COTE anime adaptationက anime only fanတွေကြားမှာတော့ တော်တော်လေးကို လူကြိုက်များတယ်ဆိုပေမယ့် Light Novelသမားတွေအတွက်ကတော့ ငိုရခက်ရယ်ရခက်ပဲ။ ဒီအကြောင်းကိုတော့ တော်တော်များများလည်း ရေးဖူးပါတယ်။ အဲ့လို Studioက တလွဲတွေလုပ်ထားတာထဲမှာ ကျွန်တော်သဘောမကျဆုံးကို ပြောပါဆိုရင် Season 1က Everyone is nothing but tools to me အပိုင်းပဲ။
Animeမှာဆိုရင်တော့ နောက်ဆုံးဇာတ်သိမ်းခံနီး ဟိုရီခိတက ရှက်သလိုလို ဘာလိုလိုလုပ်နေပြီးတော့ စကားတွေပြောနေတယ်။ အယနိုခိုဂျီက သူ့ရုပ်သေကြီးနဲ့ပဲ Edgelordလိုလို ဘာလိုလိုအထာနဲ့ Everything is nothing but tools to meဆိုပြီးဘာညာတွေ ပြောသွားတယ်။ ပြီးတော့ ပြီးသွားတယ်ပေါ့။
Anime onlyတွေမှာ အုပ်စုတွေကွဲသွားတယ်။ “အရမ်းမိုက်တာပဲ”ဆိုတာက တစ်အုပ်စု၊ “ဒီကောင်ဘာကောင်လဲဟ”ဆိုတာက တစ်အုပ်စု၊ “Ultimate Plot twist ever!”ဆိုတာက တစ်အုပ်စု၊ အဲ့တာကို လှုပ်စိလှုပ်စိလုပ်ပြီး mastermindယောင်ဆောင်တာက တစ်အုပ်စုပေါ့။
Light Novelမှာကတော့ ထုံးစံအတိုင်း မတူဘူးပေါ့။ ကျွန်တော့်အနေနဲ့ အဲ့အပိုင်းကိုတော့ Light Novelထဲကလိုပဲ လုပ်စေချင်တာအမှန်ပါ။ အဲ့လိုဆိုရင် အနည်းဆုံး တအားကြီး ရုပ်ပျက်ဆင်းပျက် မဖြစ်လောက်ဘူး(လို့ထင်တာပဲ)။
အကျဉ်းချုံးရရင် ဟိုရီခိတက အီဘူကီ မျက်ခွက်ကို ခြေထောက်နဲ့ အကန်ခံထားရလို့ သတိလစ်နေတယ်။ အဲ့နောက် ရူးအန်နဲ့ကဆုရာဂီတို့ အချိန်းအချက်လုပ်တယ်။ ထွက်သွားတယ်။ အယနိုခိုဂျီ ရောက်လာတယ်။ ပြီးတော့ ဟိုရီခိတကို ပွေ့ချီပြီးတော့ ထွက်သွားတယ်။ ကြားထဲ လမ်းမှားသွားပြီး ကမ်းပါးကနေ လိမ့်ကျလိုက်သေးတယ်။ (အယနိုခိုဂျီဟာ Light Novelမှာ နည်းနည်းခွတီးခွတနိုင်တယ်။)
မိုးတွေကလည်း အရမ်းရွာနေတာ ဖြစ်တာကြောင့် မိုးလုံတဲ့သစ်ပင်အောက် တော်တော်ကြာကြာလေး ခိုနေရသေးတယ်။ နောက်တော့ ဟိုရီခိတနိုးလာတော့ စကားတွေပြော၊ ပြောတဲ့အကြောင်းအရာကတော့ အယနိုခိုဂျီက “နင်သူငယ်ချင်းလိုတယ်၊ ပြီးတော့ အနားယူလိုက်ပေတော့”၊ ဟိုရီခိတက “မရဘူး၊ ငါ့ဟာငါ တစ်ယောက်တည်း တိုက်ခိုက်မယ်၊ အနားမယူဘူး။”
ကြာတော့ ဟိုကောင်က စိတ်မရှည်တော့ဘူး။ မေ့ကြောနှိပ်လိုက်ရော။ ပြီးတော့ သတိလစ်နေတဲ့ ဟိုရီခိတကို စိုက်ကြည့်ပြီး
*“ခေါင်းမာတဲ့မင်းသမီးလေးဟာ အမှားကိုဝန်မခံနိုင်ပါလား။ အံ့ဩစရာပဲ၊ ဟုတ်တယ်၊ အံ့ဩစရာပဲလို့ ငါတွေးလိုက်မိတယ်။ နင်အကုန်နီးပါးမှန်သလောက်ပါပဲ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့၊ ဟိုရီခိတ၊ နင်တစ်ခုတော့ မှားသွားခဲ့တယ်။ အခုအချိန်မှာတော့ နင့်ကိုပြောပြလိုက်ပါမယ်။
နင့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ အတန်းဖော်တစ်ယောက်အနေနဲ့လည်း နင့်ကိုဘယ်တုန်းကမှ ဂရုမစိုက်ဖူးဘူး။
ဒီလောကကြီးမှာ အနိုင်ရခြင်းသာလျှင် အရာရာပဲ။ လုပ်ပုံလုပ်နည်းက အရေးမကြီးဘူး။ ဘာတွေပဲ စွန့်လွှတ်ရစွန့်လွှတ်ရ ငါဂရုမစိုက်ဘူး။ အဆုံးသတ်မှာ ငါအနိုင်ရတယ်ဆိုရင် ငါ့အတွက်က အဆင်ပြေတယ်။
နင်၊ ပြီးတော့ ဟီရတ…မဟုတ်ဘူး၊ အားလုံးဟာ အသုံးချခံတွေထက် မပိုဘူး။ နင်ဒီလိုဖြစ်ရတာလည်း ငါ့ကြောင့်ပဲ။ အဲ့တော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ နင်ကငါ့အတွက် အသုံးဝင်ခဲ့ပါတယ်။”*လို့ စိတ်ထဲမှာပဲ ပြောလိုက်တယ်။
နောက်ဆက်ဖြစ်တာကတော့ Animeထဲကလိုပါပဲ။
အဲ့ထဲကလိုပဲ ဖြစ်စေချင်ရတာက Anime sceneက နည်းနည်း ဖြစ်ကတတ်ဆန်း လုပ်ထားသလို ဖြစ်နေတယ်။ ဟိုရီခိတက Animeထဲကလို ရှက်သွေးဖြာပြီး ပြောမယ့်လူစား (အဲ့အချိန်က) မဟုတ်သေးဘူး။ အယနိုခိုဂျီဆိုတဲ့ ကောင်ကလည်း ဟိုရီခိတပြောနေတဲ့ စကားကို ဂရုမစိုက်ပဲ “အားလုံးဟာ ဝက်အူလှည့်တွေ၊ ပလာယာတွေပါ”လို့ ထိုင်တွေးနေမယ့်ကောင်မဟုတ်ဘူး။ ပုံစံက လုပ်ချင်သလိုတွေ လုပ်ထားပြီးမှ အဲ့monologueကိုတော့ မထည့်မဖြစ်လို့ ရော့လဟယ်ဆိုပြီး ထည့်ထားရသလိုပဲ။
Light Novelမှာကတော့ သူ့ဟာနဲ့သူ အချိန်အခါနဲ့ အကျိုးအကြောင်း ဆီလျော်တယ်။ တွေးတတ်တဲ့သူတိုင်း သိပါတယ်။
နောက်တစ်ခုက OST. Animeထဲကမှာကတော့ “Welcome to the Classroom of the Supreme Ability Doctrine”ကို သုံးသွားတယ်။ တကယ်လည်း လိုက်ဖက်ပါတယ်။
Light Novelထဲကလို လုပ်ခဲ့တယ်ဆိုရင်တော့ “Ruler of a cold game” OSTကို သုံးစေချင်တယ်။ နာမည်အတိုင်းပဲ Island Testဆိုတဲ့ စစ်အေးတိုက်ပွဲမှာ အယနိုခိုဂျီဟာ ဘုရင်ပါပဲ။ သူ့ဟာသူ ဆရာမက ခြိမ်းခြောက်ထားလို့ပဲ လုပ်ရတယ်ပြောပြော အားလုံးထက် တစ်ကွက်ကြိုရှေ့ရောက်နေတဲ့ကောင်ပါ။ OSTကလည်း အဲ့အခန်းနဲ့ တကယ်လိုက်မှာ။
ပျင်းနေတာနဲ့ ကောက်ရေးလိုက်တာပါ။ ပြောချင်တာကတော့ ဒါအကုန်ပါပဲ။