ကျွန်တော်တို့ Nasuverse ရဲ့ power system တွေဟာ တစ်ကယ့်​​ကိုရှုပ်ထွေးလွန်းလှပါတယ်။Supernatural power တွေအများကြီးရှိတဲ့အလျှောက် Magecraft ကတော့ အသုံးအများဆုံးဖြစ်သလိုအရှုပ်ထွေးဆုံးဆိုလဲမမှားပါဘူး။ ဒါတောင် နတ်ဘုရားတို့ခေတ်က Magecraft နဲ့မျက်မှောက်ခေတ်က Magecraft ကမတူကြပါဘူး။ အဲ့တာကိုမှ True Magic ဆိုတဲ့ Omnipotent မှော်လဲရှိပါသေးတယ်။ Devine power နဲ့ Fae တွေရဲ့ Magic တွေလဲကျန်သေးတယ်။ ဒါပေမဲ့ Nasuverse မှာ အဲ့တာတွေနဲ့မတူပဲထူးခြားနေတဲ့ နောက်ထပ် power တစ်မျိုးကျန်ပါသေးတယ်။ အဲ့တာတွေကတော့ ရှုပ်ထွေးလှတဲ့ Magecraft ဆိုတဲ့သစ်ပင်ကြီးရဲ့အကိုင်းအခက်တစ်ခုဖြစ်တဲ့ Mystic eye တွေပါပဲ။ အဲ့​တော့ Mystic eyes ဆိုတာဘာလဲ ဘယ်လိုမျိုးအလုပ်လုပ်သလဲ ဆိုတာကို ရှင်းခန်းဖွင့်ကြည့်ပါမယ်။ Mystic eyes ဆိုတာက ကိုယ့်အမြင်အာရုံအပေါ်မူတည်ပြီး မိမိပတ်ဝန်းကျင်ကိုသက်ရောက်စေတဲ့ ထူးခြားသဘာဝလွန်အစွမ်းတစ်မျိုးပဲဖြစ်ပါတယ်။ အဲ့ဒီ Mystic eyes တွေဘယ်ကစသလဲဆိုရင် သူတို့က သဘာဝလွန်ကိစ္စရပ်တွေထဲအရှုပ်ဆုံးဖြစ်တဲ့ magecraft ရဲ့ ပထမဆုံးပုံစံလို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ အာရုံငါးပါးမှာ Magecraft အတွက်အရေးပါဆုံး သတင်းအချက်လက်ကိုရရှိဖို့မျက်လုံးကအကျိုးအရှိဆုံးနဲ့အရေးအကြီးဆုံး အရာဖြစ်လို့ပါ။ ထိုမျက်လုံးတွေကို ပိုင်ဆိုင်ဖို့က သင်ယူလို့ရသလို အစားထိုးလို့လည်းရပါတယ်(ဝယ်ပြီးကိုယ့်မျက်လုံးနဲ့အစားထိုးရတာပါ) ဒါပေမဲ့ အဲ့တာတွေက မွေးကတည်းကပါလာတဲ့သူတွေကိုတော့မမှီဘူးပေါ့။ မွေးကတည်းကပါလာတဲ့ Mystic eyes ကတော့ အလွန့်အလွန်ကိုရှားပါးတဲ့အပြင် တစ်ချို့ဆိုရင် ကံတရားကိုပါပြောင်းလဲနိုင်တဲ့အထိစွမ်းအားကြီးမားတယ်လို့လဲဖော်ပြထားပါတယ်။(ဥပမာ-Solomon,Gilgamesh,Merlin တို့ဟာဆိုရင် အချိန်နဲ့ပတ်သတ်တာအပြင် အရာအားလုံးကိုထိုးထွင်းမြင်ရတဲ့ special Mystic eye(Clairvoyance)ကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့်လဲ သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး ကံတရားဟာအကြီးအကျယ်ပြောင်းလဲနိုင်ပါတယ်) ထိုမျက်လုံးတွေကိုအဆင့်အတန်းမြင့် Dead Apostle တွေနဲ့ Magus တွေသာအများဆုံးပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ အဲ့လိုနည်းတွေမလိုက်ပဲ ကိုယ်တိုင်မတော်တဆသိမြင်နားလည်ပြီး Mystic eyes ရရှိခဲ့တဲ့သူတွေလဲရှိပါတယ်။(Ryougi Shiki နဲ့ Tohno Shiki တို့ဆိုသေခြင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး အဲ့တာနဲ့ပတ်သတ်တဲ့ မျက်လုံးတွေကိုရရှိခဲ့ပါတယ်) နောက်ပြီး KNK က Asagami Fujino ဆိုရင်လည်းသူ့မိသားစုရဲ့စိတ်စွမ်းအားကိုတော်တော်မြင့်တဲ့levelထိ ရောက်ကုန်လို့ သူမမှာ စိတ်စွမ်းအားနဲ့ဆိုင်တဲ့ Mystic eye ကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါအပြင် Mystic eye တွေရဲ့ effect ကိုဖယ်ရှားနိုင်တဲ့မျက်မှန်တွေလဲရှိပါသေးတယ်။ သူတို့ကို Mystic eye user တွေကိုယ်တိုင် ဒါမှမဟုတ် သူတို့နဲ့တွေ့ထိနေရတဲ့သူတွေကဝတ်ဆင်ကြပါတယ်။ နောက်ပြီး Earth ကိုယ်တိုင်ကလည်း သက်ရှိထင်ရှားရှိနေတဲ့ Celestial being တစ်ကောင်ဖြစ်တာကြောင့် သူမှာလဲ Mystic Eye ရှိပါတယ်။အဲ့မျက်လုံးကိုတော့ Hoshi no Megan လို့ခေါ်ပါတယ်။ကြယ်တစ်စင်းရဲ့မျက်လုံးလို့အဓိပ္ပါယ်ရပေမဲ့ Nasu က Earth ကိုခေါ်ဝေါ်သုံးနှုန်းတဲ့အခါမှာ ‘Hoshi’ လို့ပဲသုံးနှုန်းလေ့ရှိတာကြောင့် ကမ္ဘာ့မျက်လုံးလို့လည်းအဓိပ္ပါယ်ရပါတယ်။Mystic eye တွေမှာလည်း Clock tower ကသတ်မှတ်ပေးထားတဲ့ Rank တွေရှိကြပါတယ်။ ထို Ranking system ကို Noble color လို့ခေါ်ပါတယ်။အရောင်တစ်ရောင်ခြင်း အနီဒါမှမဟုတ်အစိမ်း တောက်နေတဲ့မျက်လုံးကိုတော့ သာမာန်အဆင့် (normal-rank) လို့သတ်မှတ်ထားပြီး ရွှေဝါရောင်တောက်ပနေတဲ့မျက်လုံးကို​တော့အစွမ်းထက်တဲ့မျက်လုံး (Gold-rank) လို့သတ်မှတ်ထားကြပါတယ်။ အဲ့ထက်ပိုမြင့်ထက်တဲ့အဆင့်ကတော့ ရောင်စုံတောက်နေတဲ့မျက်လုံးတွေပါပဲ သူတို့ကိုတော့ (Rainbow or Jewels rank) ဆို​ပြီးသတ်မှတ်ထားကြပါတယ်။ Rainbow rank Mystic eyes တွေကအစွမ်းကြီးဆုံးဖြစ်ကြသလို အရှားပါးဆုံးလဲဖြစ်ကြပါတယ် အခုဒီ Post မှာတော့ Mystic eyes user တွေနဲ့ အမျိုးအစားအနည်းငယ်ကိုပြောပြသွားမှာပါ။

{ Mystic eyes များရောင်းဝယ်သည့်ရထားကြီး Rail Zeppelin }

Mystic eyes ကစွမ်းအားကြီးကြပေမဲ့ Mage တွေကတော့ထုံးစံအတိုင်းလူလည်ကြီးသားသမီးတွေဆိုတော့Mystic eyes ရောင်းဝယ်ရေးပါလုပ်ကုန်ကြပါတယ်။ ထိုမျက်လုံးတွေကိုရောင်းဝယ်တဲ့ကြနေရာကတော့ Mystic eye တွေကိုစုဆောင်းတဲ့ရထားကြီး Rail Zeppelin ပါပဲ။ ထိုရထားရဲ့မူလပိုင်ရှင်ကတော့ Rita Rozay-en ဆိုတဲ့ Dead Apostle Ancestor တစ်ယောက်ပါပဲ။ ဘယ်လောက်ပဲ Dead Apostle Ancestor ဖြစ်စေအုံးတော့ Aozaki တွေကတော့မမူပါဘူး အဲ့တော့ Aozaki မိသားစုရဲ့သမီးအကြီးဆုံး Touko ဗျင်းထည့်လိုက်တာ Dead Apostle Ancestor ကြီးလဲ ရထားမှာကပ်နေတဲ့သရဲလေးသာသာအဖြစ်ပဲကျန်ပါတော့တယ်။ (Aozaki မိသားစုကတော့သွားရှုပ်လို့ကိုမရတာ True Magic ပိုင်တဲ့ Aoko ကိုတောင်မိသားစုထဲအ weak ဆုံးတဲ့ဆိုပဲ) နောက်ပိုင်းတော့ အဲ့ဒီရထားကိုMageတွေကပြန်လည် ပြုပြင်ပြီးပြေးဆွဲခဲ့ပါတယ်။ ဒီရထားအကြောင်းကိုတော့ Lord El Melloi II ဆိုတဲ့ Serie မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ { Fae eyes }

ဒီမျက်လုံးတွေကိုတော့ High Rank Fairy တွေသာပိုင်ဆိုင်ထားပါတယ်။ ဒီမျက်လုံးကြတော့ Fairy တွေပဲသီးသန့်ပိုင်ဆိုင်တဲ့မျက်လုံးဖြစ်ပြီး အလိမ်တွေကိုမြင်နိုင်စွမ်းရှိပါတယ်။ အလိမ်တွေကိုမြင်နိုင်စွမ်းရှိရုံမက အမှန်တရားကိုပါဖော်ထုတ်နိုင်ပါသေးတယ်။ ဒီမျက်လုံးတွေက Ranking ထဲမပါတဲ့ Special eyes တစ်မျိုးပါ။ (မျက်လုံးအစွမ်းလို့ပြောပြီး နားကပါကြားနေရတယ်ဆိုတာကတော့သောက်ဆန်းကြီး။ တစ်ယောက်ကလိမ်နေရင်လိမ်နေတာမြင်ရပေမဲ့ အမှန်တရားကြ ကြားနေရတာကြီးလေ စာနဲ့ရေးပြနေတာလဲမဟုတ်) အဲ့ဒီမျက်လုံးပိုင်ဆိုင်သူတွေကတော့

  • Caster Altria
  • Morgan/Aesc The Savior
  • Habetrot
  • Oberon Vortigren တို့ပဲဖြစ်ပါတယ်။ Altria ဆိုအဲ့မျက်လုံးကြောင့်ပဲသူ့ဘဝက တော်တော်လေးကိုကြေကွဲဖို့ကောင်းခဲ့ပါတယ်။ အသတ်ခံရမှာစိုးလို့ကိုယ့်ရဲ့အဖိုးလိုလူကိုတောင်ပြန်သတ်ဖို့လုပ်ခိုင်းနေတာကို အပြုံးလေးနဲ့လက်ခံခဲ့ရတဲ့အထိပါပဲ။ Morgan ကတော့ Altria လိုမျိုးမဟုတ်ပဲ အလိမ်တွေကိုလက်မခံနိုင်တာကြောင့်အထူးမျက်မှန်တစ်ခုလုပ်ပြီးတပ်ထားကာမမြင်ရအောင်လုပ်ထားခဲ့ပါတယ်။ { Clairvoyance }

ဒီမျက်လုံးကလဲ Ranking ထဲမပါဝင်တဲ့ Special eye အမျိုးအစားပဲဖြစ်ပါတယ်။ ဒီမျက်လုံးရဲ့အစွမ်းကပြောရရင်အကြားအမြင်လို့ပြောလို့ရပါတယ်။ သိပ်ပြီးမကြီးကျယ်သလိုထင်ရပေမဲ့ Rank မြင့်လေပိုပြီးကြောက်ဖို့ကောင်းလေပါ။ ဒီမျက်လုံးကထောက်လှမ်းရေးမှာတော်တော်အသုံးဝင်ပါတယ် အဲ့တော့ Archer တိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့မျက်လုံးပါ။(သူတို့အတွက်တော့ Skill ဖြစ်သွားပြီပေါ့) Archer တွေအသုံးတွင်ကြပေမဲ့ Rank EX ရောက်သွားတာ Caster တွေကြီးပါပဲ။ Rank အမြင့်ဆုံးဖြစ်တဲ့ EX rank ရောက်သွားရင် ပိုင်ဆိုင်သူက Grand Caster တန်းဖြစ်နိုင်ပါတယ် ထိုအပြင် အချိန်ကာလကိုပါအပြည့်အဝထောက်လှမ်းနိုင်ပါတယ်။ များကြီးရှိပါတယ်။ ဒါပေမဲ့ EX rank ကတော့လောလောဆယ်သုံးယောက်ပဲရှိပါတယ်။

  • Merlin
  • Gilgamesh
  • Solomon တို့ပါပဲ။

Gigamesh-သူက အနာဂတ်ကိုအလုံးစွန်ထိမြင်နိုင်စွမ်းရှိပြီးတော့ သူမမြင်နိုင်တဲ့အနာဂတ်ဆိုတာက မရှိသလောက်ကိုရှားပါတယ်။ (ဒါပေမဲ့ ဖြစ်နိုင်ခြေတွေကိုကျော်လွန်သွားတဲ့အခါသူကိုယ်တိုင်တောင်မမြင်ရတော့ပါဘူး။ ဥပမာ Tiamat နဲ့ Battle ရဲ့အဆုံးသတ်ကို ကြိုမမြင်နိုင်ခဲ့ပါဘူး။)

Merlin-သူကတော့ ပစ္စုပ္ပန်ကိုမြင်ရပါတယ်။ ပစ္စုပ္ပန်မှာ ဖြစ်သမျှအရာအားလုံးသူ့မျက်စိအောက်ကမလွတ်ပါဘူး။ ဒါက သူ့ကမ္ဘာတင်ပဲမဟုတ် တစ်ခြားအပြိုင်ကမ္ဘာတွေထိမြင်နိုင်ပါတယ်။ ဒါပေမဲ့ နွားကဒိုင်မေးရှင်းအမြင့်မှာပိတ်မိနေတာဆို​တော့ အနာဂတ်ကောအတိတ်ပါမြင်နိုင်ပါတယ်။

Solomon-သူကတော့ အတိတ်နဲ့အနာဂတ်ကိုမြင်နိုင်ပါတယ်။ ထိုမျက်လုံးတွေနဲ့ လူသားတွေရဲ့ ဒုက္ခဆင်းရဲ့ကို မြင်ပေမဲ့ အကူအညီပေးဖို့ ဘာမှမဆောင်ရွက်ဘဲ ပြုံးပြုံးလေးကြည့်နေလို့ Goetia ကတော့သူ့ကိုအသေမုန်းပါတယ်။ { Cybele }

Mystic Eyes of Petrification လို့လဲခေါ်ဝေါ်ကြပြီး Medusa ပိုင်ဆိုင်တဲ့ မျက်လုံးအမျိုးအစားဖြစ်ပြီး သူနဲ့မျက်လုံးချင်းဆုံမိသူတိုင်းကိုကျောက်ရုပ်ဖြစ်စေတဲ့အမျိုးအစားပါ။ ဒီမျက်လုံးတွေဟာ Hero Perseus ကိုတော်တော်ဒုက္ခတွေ့စေခဲ့တဲ့မျက်လုံးတွေပါ။ Rank-A+ ဖြစ်ပြီးတော့ Magecraft နဲ့အစားထိုးလို့မရတဲ့မျက်လုံးမျိုးပါ။သူတို့ Jewel rank အောက်မှာရှိနေမဲ့ Gold rank ထက်မြင့်ပါတယ်။ ဒီမျက်လုံးကိုရရှိခဲ့ပုံကတော့ Athena ရဲ့ကျိန်စာကြောင့်ပဲဖစ်ပါတယ်။ Athena ရဲ့ကျိန်စာအကြောင်းတွေးရရင် သူ့မှာဘာကြောင့်အဲ့လိုကျိန်စာတိုက်ရသလဲဆိုတာအကြောင်းအရင်ရေရေရာရာမရှိပါဘူး။ တစ်ချို့က Athena က Medusa ရဲ့အလှကိုမနာလိုဖြစ်လို့ပြောကြသလို အချို့ကတော့ သူ့ရဲ့ Sexu@l နဲ့သတ်ဆိုင်တာကိုဘုရားကျောင်းဆောင်မှာကျူးလွန်မိလို့ဆိုပြီးပြောကြပါတယ်။ ဖြစ်ပုံကတော့ Poseidon တစ်ယောက်ယီးသရမ်းရင်းကစတာပါ။ Medusa ကိုလိုက်တာ ဟိုကဘုရားကျောင်းအပျိုစင်ဆိုတော့ လက်မခံပဲနေကော။အဲ့တာနဲ့မရရတာကြံပြီး Grape ဖို့ကြိုးစားပါလေတယ်။ Medusa ကလဲကြောက်လန့်တကြားနဲ့ အကူအညီရလိုရ​ငြား Athena ဘုရားကျောင်းဆောင်ထဲဝင်ပုန်းပါလေတယ်။ဖြစ်ချင်တော့ Poseidon ကလက်မလျှော့တဲ့အပြင် ဘုရားကျောင်းဆောင်ထဲထိဝင်ပြီး Grape လိုက်ပါတယ်။Athena ကလည်း သူ့ကျောင်းဆောင်ကိုညစ်ညမ်းစေရသလားဆိုပြီး Medusa ကိုကျိန်စာတိုက်လိုက်ပါတယ်။ ဒါပေမဲ့ ဒီဇတ်လမ်းပဲကြည့်ရင်တော့ တစ်မျိုးထင်နိုင်ပေမဲ့ Greek Mythology အကြောင်းပြောရရင် Athena ဆိုမပါမဖြစ် ပါလေရာငပိချက်ပြရုပ်ကြီးပါ။ ဘာလို့ဆို Greek မှာအကျော်ကြားဆုံးက သူရဲကောင်းဇတ်လမ်းတွေဖြစ်ပါတယ်။သူရဲကောင်းဇတ်လမ်းတိုင်း Athena ဆိုတာမပါတာရှားပါတယ်။ သူ မပါတောင်သူနဲ့သတ်ဆိုင်တာတော့သေချာပေါက်ပါ ပါတယ်။ သူ့ကို Mother of Heros လို့တောင်ခေါ်ကြပါတယ် ဒါကြောင့် Hero ဖြစ်တဲ့ Perseus အတွက်လုပ်ကွက်ရအောင်တမင်လုပ်လိုက်တာလို့ထင်ပါတယ်။ (ထင်ရုံပါပဲ မှားရင်လည်းမှားမှာ) { Mystic Eyes Of Death Perception }

ကျွန်တော်တို့ Fate fans တွေနဲ့ရင်းနီးအကျွမ်းဝင်ဆုံးမျက်လုံးဆိုလဲမမှားပါဘူး။ ဒီမျက်လုံးတွေကိုအသုံးပြုသူတွေဟာအလွန့်အလွန်ကိုရှားပါးပါတယ်။Series တစ်လျှောက် ပိုင်ဆိုင်သူသုံးယောက်သာရှိပါတယ်။တစ်​ယောက်ချင်းစီးရဲ့အသုံးပြုပုံတွေကတော့ကွာခြားကြပေမဲ့ အလုပ်လုပ်ပုံကတော့တူပါတယ်။ Rank အရတော့ Rainbow rank ဝင်ပြီး Rainbow rank ထဲမှာတောင် ဒဏ္ဏာရီလာ Class ဖြစ်တဲ့ Devine Sprit class ဖြစ်နေလို့ တော်တော်ကိုအစွမ်းထက်ပါတယ် အစွမ်းထက်လွန်းလို့ reality မှာပါတည်မရှိသင့်ဘူးလို့ပါသမုတ်ကြပါတယ်။ Mystic Eyes Of**** Death Perception ဟာ မျိုးစပ်မျက်လုံးတစ်မျိုးဖြစ်ပါတယ်။ Mystic eyes နဲ့ Pure eyes တို့ပေါင်းစပ်ဖွဲ့စည်းထားတာပါ။(pure eyes ဆိုတာက Mystic eyes နဲ့ဆင်တူပေမဲ့ သူကြမျိုးရိုးဆက်ခံလို့ရပါတယ်) လုပ်ဆောင်ပုံကတော့ သူတို့မျက်လုံးတွေဟာ မမြင်သင့်တဲ့အရာကိုမြင်နိုင်တာပါပဲ။ အဲ့တာကတော့ သေခြင်းဆိုတဲ့မျဉ်းကြောင်းတွေပါ။ သေခြင်းကိုမြင်နိုင်တာဟာ Root ကိုမြင်နိုင်သလိုပါပဲ။ အဲ့တာကြောင့် user တိုင်းက Root နဲ့ဆက်သွယ်နေပါတယ်။ ထိုမျက်လုံးတွေဟာ အဲ့ဒီမျဉ်းကြောင်းတွေကိုမြင်နိုင်စေသလိုထိလဲထိတွေနိုင်စေပါတယ်။ အဆင့်ပိုမြင့်လာပြီး ကျွမ်းကျင်လာမယ်ဆို Lines of Death တွေတင်မဟုတ်ဘဲ points of death တွေထိပါမြင်နိုင်ပါတယ်။ Ryougi Shiki ကတော့ Line တွေပဲမြင်နိုင်တာပါ Tohno ကတော့ Point တွေထိပါမြင်နိုင်ပြီး မသေမျိုးဆိုတဲ့ကောင်တွေကိုပါရှယ်ဖြုတ်တာပါ Eyes rank အရTohno ရဲ့မျက်လုံးတွေက Ryougi ထက်ပိုမြင့်ပါတယ်။ ဒီ eyes ကိုရရှိဖို့ဆိုတာ သေခြင်းနဲ့နီးစပ်ပြီး နားလည်သွားမှရရှိတာပါ။ Mystic Eyes Of Death Perception ပိုင်ဆိုင်သူတွေဟာ သူတို့အမြင်မှာရှိသမျှအရာအားလုံးကိုtatပစ်နိုင်ပါတယ်။ဘယ်အရာမဆိုပါ Instand death နဲ့ဆင်ပေမဲ့ သူတို့ကြ Physical touch လိုပါတယ်။ Physical touch မလိုပဲtatနိုင်တာကတော့ ထိုမျက်လုံးရဲ့မူလဖြစ်တည်မှု Celtic ရဲ့နတ်ဘုရား Balor ဖြစ်ပါတယ်။ ထိုနတ်ဘုရားဟာ မြင်သမျှကိုအကြည့်တစ်ချက်နဲ့tatပစ်နိုင်ပါတယ်။ အခုလောလောဆယ်ပိုင်ဆိုင်သူတွေကတော့

  • Shiki Tohno
  • Shiki Ryougi
  • Tepeu တို့ပဲဖြစ်ပါတယ်။
  • WTreeM
    link
    fedilink
    English
    arrow-up
    1
    ·
    1 month ago

    OP။ Post ရဲ့ language ကို “ဗမာစာ” သို့မဟုတ် “English” သို့ ပြောင်းပေးလို့ရမလား။ အခုက undetermined ဆိုတော့ အဲ့ option မရွေးထားတဲ့သူတွေ post ကိုမမြင်ရဘူး။

    ဗမာစာ ပြောင်းဖို့ option မပေါ်နေရင် Thunder app ကနေ Account tab> Account Settings> Discussion Language ထဲမှာ ထည့်လို့ရပါတယ်။ Website ဆိုရင်တော့ Profile Setting> Language ထဲမှာ Ctrl ဖိထားပြီး တစ်ခုထက်ပိုသော language တွေကို select လုပ်လို့ရပါတယ်။