လက်ထဲမှာတစ်မျိုး၊
Morgan လက်ထဲမှာတစ်မျိုး၊Gray လက်ထဲမှာ တစ်မျိုး၊
Arthoria Lancer Alter လက်ထဲမှာ တစ်မျိုးနဲ့ ပုံစံအမျိုးမျိုး
ပြောင်းခဲ့တာပါ။
[ I'm at lb 5 so I have to ask my friends abt Rhonomyniad of Morgan.Morgan က Rhonomyniad ကို ပုံစံတူ copy ပြီး
Mage craft နဲ့ ပြန်လုပ်ထားတာ ဖြစ်ပေမယ့်လည်း Rhono
ဟာ Rhono ပဲမို့ သဘောတရားဟာ တူပါတယ်။ ]

Earth ကနေ ရလာတဲ့ လက်နက်တစ်ခု ဖြစ်တာကြောင့် Magic/Mysteries တွေကလည်း လှံထဲမှာ စီးဆင်းနေပါသေးတယ်။
အဲ့အချက်ကလည်း ငကြမ်းကြီး ဖြစ်စေတာပါ။
Man made weapon တွေမှာ magic ပါတယ်ဆိုပေမယ့် 
လူသားတွေဟာ magic/mystery ကို သေသေချာချာ
နားလည်ခြင်း မရှိတာကြောင့် man made weapon တွေရဲ့
အကြမ်းဆုံးလက်နက်တွေမှာတောင် Magical Energy 
2000-3000 ဝန်းကျင်ပဲ ရှိတာပါ။
Magical Energy ဆိုတာက raw power သဘောပါ။
အပေါ်မှာ ပြောခဲ့တဲ့ magic circuit တစ်ခုကို 
Magical Energy 10 unit ရှိပါတယ်။
Fate Staynight မှာ Emiya Shirou က circuit 27 ခုရှိပါတယ်။
Magical Energy အနေနဲ့ဆို 270 ပေါ့။
Rin မှာက circuit 40 နဲ့ 60 ကြားရှိပါတယ်။
Rhonomyniad ရဲ့ Blast တစ်ခုလောက်က magical energy 
3,000,000 ရှိပါတယ်။
[ ဒါက Singularity 6 Camelot မှာ Arash ပေါ်ကျလာတဲ့ 
Holy Judgement ကို Dr.Romani က အနီးစပ်ဆုံး
တိုင်းတာကြည့်ထားတာပါ။Camelot ကဟာက seal မဖြုတ်
ထားပါဘူး။ ]
Impressive feat ပြောရရင် Fate Extra က Sefer ရဲ့ 7th stage 
မှာ magical energy 300,000,000 ရှိပါတယ်။
အဲ့ကောင်ထက်ပိုများတာက 9 Tails Tamamo ပါ။
Magical Energy 387,420,489 ရှိပါတယ်။
ဒါ 9 Tails Tamamo ပါ။Amaterasu မဟုတ်ပါဘူး။
Amaterasu က 9 Tails Tamamo ထက် ပိုများပါတယ်။


Arthoria Tay ပြီးတဲ့နောက်မှာ Age of Men ကို
တဖြည်းဖြည်း ကူးပြောင်းလာတဲ့အချက်ကြောင့်
Rhonomyniad ထဲမှာ စီးဆင်းနေတဲ့ magic/mystery တွေဟာလည်း ပျောက်ကွယ်သွားရမှာပါ။အဲ့လို မဖြစ်ရအောင်
Morgan က ADD လို့ ခေါ်တဲ့ Mystic code တစ်ခုနဲ့ 
Rhonomyniad ရဲ့ magic တွေ မပျောက်သွားအောင် seal 
လိုက်ပါတယ်။Morgan က faeries သွေး ပါတာကြောင့် Mystery သဘောတရား‌အချို့ကို နားလည်ပါတယ်။
အဲ့နောက်မှာ Rhonomyniad က ပျောက်ခြင်းမလှ ပျောက်သွား
ပြီး 1990 မှာ Gray လက်ထဲ ရောက်သွားတာပါ။
Gray ရဲ့ Rhonomyniad က အစစ်ကြီးပါ။😁
[ ဒီနေ့မနက်မှ Quartz posting ကနေ spoiler မိလာတာ 😭 
I can tell u if u want to know. ]
Rhonomyniad မှာ နောက်ထပ် Ability တစ်မျိုး ရှိပါတယ်။
အဲ့တာက Armor/Wall ဖန်တီးတာပါ။
Armor တစ်ခုလုပ်ပြီး ဝတ်ထားလို့ ရပါတယ်။
Camelot က Holy city ကလည်း အဲ့တာကြောင့် ဖြစ်လာတာပါ။
Durability အနေနဲ့က Mash နဲ့ Lord Camelot နီးနီး ရှိပါတယ်။


There's a lot more but that's all we need to know.
ပြီးတော့ Arthoria Lancer နဲ့ Goddess Rhonomyniad ဟာ
တစ်ယောက်တည်း မဟုတ်ပါဘူး။
Same but different.

Ruyi Jingu Bang

ဟိုအပေါ်မှာ Rhonomyniad လိုပဲ ကမ္ဘာကြီးကို ထိန်းပေးထားတာ တစ်ခုရှိသေးတယ်လို့ ပြောခဲ့ပါတယ်။အဲ့တာက အနောက်ဘက်သို့ ခရီးသွားခြင်းထဲက ဝူခုန်းရဲ့ တုတ်ပါ။ Ruyi Jingu Bang လို့ ခေါ်ပါတယ်။ ဒီအ‌ေကြာင်းတော့ ကျွန်တော် ဘာမှ မသိပါဘူး။ ထောက်ပေးထားတယ်လို့ပဲ သိပါတယ်။ နောက်ထပ်က Fate/Solemn Tartar ဆိုတာရှိပါတယ်။ အဲ့ထဲမှာတော့ ဝူခုန်းပါပါတယ်။ ကျွန်တော်တော့ မဖတ်ဖူးပါဘူး။

  • WTreeM
    link
    fedilink
    ဗမာစာ
    arrow-up
    1
    ·
    18 days ago

    @Makiri@ani.social Thank you for your post.

    OP post ကို format မှန်မှန် နဲ့ ပြန် edit ပေးလို့ရမလား။ အခုဟာက code (` တွေပါနေ) format နဲ့ဖြစ်နေလို့ photo တွေမပေါ်၊ စာဖတ်ရခက် ဖြစ်နေတယ်။

    Header (စာကြောင်းအရှေ့ဆုံးမှာ # ခံရန်)

    Bold ( ကြီးချင်တဲ့စာရဲ့ ရှေ့နဲ့နောက်ဆုံးမှာ * နှစ်ခုစီ)

    split line (underscore _ ၅ခု)


    သုံးရင် ဖတ်ရလွယ်ပြီး ပိုကောင်းမလားလို့။

    ဒီလို စာရှည်တွေရေးမယ်ဆိုရင် Markdown support တဲ့ Obsidian လိုမျိုး note taking app သုံးဖို့ အကြုံပြုပါတယ်။ Lemmy က markdown support လုပ်လို့ copy/paste လုပ်ရုံနဲ့ note ထဲမှာ format လုပ်ထားတဲ့ အတိုင်း ဒီမှာပြန်ပေါ်ပါတယ်။

    အဆင်ပြေရင် language ကိုလည်း “ဗမာစာ” လို့ ပြောင်းပေးပါ။

  • Merlin
    link
    fedilink
    arrow-up
    0
    ·
    19 days ago

    World ကို7ကြိမ်ဖျက်တာ FSF မှာမဟုတ်ဘူး။ သူတို့အသက်ရှင်တုန်းကBattle မှာဖျက်တာ အဲ့BattleမှာGilရဲ့GOB ထဲလက်နက်တွေအကုန်ပြောင်ခါနီးဖြစ်သွားတယ် Enkidu ကလဲ Bodyရဲ့သုံးပုံတစ်ပုံပဲကျန်တော့တဲ့အထိပဲ။ FSFမှာနှစ်ကောင်လုံးက ကြမ်းချင်တိုင်းကြမ်းမရတော့ဘူး Servant ဖြစ်နေတာရယ် Force နှစ်ခုကထိန်းထားတာရယ်ကြောင့်damaged Area ကသိပ်ပြီးမကြီးသလိုထင်ရတာ။ Enkidu ကာလိုက်တာကြောင့်လဲပါတယ်။ မဟုတ်ရင် Layerတစ်ခုတော့သေချာပေါက်ပျက်တယ်။