အခု Anime Universe Myanmar က Reddit နဲ့ Lemmy [ani(dot)social] ပေါ်မှာလည်းရှိပြီဆိုတော့ အဲ့ platform တွေမှာ စာရေးပြီးတင်ရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ စာရေးပုံစံတစ်ခုနဲ့ note app တစ်ခုကို လာ recommend ပေးတာပါ။ Anime နဲ့တော့ မဆိုင်ပေမယ့် group နဲ့တော့ ဆိုင်မယ်လို့ မြင်ပါတယ်။

Reddit ကော၊ Lemmy မှာကော သူတို့ဆီမှာ post၊ comment တွေတင်ရင် Markdown လို့ ခေါ်တဲ့ စာရေးပုံစံတစ်မျိုးကို လက်ခံပါတယ်။ Markdown ဆိုတာ အလွယ်ပြောရရင် စာဖတ်ရလွယ်အောင် ကြီးသင့်တဲ့ စာလုံးတွေကိုကြီးစောင်းသင့်တဲ့ စာလုံးတွေကို စောင်းလို့ရတဲ့ ပုံစံလို မြင်နိုင်ပါတယ်။ Facebook post တွေမှာလို plain text ကြီး မဟုတ်တော့ဘူးပေါ့။ အဲ့ထက် လုပ်လို့ရတာတွေ အများကြီးရှိပါသေးတယ်။ ဥပမာ spoiler text တွေဆိုရင် နှိပ်လိုက်မှ မြင်အောင် လုပ်လို့ရတာမျိုးတွေ။ Reddit မှာ သူ ခွင့်ပြုထားတဲ့ ပုံစံတွေရှိပြီး Lemmy မှာလည်း သူခွင့်ပြုထားတာတွေ သုံးလို့ရပါတယ်။ Platform တစ်ခုနဲ့တစ်ခု လုပ်ဆောင်နိုင်တဲ့ အရေအတွက် မတူနိုင်ပါလို့ ပြောချင်တာပါ။

Markdown စာရေးပုံစံ အသုံးပြုမယ်ဆိုရင်လည်း အဆန်းကြီး မဟုတ်ပါ။ ကိုယ့်ကြီးချင်တဲ့ စာလုံး၊ စာကြောင်းရှေ့နဲ့ နောက်မှာ * လေးနှစ်ခုထည့်လိုက်ရုံပါပဲ။ ဥပမာ **ဒီစာလုံးက အကြီး** စောင်းချင်ရင် _ လေးတစ်ခု ရှေ့နဲ့နောက်မှာ ထည့်ပေးရုံပါ။ ဥပမာ _စောင်းနေတယ်နော်_

သုံးလို့ရတဲ့ ပုံစံတွေ အကုန်လုံးကို ဒီ link မှာသွားကြည့်လို့ရပါတယ်။ အဲ့မှာ tutorial လည်းရှိတဲ့ အတွက်ကိုယ်တိုင် စမ်းသုံးပြီး ရင်းနှီးသွားအောင် လုပ်လို့ရပါတယ်။

https://commonmark.org/

Reddit ရဲ့ markdown ပုံစံများ https://www.reddit.com/wiki/markdown/

Lemmy ရဲ့ markdown ပုံစံများ https://join-lemmy.org/docs/users/02-media.html

ဒီ post မှာပြောချင်တာက အဲ့ markdown ပုံစံကို အသုံးပြုတဲ့ note application တစ်ခုကို recommend လာပေးတာပါ။ Application နာမည်က Obsidian လို့ခေါ်ပါတယ်။ Android, iOS, Windows, Mac OS, Linux အကုန်လုံးမှာ သုံးလို့ရပါတယ်။ နောက်ပြီး သူက အခမဲ့ပါ။ ကြော်ငြာတွေ ဘာတွေလည်း မပါပါဘူး။ Cloud storage + sync လိုရင် ဝယ်လို့လည်းရပါတယ်။ Markdown file တွေက .md ဆိုတဲ့ file extension နဲ့ အဆုံးသတ်ပြီး နောက် ကိုယ်ကြိုက်တဲ့ markdown ကို support လုပ်တဲ့ application မှန်သမျှနဲ့ ပြန်ဖွင့်လို့ရပါတယ်။

ဘာလို့ Obsidian ကို recommend ပေးလဲဆိုတော့ markdown ကို support လုပ်လို့ပါ။ ကိုယ် စာအရှည်ကြီး post ရေးတော့မယ်ဆိုရင် Reddit၊ Lemmy application တွေထဲမှာ သွားရေးနေတာ အဆင်မပြေပါဘူး။ သူတို့က စာတိုရေးဖို့ လောက်အတွက် အဆင်ပြေပါတယ်။ စာရှည်ကြီးကိုမှ ဟိုစာကြောင်းကိုကြီး၊ ဒီစာလုံးကို စောင်းဖို့ဆိုရင် note app ထဲမှာလုပ်တာ ပိုအဆင်ပြေပါမယ်။ Obsidian ထဲမှာ ကိုယ်ကြိုက်သလို ပြင်ဆင်ထားလိုက်ပြီး copy ယူ Reddit၊ Lemmy မှာ paste လုပ်လိုက်ရုံနဲ့ ပြင်ထားတဲ့ တစ်ပုံစံအတိုင်း ပြန်ထွက်လာပါမယ်။ (တင်ထားတဲ့ ပုံတွေကြည့်ပါ။)

Source view ပါ။ Obsidian မှာ ဒီလိုရေးရပါတယ်။ source view

Obsidian ရဲ့ Reading view ပါ။ ကိုယ်ရေးထားတာ ဘယ်လို ပေါ်လဲကြည့်လို့ရပါတယ်။ reading view

Lemmy ပေါ် paste လုပ်လိုက်ရုံနဲ့ တစ်ပုံစံအတိုင်း ပြန်ထွက်ပါတယ်။ Lemmy

Obsidian ကို လူသုံးများတာ သူ့ရဲ့ extensions support ကြောင့်လည်း ပါပါတယ်။ စာရှည်တွေရေးတဲ့ နေရာမှ မဟုတ်၊ ကိုယ်နဲ့ သက်ဆိုင်ရာ field အတွက် လိုအပ်တဲ့ note မှတ်ရာတွင်လည်း အသုံးတဲ့ပါတယ်။

Obsidian link (Google Play Store, Apple App Store တို့မှာ ရှိပါတယ်။)