By Zayar Phyo

Karna ဟာ Mahabaratha ဇာတ်တော်က Antagonist ဖြစ်ပြီး၊ Fate/Apocrypha မှာ ပါတဲ့ Character ပါ။ အခု သူ့ အကြောင်း ပြောပြပေးပါမယ်။ —————

Karna ဟာ Surya နတ်နဲ့ Kunti လူသား မိန်းမ တို့ရဲ့ သား ဖြစ်ပြီး၊ မွေးတည်းက မိခင် စွန့်ပစ်တာ ခံခဲ့ရတာပါ။

Kunti ဟာ Karna က သူနဲ့ Surya ရဲ့ သား ဟုတ်၊ မဟုတ် သိချင်လို့ ဆုတောင်းရာကနေ Surya ဟာ သူ့ သား ဆိုတာ အသိအမှတ်ပြုပြီး Armor 1 ခု ပေးခဲ့ပါတယ်။ Kavancha and Kundala ဖြစ်ပါတယ်။

ဒါပေမဲ့၊ Kunti ဟာ သူ့ သား Karna ကို စွန့်ပစ်ခဲ့ပြီး သူ့ ကံတရားပေါင်းဖက် လူသား ဘုရင်ဆီ သွားခဲ့ပါတယ်။

Karna ဟာ သူက နေနတ်မင်း နဲ့ လူသားဘုရင်မ တို့ရဲ့ သား ဆိုတာ သိပေမဲ့၊ တခါမှ မပြောခဲ့ပါဘူး။

အသက်အရွယ် ရလာတဲ့အခါ တိုင်းပြည်ရဲ့ ပြိုင်ပွဲမှာ သူလည်း ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ပြိုင်ပွဲမှာ သူ့ လက်ရည်က အံ့မခန်း ဖြစ်ပြီး၊ ဘုရင့်သားတော်ထဲက တတိယမြောက် သားတော်ကိုပါ စိန်ခေါ်ခဲ့ပါတယ်။

အဲ့ သားတော်ကတော့ သူ့ ညီ ဖြစ်ပြီး၊ မဟာပြိုင်ဘက် ဖြစ်လာမဲ့ Pandava ညီအစ်ကို ငါးဖော်ထဲက သုံးယောက်မြောက် Arjuna ပါပဲ။ Arjuna နဲ့ လက်ရည် စမ်းချင်ပေမဲ့၊ Karna ဟာ တော်ဝင် မဟုတ်လို့ ငြင်းခံခဲ့ရပါတယ်။

အဲ့ချိန်မှာ Karna ကို အသိအမှတ်ပြုပြီး၊ Karna ဘက်မှာ နေပေးတဲ့ တော်ဝင်မင်းသားဟာ Kaurava Clan ရဲ့ အကြီးဆုံး မင်းသား Duryodhna ပါပဲ။

အဲ့အချိန်မှာ Arjuna ကလွဲ ကျန်တဲ့ Pandava ညီအစ်ကိုတွေဟာ Kaurava နဲ့ ပြဿနာဖြစ်ပြီး၊ Karna ကိုလည်း ပြဿနာ ထပ်ရှာပါတယ်။

အချိန်တစ်ခုရောက်တဲ့အခါ Karna တို့ဘက်နဲ့ ညှိနှိုင်းလို့ မရတဲ့အဆုံး စစ် စတိုက်ဖို့ ဆုံးဖြတ်ပါပြီ။ အဲ့ချိန်မှာ Karna အမေ ဖြစ်တဲ့ Kunti ဟာ Karna ကို ဖျောင်းဖျဖို့ Arjuna ရဲ့ သူငယ်ချင်း ယောင်ဆောင်ထားတဲ့ Lord Krishna နဲ့ အတူ သွားပါတယ်။ ဟိုရောက်တော့ သားအမိချင်း ညှိနှိုင်းပြီး၊ Kunti ဟာ Karna ကို နင်က ငါ့သား၊ Arjuna တို့က နင့်ညီ သူတို့ နဲ့ မချပါနဲ့ ပူးပေါင်းလိုက်ပါ၊ ဘာညာ ပြောပေမဲ့လည်း Karna ဟာ လက်မခံဘဲ ငြင်းခဲ့ပါတယ်။

သူ့ အမေကို မုန်းလို့ မဟုတ်ဘဲ၊ လာ ဖျောင်းဖျတာ နောက်ကျသွားလို့ပါ။ သူ့ အမေ နဲ့ Krishna တို့တောင် ဖျောင်းဖျလို့ မရတော့တဲ့ အချိန်၊ Arjuna ရဲ့ တကယ့် အဖေအရင်း Indra ဟာ Lord Brahma ပုံစံ ဟန်ဆောင်ပြီး၊ Karna ရဲ့ Armor ကို ယူသွားခဲ့ပြီး Karna ကို သူ့ သား Arjuna နဲ့ စစ် မတိုက်ဖို့ လုပ်ပေမဲ့၊ Karna က တိုက်ကို တိုက်မယ် လုပ်လို့ သူ့ စိတ်ဓာတ်ကို လေးစားသွားတဲ့ Indra ဟာ Karna ကို သူ့ လှံ ပေးခဲ့ပါတယ်။

နောက်ဆုံးမှာ စစ်ဖြစ်ပြီး၊ Pandava တွေနဲ့ Kaurava တို့ တိုက်ကြပါတယ်။ Pandava ဘက်က Arjuna ဦးဆောင်ပြီး၊ Kaurava ဘက်က Karna ဦးဆောင်ပါတယ်။ Karna ဟာ အကာအကွယ်လည်း မရှိ၊ Chariot လည်း မရှိတော့ ကြားထဲ ကျိန်စာပါ မိနေခဲ့ပါတယ်။ အဲ့ချိန်မှာ Arjuna ရဲ့ မြှားချက်နဲ့ ဆုံးသွားပါတယ်။ ဆုံးသွားပေမဲ့၊ သူ့ ညီကော သူ့ အဖေကော၊ အမေကော ဘယ်သူ့ကိုမှ မနာကျဉ်းခဲ့ပါဘူး။

Karna ဟာ Fate/Apocrypha မှာ Red Faction ရဲ့ Lancer အဖြစ် ပါလာပါတယ်။ သူက ရောက်ရောက်ချင်း သူ့ Master ရဲ့ အမိန့်အရ Ruler Jeanne ကို တိုက်ဖို့ လုပ်ပေမဲ့၊ တဖက်က Black Faction က Saber Siegfried က ရောက်လာပြီး၊ ကာပေးလို့ Saber နဲ့ တိုက်ရပါတယ်။ Siegfrier ကို မြင်မြင်ချင်း သူ့ ညီ Arjuna ကို သတိရပြီး၊ အစွမ်းကုန် တိုက်ဖို့ ကတိ ပေးပေမဲ့၊ မတိုက်ရဘဲ နှစ်ဖက်လုံး တပ်ဆုတ်လိုက်ရပါတယ်။

အဲ့တာအပြီးမှာ Karna ရဲ့ တကယ့် Master ဟာ Red Faction ရဲ့ Amakusa Shirou ဆီမှာ မိနေပြီး၊ သူ့ Master ကို ကယ်ချင်လို့ ခဏတာ Amakusa ရဲ့ အမိန့်အောက်မှာ လှုပ်ရှားရပါတယ်။ အဲ့အချိန်မှာ Black Faction vs Red Faction All Out War ဖြစ်ပြီး၊ Servant တွေ အကုန် တိုက်ပြီး၊ Karna ဟာ Black Lancer Vlad နဲ့ တိုက်ရပါတယ်။ Romania Leader VladIII ဟာ ဆိုရင် သူ့ နယ်မြေမှာ ဖြစ်လို့ သူ့ အတွက် အားသာနေပြီး၊ Karna ကို အနိုင်ပိုင်းဖို့ လုပ်ပေမဲ့၊ Karna ဟာ ဘာမှတောင် မဖြစ်ဘဲ ပြန်ကြုံးလို့ Vlad က တပန်းသာနေတာတောင် တိုင်ပတ်နေခဲ့ပါတယ်။

Vlad ရဲ့ Master ဟာ Vlad တကယ့် Form ကို ထုတ်ပြီးနောက်မှာ Vlad က Vampire Form ရပြီး၊ Black Faction Red Faction ပေါင်းပြီး၊ Jeanne Support နဲ့ Vlad Dracula ကို တိုက်ရပါတယ်။

Jeanne ရဲ့ အကာအကွယ်ကြောင့်သာ နိုင်တာလို့ ပြောလို့ ရပေမဲ့၊ တကယ့် FP နဲ့ဆို Karna နိုင်မယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။

Amakusa အမိန့်အရ Karna ဟာ Black Faction ကို အမြစ်ဖြုတ်ရမှာဖြစ်ပြီး၊ ဒီ တခါ Black Faction Saber Siegfried နဲ့ မကြေပွဲ နွှဲရမှာ ဆိုပေမဲ့၊ Siegfried က သူ့ နှလုံးကို MC Sieg ဆီ ပေးလိုက်တဲ့ အတွက် Sieg နဲ့ပဲ တိုက်ရပါတယ်။

ဒါပေမဲ့၊ Sieg ဟာလည်း Siegfried 3rd Transformation ပြောင်းပြီး တိုက်လို့ Karna လည်း အားအပြည့်နဲ့ တိုက်ပါတယ်။

Combat မှာ Siegfried vs Karna မို့ သူမသာ၊ ကိုယ်မသာ ဖြစ်နေပေမဲ့၊ အဆုံးမှာ Karna ဟာ သူ Np Vasavi Shakti နဲ့ ပစ်တဲ့ အချိန်မှာ Sieg ဟာ သူ့ရဲ့ Balmung ကိုမှ Hommunclus ရဲ့ MP, Jeanne ရဲ့ Command Seal သုံးပြီး ကာပေမဲ့ ခဏသာပဲ ကာနိုင်ပြီး၊ အဆုံးမှာ Achilles ရဲ့ Achilles Cosmos နဲ့ Vasavi Shakti ကို ဖျက်သွားပြီး၊ Astolfo ရဲ့ ဓားနဲ့ သ-တ်ခဲ့တာပါ။

It took Hommunculus Mp, Jeanne’s Command Seal, Fran’s Galvanisim, Achilles’s Np and Astolfo’s Sword to Beat Karna

သူဟာ Fate/Extra ထဲမှာလည်း ပါပါတယ်။ ဒီထဲမှာတော့ သိပ် အထင်ကြီးစရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆို၊ သူ့ ဖြစ်ချက်က ဒီထဲမှာ Saber က Shirou’s Servant ဖြစ်တာထက် ဆိုးတာပါ။ Karna ရဲ့ Master ဟာ Otaku Neet စစ်စစ် Jinako ကြီး ဖြစ်နေလို့ပါ။ 3rd Rate Master ဖြစ်နေလို့ ဘာဆို ဘာမှ မလုပ်နိုင်တဲ့ အဆင့်ပါ။ ဒါပေမဲ့လည်း၊ သူ့ Master ကို သစ္စာ အရမ်းရှိပြီး၊ Moon Cell Logic အရ တယောက် နိုင်သွားရင် ကျန်တဲ့ Master တွေ ဂိမှာ သိတော့ Karna ဟာ သူ့ Master ကို Earth ဆီ ပြန်ပို့ပေးပြီး ကာကွယ်ပေးပါတယ်။ ဒီလောက် Weak နေတာတောင်မှ BB မှတ်ချက်အရ သူက Sun Buffed Gawain & Gilgamesh တို့ နဲ့ နင်လား ငါလား ဖြစ်နေပါတယ်ဆိုပဲ။

Fate/Grand Order မှာတော့ America Singularity မှာ ပါလာပါတယ်။ သူက အဲ့မှာ Cu Alter ဟာ Holy Grail နဲ့ Summon လုပ်လိုက်တဲ့ Servant အဖြစ် ပါလာပြီး၊ Ritsuka တို့ တသိုက်ကို ရှင်းဖို့ လုပ်ပါတယ်။ ဘာမှ ပြောစရာတော့ မရှိပေမဲ့၊ အထင်ကြီးစရာကတော့ သူတို့ ညီအစ်ကို နှစ်ယောက်ပါပဲ။

ဒီထဲမှာ သူ့ ညီ Arjuna လည်း ပါပြီး၊ သူတို့ ညီအစ်ကိုက ဒီထဲမှာ ထပ်တိုက်ခါနီးမှာ Cu လုပ်လို့ ပျက်သွားပါတယ်။ Cu ဟာ နောက်ကနေ Karna နှလုံးကို ထိုးပြီး၊ ဂိပြီ ထင်တဲ့ ဂိခါနီး အချိန်မှာ Cu Alter ကို တချက်ပဲ ချလိုက်တာ Cu Alter ချက်ကောင်းနဲ့ နည်းနည်းပဲ လွဲပြီး၊ ဂိလုနီးပါး ဖြစ်သွားပါတယ်။

သူ့ ညီ Arjuna ဟာဆိုရင်လည်း Edison & Tesla တို့ တိုင်ပတ်နေတဲ့ Demon God Piller တွေကို One Shot နဲ့ ဖျောက်ခဲ့တာပါ။ (အမေရိကန်မှာ သောင်းကျန်းနေသော India ညီအစ်ကိုများ)

အဲ့တာအပြီးမှာ Cheldea ဟာ Lostbelt 4 Yuga Kageshtra ဆီရောက်ပြီး၊ အဲ့မှာ Servant Summon တာ Karna နဲ့ Rama ရောက်ခဲ့ပါတယ်။

သူတို့ဟာ အေးဆေးသွားနေရင်း အဲ့ Lostbelt ဘုရင်နဲ့ တော်တော် အစောကြီး တွေ့ပါတယ်။ အဲ့ ဘုရင်ကတော့ တခြားသူ မဟုတ်ဘဲ၊ သူ့ ညီ Arjuna ပါပဲ။

ဒီမှာတော့ Arjuna Alter ပေါ့။ God Arjuna လို့ ခေါ်လို့ ရပါတယ်။ ဒီ Lb ဖြစ်ရချင်းကတော့ Mahabaratha မှာ Karna ကို သ-တ်ပြီးမှာ Arjuna ဟာ ဖောက်ပြီး ရှိသမျှ နတ်တွေကို သ-တ်၊ Absorb ပြီး God Arjuna ဖြစ်တာပါ။ (နတ်တွေပါပဲ၊ God တွေမပါပါဘူး။ Ordeal Call မှာ Kali ပါလို့ သိတာ)

အဲ့မှာ Godjuna နဲ့ Karna တို့ တွေ့ပေမဲ့၊ Arjuna ဟာ Karna ကို နည်းနည်းတောင် မမှတ်မိပါဘူး။ အစ်ကို ဖြစ်သူကို မမှတ်မိလို့ ဒေါကန်သွားတဲ့ Karna က သွား တိုက်ပေမဲ့၊ Godjuna ကို ဘာ Damage မှ မပေးနိုင်တဲ့ အပြင် Rama ဆို Np ပါ သုံးပေမဲ့၊ ထိတောင် မထိပါဘူး။

အဲ့မှာ Godjuna ဟာ သူ့ Np Mahapralya ကို လုပ်တဲ့ အချိန်မှာ Cheldea ဟာ ခွေးပြေး၊ နွားပြေး ပြေးပေမဲ့၊ အချိန်မမှီလို့ Karna ဟာ သူ့ Armor Kavacha & Kundala ကို သုံးပြီး ကာတာ အချိန်လေး ခဏသာရပေမဲ့၊ Cheldea ပြေးသွားပါတယ်။

Karna ကတော့ Void ထဲ ပျောက်သွားတယ်။ Mahapralya ဟာ Lostbelt တခုလုံးကို ဖျက်စီး ပြီးရင် ပြန်ဖန်တီးတာပါ။ အဲ့ချိန်အတွင်းမှာ ခဏသာ Void ထဲ ရောက်သွားတာပါ။

အဲ့ချိန်မှာ Cheldea ကို အကူအညီ ပေးဖို့ ရောက်လာတာက Crypter Peperonchino ပါပဲ။ သူ့ Servant ကတော့ Karna & Arjuna တို့ရဲ့ သူငယ်ချင်းလို့ ပြောလို့ ရတဲ့ Ashwathaman ပါ။

Ash ဟာ တကယ်က ဒီ LB ကို ရောက်ရောက်ချင်း Godjuna ကို မြင်မြင်ချင်း တိုက်ပေမဲ့၊ နိုင်ကို မနိုင်ပါဘူး။ ဘယ်နှစ်ကြိမ် တိုက်တိုက် မနိုင်ပါဘူး။ အဆုံးမှာ Ash ဟာ သူ့ Master ကို ကယ်ချင်လို့ Godjuna ရဲ့ Servant လုပ်လိုက်ပြီး၊ Godjuna လက်အောက်မှာ နေပါတယ်။

အဲ့တာအပြီးမှာ အခြေအနေကောင်းတော့ သူက ထပုန်ကန်ပြီး၊ ဂိပြီး သူပါ Void ထဲရောက်သွားပါတယ်။ အဲ့တာ ကောင်းတယ် ပြောလို့ ရပြီး၊ Void ထဲ ရောက်တာ ဂိတာ မဟုတ်ပါဘူး။

အဲ့မှာ Ash ဟာ Karna နဲ့ တွေ့ပြီး Karna Godjuna ကို နိုင်ဖို့ သူ့ အစွမ်း ပေးလိုက်ပါတယ်။ တကယ်က Ashwathaman ဟာ Shiva ရဲ့ တစိတ်တပိုင်း ဖြစ်လို့ အခုလို နတ်တွေ Absorb ထားတဲ့ Godjuna ကို ယှဉ်ဖို့ဆို Shiva အစွမ်း 1% လည်း လုံလောက်တယ် ထင်ပြီး ပေးလိုက်ချိန်မှာ Karna ဟာ Super Karna ဖြစ်ပြီး၊ Shiva အစွမ်း ရသွားပါတယ်။

ပြီးတော့၊ Void ထဲကနေ ထွက်ပြီး၊ Karna ဟာ Cheldea Team နဲ့ တွေ့ပြီးမှာ ဒဏ်ရာ ရနေတဲ့ Rama ဟာလည်း Godjuna နဲ့ တိုက်နိုင်အောင် သူ့ အစွမ်းတွေ ပေးလိုက်ပါတယ်။ Rama ဟာ Vishnu Reincarnation ဖြစ်လို့ Rama အစွမ်းကို ရတာဟာ Vishnu အစွမ်းကို ရတာနဲ့ တူပါတယ်။ အဲ့မှာ Shiva & Vishnu အစွမ်းကို ရလို့ Karna ဟာ နဂိုထက် ပို အစွမ်း ထက်ပြီး Godjuna နဲ့ ရင်ဆိုင်နိုင်ပါတယ်။

အဲ့ အချိန်မှာ လူတွေရဲ့ ယုံကြည်မှု ပျောက်သွားလို့ အရင်လို မသန်မာတော့တဲ့အပြင် Ash မပျောက်ခင် ပေးခဲ့တဲ့ ကျိန်စာနဲ့ Godjuna ဟာ Karna ကို မှတ်မိလာပြီး တိုက်ပါတယ်။ အဆုံးမှာတော့ Godjuna ရှုံးသွားပြီး ဂိသွားပါတယ်။ Karna လည်း Rama နဲ့ Ash ကို အစွမ်းတွေ ပြန်ပေးရင်း ဂိသွားပါတယ်။

Karna ဟာ Np အနေနဲ့ Kavancha and Kundala, Vasavi Shakti, Brahmastra & Brahmastra Kundala တို့ကို ပိုင်ထားပါတယ်။ Kavancha and Kundala ကတော့ Shield လို ဖြစ်ပြီး၊ ဘာနဲ့မှ Damage ပေးလို့ မရပါဘူး။ Apocrypha မှာ Siegfried Balmung ကို ကာသွားသလို၊ Godjuna ရဲ့ Mahapralya ကိုလည်း ခဏသာ ကာနိုင်တဲ့ အထိ Resistance မြင့်ပါတယ်။

Brahmastra Kundala ဟာဆိုရင်လည်း Kavancha and Kundala လိုမျိုး Rank တူတဲ့ Np ဖြစ်ပြီး၊ သူက ပြောရရင် မျက်လုံးက လေဆာပစ်တာပေါ့။

Vasavi Shakti ကတော့ Karna ရဲ့ အသန်အမာဆုံး Np ဖြစ်ပြီး၊ သူက Indra ကိုယ်တိုင် သေချာ မသုံးရဲတဲ့ လက်နက်ကို သုံးတာပါ။ နေအစွမ်းကို သုံးပြီး ပစ်တာ ဖြစ်ပြီးတော့၊ တယောက်ကို ချိန်ရင် အဲ့ တယောက်က ဂိကို ဂိပါတယ်။ Human, God ဘာပဲဖြစ်နေပါစေ ဂိပါတယ်။

Karna ဟာ Skill အနေနဲ့တော့ CQC မှာ တကယ် ကျွမ်းကျင်တဲ့ သူရဲကောင်း ဖြစ်ပြီး၊ God Realm ကို Skill Only နဲ့ ရောက်သူပါ။ သိရသလောက် Inshun, Li Shwen, Kojiro, Musashi & Munenori တို့လောက်ပဲ ရောက်ပါသေးတယ်။

ဒါပေမဲ့၊ Archery မှာတော့ သူက အကျွမ်းကျင်ဆုံးပါ။ True Class ဆိုရင် Archer ပဲ သေချာပါတယ်။ But, လှံရေးမှာလည်း Top 10 က မကျပါဘူး။

Karna ဟာ Apocrypha ရဲ့ Strongest Servant ဖြစ်ပြီး၊ America Singularity မှာလည်း Strongest ဖြစ်ပါတယ်။ Cu Alter နိုင်တာ ဘာအထင်ကြီးစရာရှိလဲဆို သူ့ ညီ Arjuna ကို Scathach က နိုင်သွားပြီး၊ အဲ့ Scathach ကို Cu က နိုင်သွားတာပါ။ အဲ့တော့ စဉ်းစားပေါ့။

Karna ဟာ Master အတွက်ဆို ဘာမဆို လုပ်ပေးတတ်တဲ့ Servant ဖြစ်ပြီး၊ တကယ် Loyal ဖြစ်ပါတယ်။ အသက်ပါ ပေးဖို့လည်း Ready ဖြစ်ပါတယ်။ တခါမှ မမြင်ဖူးတဲ့ Master အတွက်တောင် ဂိပေးဖို့ Ready ဖြစ်ခဲ့တာပါ။

Karna ဟာ လောလောဆယ် F/GO မှာ Lancer နဲ့ Saber အနေနဲ့ နှစ်မျိုးရှိပါတယ်။ Saber ပီပီ ဓား မသုံးပါဘူး၊ ထိုးတာပါ လက်သီးနဲ့။

အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူး။