ပါဝါရိန်းဂျားခုနှစ်ဖော်ကားထဲက Corand Arcမှာ Melasculaက သူမရဲ့ true formဖြစ်တဲ့ တီကောင်အကြီးကြီးပုံ ပြောင်းပြီး 7 Deadly Sinsကို ရင်ဆိုင်တယ်ပေါ့။

သိတဲ့အတိုင်းပဲ Meliodas, Escanorတို့တောင် ဝင်မပါရပဲ King, Diane, Gowther ၃ကောင်ပေါင်းနဲ့တင် ထိန်းလိုက်နိုင်တယ်။ Elizabethက အပြီးသတ်တိုက်ကွက် သုံးလိုက်တယ်။ ပြီးတော့မှ Merlinက တီကောင်ပိစိလေးကို သိမ်းထားလိုက်တယ်ပေါ့။

အကုန်ပြီးသွားတော့ Merlinက ဘာပြောလဲဆိုတော့ “အဲ့မြွေမ အချဥ်ပေါင်းစားပြီး *င်ခေါင်းမယားပဲ Human Formနဲ့သာဆို နိုင်နိုင်ခြေရှိတယ်တဲ့”

Merlin အာချောင်တာ မဟုတ်ပဲ တကယ်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆို ရှင်းပါတယ်။ Melasculaက overallခြုံကြည့်ရင် weakတယ်ဆိုပေမယ့် အန္တရာယ်များတဲ့သူတစ်ယောက် ဖြစ်နေလို့ပါပဲ။ Meliodas vs Ten Commandmentsမှာ Estarossa ဝင်မပါရင် Meliodasတစ်ယောက် အသက်ပျောက်နေတာ ကြာပြီ။

အဲ့တော့ Melasculaသာ Human Formနဲ့ပဲ 7DSတို့ကို ရင်ဆိုင်ခဲ့မယ်ဆို storyအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလဲ ကြည့်တာပေါ့။

Corand Arc

ပထမဆုံး ဒီမှာတော့ Ban, King, Diane အကုန်ရှောနိုင်ပါတယ်။ ကျွန်တော်က အဆိုးဆုံးဖြစ်နိုင်ခြေတွေကိုပဲ ရွေးပြောမှာဆိုတော့ ရှောတယ်ပဲ ထားပါတော့။

Melasculaသာ တအားမပိန်းဘူးဆို Ban>King>Diane အဲ့လိုOrderနဲ့ သုံးယောက်လုံးရဲ့ ဝိဉာဉ်ကို စားလိုက်မှာပါ။ အဲ့တော့၃ယောက်လုံး ရှောပေါ့။

Note - Banက Immortalဆိုပေမယ့် Melasculaရဲ့ Soul Summonကိုတော့ မခုခံနိုင်ဘူး။ ဒါကို Ravens Arc, Ban vs Galand & Melascula Battleမှာကတည်းက တွေ့ပြီးပြီ။ မွေးစားဒယ်ဒီသာ ဝင်မကယ်ရင် မြေခွေးဆိုးလေး thayနေတာကြာပေါ့။

Gowtherကိုကတော့ အရုပ်ဆိုတော့ တစ်ခုခုလုပ်ပစ်လိုက်လိမ့်မယ်။ တစစီဖြုတ်ပစ်တာတို့ အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်တာတို့။ Melaက လွန်ခဲ့တဲ့နှစ်၃ထောင် 1st holy warမှာကတည်းက Gowtherက သူ့ကို ပလေးသွားလို့ တီးချင်နေလောက်တယ်။ Thayတာကတော့ thayမှာ မဟုတ်ဘူး။ ဒါပေမယ့် တော်တော် အခြေအနေဆိုးလောက်တယ်။ Thayချင်လည်း thayမယ်ပေါ့။ Gowtherက လုံးဝဥဿုံ Immortalမှ မဟုတ်တာ။

Merlinအနေနဲ့ကတော့ ဝိဉာဉ်အနှုတ်ခံရနိုင်တယ်။ ဒါပေမယ့် Merlinလေ။ တစ်ခုခုတော့ Cheat Code ရှိမှာပဲ။ Galandတုန်းကလိုမျိုး သူ့ဝိဉာဉ်ကို သူ့Scared Treasure Morning Star Aldenထဲကို ထည့်တာမျိုး လုပ်မှာပေါ့။ ဝိဉာဉ်အပြည့်အစုံ မဟုတ်တောင် တစ်စိတ်တစ်ပိုင်းလောက်ပေါ့။

အဲ့လိုဖြစ်သွားပြီဆို Meliodasနဲ့ Escanorကို ထည့်ထားတဲ့ Perfect Cubeက ကွဲသွားမှာပဲ။ အဲ့တာဆို ဘာဆက်ဖြစ်မလဲဆိုတော့ Melasculaတန်းသေမှာ။ ဟို၂ကောင်လုံးက တီးချင်နေတာ။ Merlin bodyပါ ကြားထဲက အချောင်ပျက်စီးသွားလောက်တယ်။

ပြီးရင် Meliodasနဲ့ Escanorတို့ ဆက်ချကြဦးမှာပဲ။ ဒီမှာ ဘယ်ကောင်နိုင်မလဲဆိုတော့ ကျွန်တော်လည်း မသိဘူး။ ဒါနဲ့ အဆွေတော်တစ်ယောက်ကို သွားအကူအညီတောင်းတော့ "လုပ်မနေနဲ့၊ Meliodasပဲ နိုင်မှာ"တဲ့။ သူနိုင်တော့လည်း နိုင်ပေါ့။

Escanor‌အနေနဲ့ မသေပဲ ဒဏ်ရာအပြင်းအထန် ရသွားတာလောက်ပဲ ဖြစ်လိမ့်မယ်။ (တအားတွေ ဇာတ်နာနေလို့ နည်းနည်းလျှော့ပေးလိုက်တာ) ဒါပေမယ့် Anime Logicအရ Meliodasက Escanorကို အပြီးမသတ်ပဲ အာပဲချောင်ပြီး ထားခဲ့မှာပဲ။ ပြီးရင် Elizabethကို ခေါ်ပြီး Camelotပြည်ကြီးကို ဒိုးပြီ။

ဒီမှာ Kingတစ်ကွက်ပြမယ်။ Banနဲ့ Zhivagoတုန်းကလိုပဲ Helbramက Kingအစား ဝင်ခံပေးသွားလိမ့်မယ်။ Kingကပဲ Escanor, Merlin, Gowtherတို့ကို Boar Hatပေါ် ပြန်ခေါ်လာပြီး Lionesကို ပြန်ပြေးလိမ့်မယ်။

Hawkနဲ့ Elaineတို့ကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ Meliodasကလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။

Camelotကို ရောက်တော့ ညီအစ်ကို၃ယောက် ချစ်ချစ်ခင်ခင်ပဲ Soutခွက်ရိုက်ကြ ဘာညာ‌ပေါ့။ ဒီမှာ တစ်ချက်ပြောစရာ ရှိလာမှာက Elizabethက Animeမှာလို Meliodasကို ပါးရိုက်ပြီး ထွက်ပြေးမှာ မဟုတ်ဘူးဆိုတာပါပဲ။

Animeမှာ အဲ့လိုလုပ်တယ်ဆိုတာက 7DSဆိုတဲ့ Meliodasကို တားနိုင်တဲ့ မျှော်လင့်ချက် ရှိနေလို့ပါ။ အခုတော့ thayတဲ့ကောင်ကthay မthayတဲ့ကောင်က မthayမရှင်ဖြစ်နေတယ်၊ နောက်၃ရက်နေရင်ကလည်း နေရင်းထိုင်ရင်းကို thayရဦးမှာ၊ ထွက်ပြေးရင်လည်း Zel, Esta, Cusack, Chandler အဲ့လိုကောင်တွေကို ဘစ်ကျွတ်တဲ့အထိ ရင်ဆိုင်ရဦးမှာ၊ ဘယ်လောက်ပဲ စိတ်မာတဲ့လူဖြစ်နေနေ စိတ်ဓာတ်တွေ ကျသွားမှာပဲ။

Linkin Parkလို ပြောရမယ်ဆိုရင်တော့ Everything falls apart, even the people who never frown eventually break downပေါ့။

End of Corand Arc

Prelude to the New Holy War Arc

တစ်ဖက်မှာတော့ ခရီးထွက်လာတဲ့ Magaretတို့အုပ်စုက Animeအတိုင်းပဲ Ludocielနဲ့ တွေ့ပြီး Magaretက Vesselဖြစ်လာတယ်ပေါ့။

Lionesကို ပြန်ရောက်ပေမယ့် မဟာမိတ်ဖွဲ့မယ့် SDSက အခြေအနေ မကောင်းလှဘူး။ Escanorက thayလောက်တဲ့ ဒဏ်ရာကြီးနဲ့၊ Kingကလည်း သူ့ချစ်ချစ်thayလို့ ဒီပျက်ရှင်ဘွိုင်းလေးဖြစ်၊ Merlinက‌ ဘောလုံးလေးထဲ soulတစ်စိတ်တစ်ပိုင်းပဲ ကျန်တယ်၊ Gowtherက မျက်ခွက်တောင် အကောင်းအတိုင်းရှိရင် ကံကောင်း၊ Hawkနဲ့ Elaineကတော့ ထည့်တွက်မနေနဲ့တော့။

Escanorကိုတော့ Magaretက Healပေးလောက်ပါတယ်။ Escanorပြန်သတိလည်လာတော့ ဒေါသတွေဖြစ်ပြီး ချမယ်ကြမ်းမယ်တွေ ဖြစ်ကုန်ရော။

Demonတွေဘက်မှာလည်း Commandmentတွေ ရှာပုံတော် ထွက်လာတဲ့ Estarossaက Faithနဲ့ Truthတို့ကို ရပြီး Reticenceနဲ့ Purityတို့ကို ယူဖို့ Derieriနဲ့ Monspeetတို့ဆီ ထွက်လာပြီ။ (Melascula d!es here)

Droleနဲ့ Gloxiniaတို့ကတော့ Chandlerနဲ့ ထိပ်တိုက်တွေ့ရမှာ မဟုတ်တော့တဲ့အတွက် ဖြစ်နိုင်ချေအများဆုံးက Lionesကိုသွားပြီး မဟာမိတ်ဖွဲ့တာပါပဲ။ Ludocielကလည်း အင်အားများလေကောင်းလေဆိုပြီး လက်ခံပေးမှာပဲ။

Meliodasက ငပိန်းမဟုတ်တဲ့အပြင် Emotionတွေပါ ပျောက်နေတဲ့ အခြေအနေဆိုတော့ Elizabethကိုတော့ သံကွန်ချာ၇ထပ်မဟုတ်တဲ့ ငရဲမီး၇ထပ် အုပ်ထားမှာပဲ။

Excaliburလာယူတဲ့ ငတိလေး Arthurလည်း Cusackလက်ချက်နဲ့ပဲ ကြွမှာပဲ။ (Arthurမသေတာ Merlinနဲ့ Elizabeth ထိန်းထားပေးလို့ပါ။)

ကျန်တာတွေကတော့ Animeအတိုင်းပဲ ဆက်ဖြစ်ပါမယ်။ (ဘာဆက်ဖြစ်စရာရော ကျန်သေးလို့လဲ)

End of Prelude to the New Holy War Arc

New Holy War Arc

ကာကွယ်ရေး ဦးစီးချုပ် Ludocielအနေနဲ့ (JK) Meliodas Demon Kingဖြစ်မှာကို တားဖို့ စပါယ်ရှယ်ကို ဇွန်းတပ်ထားတဲ့ အဖွဲ့ကတစ်ဖွဲ့၊ Demoတွေကို ရင်ဆိုင်မယ့်အဖွဲ့က တစ်ဖွဲ့ ဖွဲ့ရမှာပဲ။

Specialအဖွဲ့ဝင်တွေကတော့ 1. Ludocial (သူကတော့ မပါလို့ရမလား) 2. Escanor (မထည့်ချင်တောင် အတင်းလိုက်မှာပဲ) 3. Sariel and Tarmiel (They don’t know why they were selected)

Demonတွေနဲ့ ဖိုက်မယ့်ကောင်တွေကတော့ Droleနဲ့ Gloxiniaတို့က ဦးဆောင်ပေါ့။ (They are experienced) ကျန်တဲ့နာမည်ကြီး ပုဂ္ဂိုလ်တွေကတော့ Merlinဘောလုံးလေးရှိမယ် Depressionဝင်နေတဲ့ Kingနဲ့ Elaineတို့ရှိမယ် ခေါင်းလောက်တော့ ပြန်ရလောက်မယ့် Gowtherလည်းရှိမယ်။

Holy Knightထဲကတော့ Howzerတို့ Gilthunderတို့ Griamoreတို့ Guilaတို့လို ဘောင်မဝင်တန်းမဝင်လေးတွေပေါ့။

Estaကလည်း Monspeetကို သတ်ပြီး Reticenceကိုယူ၊ Derieriကတော့ လွတ်သွား၊ Holy War Battlefieldထဲကို ရောက်သွား၊ 7DSဘက်က ဝင်တိုက်ပေးပေါ့။

ဒီမှာ တစ်ချက်ရှိတာက Estaက Commandment၄ခုကြီးများတောင် ရသွားပြီဆိုတော့ နတ်ဘုရားလိုလို မိစ္ဆာလိုလို ပုံစံက စောပြီး ဖြစ်သွားမှာပဲ။ အဲ့လိုပုံကြီးနဲ့ Battlefieldထဲကို ရောက်ချလာတော့ အကုန်သေမှာပေါ့။ ကြားထဲ 5th commandmentအနေနဲ့ Purityပါ ယူလိုက်ရင် ပိုဆိုး။

Full Wings Kingတောင် မနိုင်ဘူး။ တစ်ခြားသူတွေ ထွက်ပြေးနိုင်အောင် အချိန်ခဏဆွဲထားတာပဲ အများဆုံးလုပ်နိုင်မှာ။ တရားဟောမယ့် Gowtherကလည်း ခေါင်းလေးပဲရှိတာ။ တရားဟောလိုက်နိုင်တောင် အားလုံးနောက်ကျသွားပြီ။

အဲ့တစ်ကောင်တည်းနဲ့တင် ကျန်တဲ့Holy Knighတွေအကုန်ကို သမဖို့လုံလောက်ပါတယ်။

(‌ပျော်စရာကြီးနော်)

ဟိုဘက်မှာကတော့ Plot Armourတွေ ကယ်လို့ Zelကမှောက်ပြီး Cusackနဲ့ Chandlerတို့ အထိနာတယ်ပဲ ထားပါဦး။

တကယ်က Chandlerနဲ့ Cusackတို့၂ကောင်ကို Archangleသုံးယောက်က ဘယ်လိုမှ မနိုင်နိုင်ဘူး၊ Escanorကြီး The Ultimate Oneဆိုပြီး ထလုပ်ရင် တစ်မျိုးပေါ့၊ ဒါပေမယ့် အဲ့လိုဆို Escan‌or ရှောမှာပဲ၊ အရင်ရှောတာနဲ့ နောက်ကျမှရှောတာပဲ ကွာမယ်။

ဟို၂ကောင် ပြန်ပူးပြီးတော့ Original Demonဆိုပြီး လုပ်ချလိုက်ရင်…တွေးမနေနဲ့ အကုန်ရှောမှာပဲ။ Crisisကြီးက ကြမ်းလွန်းလှပါတယ်။ (ကြားထဲ Maelပြန်ပေါ်လာမလို ဖြစ်လို့ Ludociel, Sariel, Tarmielတို့က ဘိုင်အိုဂျက်ဆစ် ဆောင်မသွားတော့‌ ခေါင်းကိုက်ကြဦးမှာ)

ဆက်ဖြစ်မှာကတော့ Meliodasကိုယ်ထဲ Demon Kingက ဝင်လာ (Purgatoryက Meliodas Emotion formက အခုထိ နဂါးဖြစ်နေတုန်းပဲလေ Banမရှိတဲ့အတွက် ဘယ်တော့မှလည်း ပြန်မလွတ်ဘူး) Zel, Elizabethနဲ့ Original Demonကိုသတ်။ (Demon Kingက အဲ့လိုလူစားမျိုးပဲ) ပြီးတော့ Kingdomတွေကိုပါ လိုက်မျိုးဖြုတ်တာတွေလုပ်။

ကြားထဲ Supreme Diety, Cath Palugတို့က မီးလောင်ရာလေပင့် ဝင်မွှေနိုင်သေးတယ်။

Chaos Beingကြီးဖြစ်တဲ့ Hawk Mamaကတော့ Lady of the Lakeတစ်ဖြစ်လဲ Lake Salisburyဆီကို ပြေးသွားလိမ့်မယ်။

နို့မို့ရင် ဟို၃ယောက် ဝိုင်းသမရင် သူလည်း ဝက်ပုံကြီးနဲ့ မနိုင်ဘူး။ ရင်ဆိုင်နိုင်တယ်ပဲထားပါ၊ သူတို့တွေ ၃ယောက်၁ယောက် ချကြရင် Britanniaကြီးတစ်ခုလုံး မွှစာတိုက်သွားမှာ။

အဲ့လိုနဲ့ Demon Raceနဲ့ Goddess Raceတို့ရဲ့ မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေ ဖြစ်နေတဲ့ ကမ္ဘာကြီးအနေနဲ့ လုံးဝကို Bad Endကြီးအဖြစ် အဆုံးသတ်နိုင်ပါကြောင်း။