By Zayar Phyo

အိမ်း… ညိုကီတို့ မင်းတို့ Sakura နဲ့ Myne ကို မုန်းတယ်ဆိုရင် တကယ်လို့ သူတို့လို လူမျိုးတွေ အကုန် ပေါင်းစပ်ထားတဲ့ စော်ဆိုရင်ကော ဘယ်လိုနေမလဲ။

ဟုတ်ပါတယ်။ အဲ့ စော်က Aurora ဆိုတဲ့ F/GO ထဲက Character ပါ။


Aurora ဟာ F/GO Britain Lostbelt Avalon le Fae မှာ ပါလာတဲ့ Character ဖြစ်ပြီး၊ လက်ရှိအချိန်အထိ Fandom ကြီး တစ်ခုလုံးက Gဝblin Cave ထဲ ထည့်သွင်းပေးချင်တဲ့ တဦးတည်းသော ကောင်မ ဖြစ်ပါတယ်။

Aurora ဟာ Britain Lostbelt မှာ ပါလာပြီး၊ အစမှာ ပြည်သူ့ အချစ်တော် ဘုရင်မ ပါ။ လူတိုင်းကို ချစ်ခင်၊ လေးစားတတ်၊ အလှတရား၊ အရာရာနဲ့ ပြီးပြည့်စုံပြီး၊ သနား၊ ကြင်နာတတ်ပါတယ်။

နတ်သမီး Clan လို့ ပြောလို့တောင် ရတယ်။ အပန်းရောင် တောင်ပံ၊ ရွှေဝါရောင် ဆံနွယ်တို့ဖြင့် တကယ် လှပလွန်းတယ်။

မင်းသားတို့ အဖွဲ့ဟာ အဲ့ မြို့ကို ရောက်လာတာနဲ့ သူတို့ကို အစစအရာရာ ပြုစုပေးပြီး တကယ် ငြင်သာစွာ ဆက်ဆံပေး လို့ စစချင်းမှာ Love at First Sight Character လို့ ပြောလည်း မမှားပါဘူး။

ဒါတင်ဘယ်ကမလဲ။ သူဟာ Albion လက်သည်းကနေ မွေးလာတဲ့ Melusine ကို ပုပ်နေတဲ့ ရွှံ့ အရိုးတွေထဲ ဆင်းကယ်ပြီး၊ Melusine လို့ နာမည် မှည့်ပေးပါတယ်။

အများက သခင်မလို လှပသူ အနေနဲ့၊ အဲ့လို ညစ်ပတ်တဲ့သူ အနား မသွားသင့်ဘူး ဆိုတဲ့ အချိန်မှာ အများ စကားကို ဂရုမစိုက်ဘဲ၊ Melusine ကို ကယ်ပြီး၊ ပြုစုပေးခဲ့ပါတယ်။

ဒီ စကားလုံးတွေ မြင်တော့ “ဟာ… ဒီစော်လေး မဆိုးဘူး၊ အတော် စိတ်ကောင်း ရှိတာပဲ၊ ဘာညာ” ထင်မှာပေါ့။ မထင်ပါနဲ့… ဇာတ်လမ်းက ဒီမှာ စပါပြီ။

သူ့မှာ Coral ဆိုတဲ့ Maid လေး ရှိတယ်။ သူကလည်း Aurora ကို အတော် သစ္စာ ရှိတယ်။ ဘာမှ အာမခံရဲဘူး။ တစ်နေ့မယ်၊ နည်းနည်းလေး အာခံမိတဲ့ အချိန် အဲ့မှာ စရိုက်က စပေါ်လာပါပြီ။

“နင် အတော် စကား ကြွယ်တာပဲနော့၊ သတိထား ပြောပေါ့၊ နင့် အရှေ့က Maid ဘာဖြစ်သွားလဲ သိတယ်မလား” ဆိုပြီး ခြိမ်းခြောက်သည့် လေသံဖြင့် ပြောပါတယ်။

ဘာကြောင့်လဲဆို၊ သူ့ အရှေ့က Maid ကို Aurora က ပေါက်ဖက်ပြောင်း၊ တက်နင်းပြီး သ-တ်ပစ်တာပါ။ သူ့ကို အာခံရင်ကို သ-တ်ပစ်တာပါ။

ဒီလိုနဲ့ ဒီကောင်မဟာ “ဖာသည်မ” ဖြစ်ကြောင်း ပေါ်လာတဲ့ အခန်းကတော့ လာပါပြီ ခင်ဗျာ။

Woodwose ဆိုတဲ့ ဘဲပါ။ ဒီကောင်က Percival လုပ်လို့ တိုက်ပွဲမှာ နာပြီး၊ Baobath Sith ဟာ သူ့ နှလုံးကို ဆွဲ ထုတ်ပြီး၊ Beryl Guts ကို ကျွေးလိုက်လို့ ခွေးမသာကောင် ဖြစ်သွားပါတယ်။ အဲ့ အချိန်မှာ မသာ ဖြစ်နေတဲ့ Beryl ကို Aurora ဟာ ဆေးထထိုးပါတယ်။

သူ Percival စစ်မှာ တိုက်ပွဲ မကျခင် စစ်ကူ တောင်းပေမဲ့၊ စစ်ကူက ရောက်မလာပါဘူး။ အဲ့တာအပြင်၊ သူတို့ Fang အုပ်ကို အစတည်းက သ-တ်ဖို့ Plan ချပြီးသား၊ ဘာညာနဲ့ ဆေးထိုးပါတယ်။ Woodwose ဟာ Aurora ကို တစ်ဖက်သတ် ချစ်နေတာ ဆိုပေမဲ့၊ Morgan အပေါ် Loyalty ကတော့ မပြောင်းပါဘူး။

ဒါပေမဲ့၊ အဲ့လို စကာလုံး အခါးကြီးတွေ ကြားပြီးမှာတော့ Woodwose တကောင် စိတ်ထဖောက်ပြီး၊ သူ သစ္စာ ရှိခဲ့ရတဲ့ ဘုရင်မ က သူ့ကို အခုလို သစ္စာ ဖောက်ရ ကောင်းမလား ဆိုပြီး ဒေါကန်ပြီး သ-တ်ဖို့ လုပ်ပါတယ်။

တကယ်က Morgan က အဲ့လို တခုမှ မလုပ်ပါဘူး။ Morgan ဟာ စစ်ကူ လွှတ်လိုက်ပါတယ်၊ အဲ့ စစ်ကူ မရောက်လာတာက Aurora နဲ့ ကြိုတင် ပူပေါင်းထားတဲ့ Vortigern လုပ်လို့ပါ။ သူက အကုန် သ-တ်လိုက်တာပါ။ ဘာမှ Fang တွေကို သ-တ်ဖို့ မလုပ်ပါဘူး။ အဲ့တာ လုပ်တာ Muryan ပါ။ အဲ့တာလည်း နောက်မှပါ။

ဒါပေမဲ့၊ ဂိခါနီးစိတ်နဲ့ ဆေးထိုးခံရတဲ့အခါ Woodwose က ယုံသွားပြီး၊ ပုလ္လင်ပေါ်မှာ ထိုင်နေတဲ့ Morgan ကို သ-တ်ဖို့ ကြိုးစားပါတယ်။ ဟိုက ဘာမှ မလုပ်တဲ့ အပြင်၊ အေးဆေးနေတော့ Woodwose ဟာ သူ အလိမ်ခံရတာ သိပြီး၊ ကြေကွဲပြီး ဂိသွားပါတယ်။

ဒါပဲလားဆို မဟုတ်ပါဘူး။ Aurora ဟာ Morgan ကို ဖြုတ်ဖို့ ဂိခါနီး ဖြစ်နေတဲ့ သူ့ မွေးစားသမီးကိုပါ ဓားစာခံ လုပ်ပါတယ်။ သူ့ သမီးကို မြင်တဲ့ အချိန်မှာ Morgan က ဘာမှမလုပ်တော့ဘဲ ငြိမ်နေပြီး၊ Fairy တွေဟာ Morgan ကို ထ သ-တ်ပါတယ်။ အပိုင်းပိုင်း ခုတ်ထစ်ပြီးကို သ-တ်ပစ်ကြတာပါ။

အဲ့တာတွေ အကုန် သူ့ မွေးစားသမီး Baobath Sith အရှေ့မှာ လုပ်တာပါ။ ပြီးတော့၊ Sith ကို Cernunos ကို Seal ထားတဲ့ တွင်းပေါက်ကြီးထဲ ပစ်လိုက်ပြီး၊ သ-တ်လိုက်ပါတယ် (ကိုယ့် ဂိတွင်း ကိုယ် တူးတာ)

အဲ့တာပြီးတော့၊ ခုဏက Coral ဆိုတဲ့ ကောင်မလေးက Aurora သရုပ်မှန်ကို သိပြီး ဖျောင်းဖျပေမဲ့၊ ပေါက်ဖက် ပြောင်းပြီး၊ နင်းသ-တ်ခံလိုက်ရပါတယ်။ တဖက်ခြမ်းမှာလည်း Knoc A Raih ဟာ Morgan ဂိလို့ သူက Next Queen ဖြစ်ဖို့ ပွဲတော် ကျင်းပနေချိန် Knoc A Raih ကို အဆိပ် တိုက် သ-တ်လိုက်ပါတယ်။

အဲ့တာကလည်း Knoc A Raih ရဲ့ လက်အောက်က လူတွေကို ဆေးထိုးပြီး လုပ်တာပါ။ အဲ့မှာ Knoc A Raih ဂိတော့ ဘုရင်မ ကလည်း မရှိတော့ပါဘူး။

ဗလောင်းဗလဲ ဖြစ်နေတဲ့ အချိန်မှာ ထလာပါပြီ။ Calamity တွေ၊ Fairy တွေဟာ Mor တွေ ဖြစ်ပြီး၊ သောင်းကျန်းနေပါပြီ။

အဲ့ထဲမှာ အကြီးမားဆုံး Calamity သုံးခုက စပါတော့မယ်။ အဲ့ချိန်မှာ Aurora ဟာ ဒီ LB ကို ပျက်ဆီးစေချင်ပြီး၊ သူ့ Plan ကတော့ Proper Human History ကို သွားပြီး၊ ဒီက Fairy တွေနဲ့ အဲ့မှာ အုပ်စိုးမှာပါ။ Morgan က LB ကို ကယ်ဖို့ ကြိုးစားနေလို့ Morgan ကို သ-တ်တာ ဖြစ်ပြီး၊ Knoc A Raih ကို သ-တ်တာတော့ ကိုယ်တိုင်လည်း မသိဘူး။ သူ့ အတွက် Human တွေက လောက်သာသာ၊ စားစရာသာသာပါ။

Proper Human History မှာလည်း ဒီလို Fairy တွေသာ အရာရာ ဆိုတာမျိုး လုပ်ချင်တာပါ။ အဲ့တာဆို Melusine ကို ပြောတဲ့ အချိန်မှာ သူကလည်း သူ ချစ်ရတဲ့ Aurora ကို အဲ့လို မကောင်းဆိုးဝါး ဖြစ်တာကို မကြည့်ရက်လို့ သ-တ်လိုက်ပါတယ်။

ပြီးတော့၊ သူလည်း Calamity သုံးခုထဲက တခုဖြစ်ပြီး၊ Albion Form နဲ့ လိုက် ဖျက်ဆီးပါတယ်။

နောက် တခုက Black Dog ဖြစ်ပြီး၊ သူက Barghest ပါ။

နောက်ဆုံးကတော့ Cernunos ပါ။

ကဲ… အဲ့လို LB - 6 နောက်ကွယ်က တရားခံကြီးကို ချစ်ကြပါသလား ပရိသတ်တို့ရေ။