By Zayar Phyo

Morgan ဟာ Fate Series Money Maker Altria ရဲ့ အမတော် ဖြစ်ပြီး၊ Arthurian Legend ရဲ့ အကြီးဆုံး စုန်းမ ဖြစ်ပါတယ်။ Fate Series မှာလည်း ပါပါတယ်။

အခုကတော့ သူ့ အကြောင်း ပြောပြပေးသွားမှာပါ။ —————

Morgan ဟာ Fate/Apocrypha မှာ ပထမဆုံး ရုပ်ပါလာတာဖြစ်ပြီး အဲ့မှာ Mordred ကို သွေးထိုးနေတာပါ။

Morgan နဲ့ Altria ဟာ ဖအေတူ မအေကွဲ ညီအစ်မ တော်ပြီး၊ Auther Pendragon က Morgan ရဲ့ အဖေ ဖြစ်ပါတယ်။ Morgan ရဲ့ အမေက Tintagel ဆိုတဲ့ Fairy တယောက်ပါ။ Morgan ကိုယ်တိုင်ကလည်း A Ray Fairy တယောက်ပါ။ Fairy တွေထဲမှာ A Ray Fairy တွေဟာ အမြင့်ဆုံး ဖြစ်ပြီး၊ Morgan ဟာ Great Mother Fairy ဖြစ်ပါတယ်။

Morgan က ငယ်ငယ်တည်းက ဘုရင် ဖြစ်ချင်တာ ဖြစ်ပြီး၊ Altria က ဘုရင် ဖြစ်သွားတာကြောင့် Altria ကို မုန်းပြီး ဖြုတ်ချင်တာပဲ ဖြစ်ပါတယ်။

Morgan ဟာ Altria လို Dragonaut မဟုတ်ဘဲ Fairy ဖြစ်တဲ့အတွက် Gaia ရဲ့ Support ရှိပြီး၊ သူကလည်း Vortigern လိုပါပဲ။ Britain ကို ဖျက်ဖို့ အတွက်ကို မွေးဖွားလာတဲ့ ဖြစ်တည်မှုလို့ ပြောလို့ ရပါတယ်။ After All, She is a A Ray Fairy.

Morgan ဟာ Gareth, Gaheris, Agravain & Gawain တို့ရဲ့ အမေ ဖြစ်ပြီး၊ နောက်ပိုင်းမှာ Merlin ကို သုံးပြီး Altria ကို Futanari ပြောင်း၊ Sperm ထုတ်ပြီးတော့၊ အဲ့ Sperm နဲ့ Altria နဲ့ Morgan တို့ရဲ့ ကလေး Mordred ကိုလည်း မွေးခဲ့ပါတယ်။

Morgan ဟာ Altria ကို ဖြုတ်ဖို့ နည်း အမျိုးမျိုး ကြံပြီး၊ Altria ရဲ့ ဓား Caliburn ကိုလည်း ဖျောက်လိုက်ပါတယ်။ အဲ့တာ အပြီးမှာတော့ သူ့ Vivian Personality ကနေ Excalibur ဆိုတဲ့ ဓားကို ပေးခဲ့ပါတယ်။

Morgan ဟာ Britain Downfall ရဲ့ အရေးကြီးတဲ့ နေရာမှာ ပါပါတယ်။ အဲ့တာကတော့ Altria အတွက် Excalibur ထက် တန်ဖိုးကြီးတဲ့ Avalon ကို ဖျောက်လိုက်လို့ပါပဲ။ အဲ့တာကြောင့် Mordred သ-တ်တာ ခံလိုက်ရတာပါ။

အဲ့တာအပြီးမှာ Morgan ဟာ Excalibur ကို ပြန် သိမ်းလိုက်ပြီး Rhongomyanid ကိုလည်း Seal ပိတ်လိုက်ပါတယ်။ (Vivian လုပ်တာ ဖြစ်မှာပါ)

သူက Fate/Grand Order မှာ အဓိက စပါပြီး Avalon le Fae ဆိုတဲ့ Lostbelt ရဲ့ ပဲ့ကိုင်ရှင် ဖြစ်ပါတယ်။

Avalon le Fae ဖြစ်ပုံဟာ Excalibur လုပ်ဖို့ ပျင်းတဲ့ Fairy ခြောက်ကောင်ကြောင့် Lostbelt ဖြစ်သွားတာပါ။ Sefar လာတိုက်တဲ့ အချိန်မှာ Excalibur မရှိတော့လို့ Earth ကြီး ပြောင်သွားတဲ့ အချိန် Lostbelt ဖြစ်လာတာပါ။

အဲ့အချိန်မှာ အဲ့ ၆ကောင်ကို အပြစ်ပေးဖို့ Inner Sea of Planet ကနေ Cernunos ဆိုတဲ့ Celtic God ရောက်လာပေမဲ့ အပြစ်မပေးရက်ဘဲ သနားသွားပြီး၊ ကြင်နာပေးခဲ့ပါတယ်။

ဒါပေမဲ့၊ Fairy တွေ သဘာဝအရ သစ္စာဖောက်ခဲ့ပြီး၊ Cernunos ကို သတ်ခဲ့ပြီး အဲ့ အလောင်းပေါ်မှာ နေခဲ့ပါတယ်။

အလောင်းပေါ်မှာ နေတဲ့ အတွက် ကျိန်စာတွေလည်း မိပြီး၊ ဂိကုန်တဲ့ Fairy က ဂိ၊ ဂိလည်း အလောင်း အပုပ်ကဘဲ အဲ့နေစရာ နယ်မြေ ဖြစ်လိုက်နဲ့ Avalon le Fae နယ်မြေ တခုလုံးဟာ အလောင်းတောင်ပုံ ဖြစ်နေတာပါ။

အဲ့အချိန်မှာ Fairy တွေကို ကယ်တင်ဖို့ Inner Sea of Planet ကနေ Child of Prophecy ကလေး တယောက်ကို လွှတ်လိုက်ပါတယ်။

သူကတော့ Asec the Savior ဖြစ်ပြီး၊ Fairy တွေကို ပူးပေါင်းပြီး လမ်းပြပေးမဲ့အပြင်၊ Excalibur ကို ဖန်တီးဖို့ပါ။ ဒါပေမဲ့၊ သဘာဝအတိုင်း Fairy တွေဟာ သစ္စာဖောက်ပြီး၊ Asec ကို သ-တ်ဖို့ပါ လုပ်ပါတယ်။

အဲ့တာအပြီးမှာတော့ Asec ဟာလည်း ဂိသွားပြီး၊ ကယ်တင်ရှင် မရှိတော့တဲ့ အတွက် ကျိန်စာသင့် အလောင်းနိုင်ငံဟာ ကျိန်စာ Calamity တွေနဲ့ ကြုံပြီး Fairy တွေ အကုန် ဂိကုန်ကြပါတယ်။

အဲ့ကနေ ပြောင်သလင်းခါသွားပြီး၊ နှစ်ထောင်ချီ ကြာတဲ့ အချိန်မှာ အဲ့ Lostbelt ကို Crypter ထဲက တကောင် ဖြစ်တဲ့ Beryl Gut ရောက်လာပါတယ်။

သူကလည်း ရောက်ရောက်ချင်း Servant ကို ဆင့်ခေါ်ပြီး လာတာက Morgan le Fae ပဲ ဖြစ်ပါတယ်။ Morgan ဟာ အဲ့ကို ရောက်တာနဲ့ ဒီမှာ ဘာဖြစ်နေလဲ ဆိုတာကို ချက်ချင်း သိသွားပါတယ်။

တကယ်တော့ Asec ဆိုတာက အဲ့ Lostbelt ရဲ့ Morgan ဖြစ်ပါတယ်။ Beryl ရဲ့ Morgan ဟာ Asec ဘာဖြစ်လဲဆိုတာ Asec ရဲ့ မှတ်ဉာဏ်ကနေတဆင့် သိသွားပါတယ်။ အဲ့မှာ Morgan ဟာ အတိတ်က Asec ဆီကို သူ့ရဲ့ Memory Rayshift လုပ်ပါတယ်။

Memory Rayshift ဆိုတာ သာမန်အတိုင်း လူ တယောက်ကို Chelsea ကနေ တနေရာရာကို Rayshift လုပ်ရင် Spiritron ကို ခွဲပြီး ပို့တာ ဖြစ်ပါတယ်။ အဲ့လိုနဲ့ Morgan ကလည်း ဂိသွားပါတယ်။

အဲ့အချိန် အတိတ်မှာ Morgan မှတ်ဉာဏ် ရသွားတဲ့ Asec ဟာ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ သိလို့ သူ မဂိအောင် ကာကွယ်လို့ ရသွားတဲ့ အပြင်၊ Fairy တွေဟာ ကယ်ဖို့ မသင့်ဘူးဆိုတာ သိတဲ့ နောက်မှာ အဲ့ Lostbelt Tree ရဲ့ Mana တွေ အကုန် စုပ်၊ Calamity တွေ တိုက်ပြီး Fairy တွေ ဂိသွားတဲ့ အချိန်မှာ အဲ့ Mana တွေနဲ့ Fairy တွေကို ပြန် အသက်သွင်းပြီး၊ Tyrant အာဏာရှင်အနေနဲ့ အုပ်ချုပ်ပါတယ်။

She became Morgan le Fae.

အာခံရင် သ-တ်တယ်၊ မကြိုက်ရင် သ-တ်တယ်။ တကယ်ကလည်း သူ အုပ်ချုပ်ရတဲ့ Meaning တခုက Calamity ထဲက အကြီးဆုံး Cernunos Calamity မဖြစ်အောင် Cernunos ကို Seal ထားတာပါ။

Cernunos ထွက်လာရင် တိုက်ဖို့လည်း ပြင်နေတာပါ။ အဲ့လို Cernunos ကို ထုတ်ဖို့ ပြင်နေတာက ဒီ LB ကို ဖျက်ဖို့ ရောက်လာတဲ့ Oberon Vortigern ပါပဲ။

Vortigern ဟာ အစက Mors King အနေနဲ့ ရောက်လာပေမဲ့၊ Morgan လက်နဲ့ ဂိပြီး နောက်တခါ ပြန်မွေးဖွားပြီး၊ ဒီတခါတော့ Vortigern ကိုမှ Britain မို့လို့ Oberon Personality ပါ မွေးဖွားလာပါတယ်။

Oberon ဟာ Morgan နဲ့ Cernunos ကို တိုက်စေချင်ပေမဲ့၊ ဟိုက Cernunos ကို Seal လိုက်လို့ Morgan ကိုပါ ဖြုတ်ချင်တာပါ။ ဘာလို့ သူက လုပ်စေချင်လဲဆိုရင်တော့ Cernunos ဂိမှ သူက လုပ်ငန်း စလို့ ရမှာကြောင့်ပါ။

အဲ့အချိန်မှာ နောက်ထပ် Child of Prophecy က ပြန်ပေါ်လာပါတယ်။ ဒီတခါတော့ သူ့ ညီမ Altria ပါပဲ။ သူ ပေါ်လာပြီး Morgan ကို သ-တ်မဲ့ ဟောကိန်း ထုတ်ပြီးနောက် Altria ကို သ-တ်ဖို့ပဲ ကြိုးစားပြီး၊ ကာပေးတဲ့ ရွာတိုင်းကို ဖျက်ပါတယ်။ ဟောကိန်းထုတ်တဲ့ ရွာကိုလည်း ဖျက်ပါတယ်။

အဲ့အချိန်မှာ Chelsea တသိုက်ဟာလည်း ရောက်လာပြီး၊ Morgan နဲ့ တွေ့ပြီးမှာတော့ အစက အဆင်ပြေပါတယ်။ ပိုက်ဆံတွေ၊ ဘာတွေတောင် ပေးလိုက်သေးတယ်။

ဒါပေမဲ့၊ နောက်ပိုင်းမှာ ပြဿနာရှာတာရယ်၊ Norwich မှာ ဖျက်စီးမဲ့ မြို့ကို ကယ်လိုက်ပြီး၊ Calamity ကို ရှင်းလိုက်တာတို့ကြောင့် Water Mirror ကို သုံးပြီး၊ Mash တကောင်ကို အတိတ်ကို ပို့လိုက်ပါသေးတယ်။ (အဲ့အကြောင်းကို နောက်မှ အသေးစိတ်ပြောပြပါမယ်)

အဲ့တာအပြီးမှာ Chelsea ဟာ ပုန်ကန်ရေတသိုက်နဲ့ ပူးပေါင်းပြီး Morgan ကို ပုန်ကန်ပါတယ်။ Morgan နန်းတော် အထိ ရောက်လာပြီး တိုက်ပေမဲ့၊ Morgan ကလည်း ကိုယ်တိုင် ဝင်တိုက်ပါတယ်။

အဲ့တာပြီး၊ အစမှာတော့ နိုင်ပြီထင်ပေမဲ့၊ နောက်ထပ် ထပ်ထွက်တာ ပြန်ပါတယ်။ Morgan တွေက တယောက်၊ နှစ်ယောက်ကနေ တော်တော်များကြီး ထွက်လာတဲ့ အပြင် အကုန်လုံးကလည်း တကယ့် Morgan နဲ့ သူမသာ၊ ကိုယ်မသာ ကြမ်းနေတော့ Chelsea ကြောင်ပျောက်နေပါတယ်။ အဲ့အချိန်မှာ နန်းတော်မှာ ပြသာနာဖြစ်နေပါပြီ။

နန်းတော်မှာ ပြန်တိုက်ဖို့ အစည်းအဝေး ထိုင်နေချိန် သူ့ လူယုံတော် Woodwose ဟာ အသက်ရှူရုံ အနေအထားနဲ့ Morgan အရှေ့ ရောက်ပြီး Morgan ကို ထအော်ပြီး တိုက်ပါတယ်။ တကယ်က Woodwose ဟာ ပုန်ကန်ရေးတပ်နဲ့ တိုက်နေတဲ့ အချိန်မှာ Morgan ကို စစ်ကူ လှမ်းတောင်းပေမဲ့၊ စစ်ကူရောက်မလာဘဲ Woodwose ရှုံးပြီး ဂိခါနီး ဖြစ်သွားပါတယ်။

Morgan ကလည်း စစ်ကူ လွှတ်လိုက်ပါတယ်။ ဒါပေမဲ့၊ လမ်းမှာ သ-တ်ခံလိုက်ရပါတယ်။ အဲ့အချိန်မှာ ဒေါသအပြည့်နဲ့ Woodwose ဟာ Morgan က သစ္စာဖောက်၊ စွန့်ပစ်လိုက်တာ၊ ဘာညာ သွေးထိုးခံရပြီး Woodwose ဟာ Morgan ကို လာတိုက်ပေမဲ့၊ Morgan က ဘာမှ ပြန် မလုပ်လို့ Woodwose ဟာ သူ အလိမ်ခံရတာ သိပြီး နောင်တရကာ တောင်းပန်ပြီး ဂိသွားပါတယ်။

အဲ့ချိန်မှာ Woodwose ကို သွေးထိုးတာ အားမရတဲ့ Aurora ဆိုတဲ့ ဟာမဟာ အစည်းအဝေးခန်းက လူတွေကို Morgan က ဘာညာ ဆိုပြီး သွေးထပ်ထိုးပါတယ်။

အစတည်းက ကိုက်ဖို့ကလွဲ ဘာမှမလုပ်တတ်တဲ့ Fairy တွေဟာ သွေးထိုးခံရတော့ ပိုဆိုးပြီး Morgan ကို တိုက်ဖို့ လုပ်ပါတယ်။ Morgan ဟာ ပြန်တိုက်ဖို့ လုပ်ပေမဲ့ Aurora လုပ်ရက်ကြောင့် မတိုက်ခဲ့ပါဘူး။

အဲ့တာကတော့ သူ့မွေးစားသမီး Baobath Sith ကို ဓားစားခံ လုပ်ထားလို့ပါ။ သမီးမျက်နှာ မြင်သွားတဲ့ အမေဟာ မတိုက်တော့ဘဲ၊ Fairy တွေ သ-တ်တာ ခံရပြီး၊ Baobath Sith ဟာ သူ့ အမေကို သူ့ မျက်စိ အရှေ့မှာ ပိုင်းတာကို ကြည့်နေရုံကလွဲ မတတ်နိုင်ခဲ့ပါဘူး။

Morgan ဂိပြီးမှာတော့ ကျန်ရစ်တဲ့ Baobath Sith ကို ချိုင့်ထဲ ပစ်ထည့်ပြီး သ-တ်ပါတယ်။ သူတို့ မသိတာ အဲ့ဟာက Morgan ချိတ်ပိတ်ထားတဲ့ Cernunos အလောင်း ရှိရာ ချိုင့်ပါ။

အဲ့မှာ Morgan ကလည်း ဂိသွားတဲ့ အတွက် Seal ပွင့်ပြီး၊ ထသောင်းကျန်းပါတယ်။ (Morgan အကြောင်းပဲမို့လို့ ဒီထက် မပြောချင်တော့ပါ)

Morgan ဟာ Abilitie တွေ အနေနဲ့ Magecraft ကို ကျွမ်းကျွင်အောင် သုံးနိုင်ပါတယ်။ ဉာဏ်လည်း ပြေးပြီး၊ Chelsea တသိုက် တော်တော် လေ့လာရတဲ့ Rayshifting ကို ခဏလေးနဲ့ သိပြီး လုပ်နိုင်တာပါ။

Rayshift တာဟာ Singularity တွေကို လုပ်လို့ ရတာ ဆိုပေမဲ့၊ Morgan ဟာ Lostbelt ဖြစ်တဲ့ နေရာမှာ ဘာအကူမှမပါဘဲ၊ အတိတ်ကို တကောင်တည်း Rayshift ခဲ့တာပါ။

Morgan ဟာ Water Mirror ဆိုတဲ့ Skill ကို ကောင်းကောင်း ကျွမ်းကျင်ပြီး၊ အဲ့ Skill ကတော့ Teleportation နဲ့ တူပါတယ်။ Morgan လက်အောက်မှာ ဘာ Calamity မှ မဖြစ်ခဲ့တာ အဲ့ Water Mirror နဲ့ Calamity တွေကို အတိတ်ကို ပြန်ပြန် ပို့နေလို့ပါ။

Norwich မှာလည်း Mash တယောက်ကို အဲ့လိုပဲ အတိတ်ကို ပို့တာပါ။

အဲ့တာအပြင် Morgan မှာ အစွမ်း တခု ရှိပြီး၊ သူက Naruto ရဲ့ Shadow Clone နဲ့ တူပါတယ်။ Clone တိုင်းဟာ Morgan ရဲ့ အစွမ်းနဲ့ ညီမျှပြီး Chelsea တသိုက် အတော် တိုင်ပတ်ခဲ့ပါတယ်။

အဲ့တာတင် မဟုတ်ဘဲ၊ Morgan ဟာ Rhongomyanid 12 ခု ရှိပါတယ်။ တကယ်လို့ Camelot ကြည့်ဖူးရင် သိမှာပါ။ Seal ငါးခုပဲ ဖြုတ်ထားတဲ့ Rhongo ဟာ တခါလေးပစ်တာ 3 Million MP Fire Power ရှိပါတယ်။

ဒါဟာ EA Excalibur တို့ထက် ပြင်းအား ရာချီ မြင့်ပါတယ်။ ဒီထဲမှာဆို Morgan ဟာ Lostbelt Olympics ကြီး တခုလုံးကို ဖျက်စီးဖို့ Rhongomyanid တစ်ခု လွှတ်လိုက်တာပါ။

Kirschtaria Wodime ကြောင့် မဟုတ်ရင် Lostbelt ပြောင်ပါတယ်။ Lostbelt တွေဟာ Dimension မတူတာကြောင့် Britain Lostbelt Dimension ကနေ ဒီကို ပစ်လိုက်တဲ့ Morgan ရဲ့ Rhongo က ဘယ်လောက် OP မလဲဆိုတာ တကယ်လို့ OP Scaler ဆို တွက်ကြည့်ပါ။

အဲ့တာအပြင် NP ဖြစ်တဲ့ Roadless Camelot ဟာဆိုရင် Ex Rank Anti Fortress ဖြစ်ပြီး၊ သူကတော့ သူနေတဲ့ Throne ကနေ လှော်တာပါ။ အဲ့ Throne ဟာ Fairy တွေရဲ့ Life Force တွေနဲ့ စုထားပြီး Rhongomynaid ကို Operate လုပ်ဖို့ Mana ရပါတယ်။ အဲ့ ထိုင်ခုံကနေ Morgan ဟာ သူ့ ရန်သူတွေ Especially Fae တွေကို ကောင်းကင်ကနေ လှံတွေနဲ့ ပစ်ချတာပါ။

Morgan ဟာ Personality သုံးမျိုး ရှိပါတယ်။ Altria Sister Morgan,Vivian Lady of the Lake & Morgan le Fae Witch တို့ပါ။

အဲ့ထဲမှာ Altria အမ Personality ဟာ ကြင်နာတတ်ဆုံးပါ။ လူက အေးစက်ပြီး၊ မသိရင် ကိုယ့်ကိုယ်ကို ထသ-တ်မလို ဆိုပေမဲ့၊ ရင်းနှီးလာတာနဲ့ အမျှ သူဟာလည်း အေးစက်တဲ့ သွေးအေးဘုရင်မမျိုး မဟုတ်ဘဲ၊ သာမန် မိန်းကလေး တယောက်ပါပဲ ဆိုတာ နားလည်လာပါတယ်။

အဲ့လိုအချိန်မှာ အရာရာ ပြီးပြည့်စုံပြီး၊ ကာကွယ်ခံချင်တဲ့ မမ ဖြစ်သလို၊ သူ လိုအပ်တဲ့ နေရာမှာ အချိန်တိုင်း မားမားမတ်မတ် ရပ်တည်ပေးပြီး၊ သူ့အတွက် ထောက်တိုင်အဖြစ် ရပ်တည် ကူညီပေးချင်လာမိမှာပါ။

Morgan ဟာ အချစ်ကြီးတတ်ပါတယ်။ သူ့ မွေးစားသမီး Baobath Sith အတွက်နဲ့ Fairy တွေ သတ်တာကို ခံတဲ့ အထိ မိခင်မေတ္တာ ကြီးပါတယ်။ Mordred, Gawain, Gaheris & Agravain တို့ အပေါ်တော့ မေတ္တာ သိပ်မပေးခဲ့ပေမဲ့၊ Baobath Sith အပေါ်တော့ မိခင်ကောင်း ပီသပေးခဲ့ပါတယ်။

Morgan ဟာ Chelsea မှာ Master ကို စစချင်း Husband တော်မှာပါ။ ဒါပေမဲ့၊ နာမည်သာရှိပြီး၊ ဘာမှ သုံးစားမရပါဘူး။ သူကလည်း သွေးအေးပါတယ်။ နောက်မှ တဖြည်းဖြည်း ရင်ပွင့်လာပြီး Master ကို ချစ်လာပါတယ်။ အဲ့တာအပြင် သူ့အိမ်မက်ဟာ Master နဲ့ အတူ နှစ်ယောက်တည်း ရဲတိုက်မှာ အတူတူ နေချင်တာပါ။

Morgan ရဲ့ VA က Yui Ishikawa ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ Mikasa ရဲ့ Seiyuu ပါ။

အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူး။