By Zayar Phyo

Sasaki Kojirō ဟာ ဂျပန်သမိုင်းရဲ့ နာမည် အကြီးဆုံး ဓားသမား နှစ်ဖော်ထဲက တဖော် ဖြစ်ပြီး၊ လက်ရှိ အချိန်အထိ ဂျပန်မှာ အတော် နာမည် ကြီးပါတယ်။

Kojirō ဟာ Eiroku Era မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်းက Japan ရဲ့ လေလွင့်ဓားသမား ဖြစ်ပြီး၊ ရှိသမျှ ဓားသမားတိုင်း ကြောက်ရပြီး၊ အဆုံးမှာ Miyamoto Musashi နဲ့ တိုက်ပြီး ရှုံးသွားပါတယ်။

အဲ့တာဟာ တကယ့် Sasaki Kojirō ဖြစ်ပြီး၊ F/SN ထဲက Assassin Sasaki Kojirō က အဲ့လိုလူ မဟုတ်ပါဘူး။

Sasaki Kojirō ဟာ Fate/Stay Night Series မှာ စ Debut ခဲ့တာ ဖြစ်ပြီး၊ Series မှာ Archer ပြီးရင်၊ Mysterious အဆန်ဆုံး Character ဖြစ်ပါတယ်။

Sasaki Kojirō ဟာ တခြားServant တွေလိုမျိုး Human Master နဲ့ ပေါ်လာတာ မဟုတ်ဘဲ၊ Servant တကောင်က ထပ် ဆင့်ခေါ်လို့ ပေါ်လာတဲ့ Servant ပါ။

ပုံမှန်အားဖြင့် Servant က Servant ကို သာမန် Holy Grail မှာ ခေါ်လို့ မရပါဘူး။ Human Master တကောင်ပဲ ခေါ်လို့ ရပါတယ်။ ဘာလို့ Kojirō ကျ ရသွားတာလဲ ဆိုရင်တော့ သူ့ Master က တခြားသူ မဟုတ်ဘဲ Rulebreaker Medea ဖြစ်နေလို့ပါ။ Medea ဟာ Kojiro ကို Ryuudouji Temple ကို အခြေခံပြီး၊ Summon လိုက်တာကြောင့် Kojiro ဟာ Ryuudoji ကနေ ခွာလို့ မရတဲ့ အခြေအနေ ဖြစ်သွားပါတယ်။

Ryuudoji Temple ကနေမှ သူကလည်း Mana ရတာလည်း ပါတယ်။ Kojirō ကို Ryuudoji Temple မှာ နေတဲ့ Medea ဟာ သူ့ နေရာ ကို စောင့်ရှောက်စေချင်လို့ ခေါ်လိုက်တာဖြစ်ပြီး၊ သူ့ Mission က Temple ထဲ ဝင်ပြီး၊ ဝင်နှောက်ယှက်တဲ့ သူတွေ အကုန် သ-တ်ရမှာပါ။

F/SN မှာ Assassin အဖြစ် ခေါ်ခံရတဲ့ Kojirō ဟာ Kojirō အစစ် မဟုတ်ဘဲ၊ သာမန် လူ တယောက်ပါ။ သူဟာ Kojirō အစစ် လက်အောက်မှာ သင်ကြားခဲ့ရတဲ့ သာမန် လူ ဖြစ်ပြီး၊ Kojirō အစစ် ဆုံးသွားပြီးမှာတော့ Tsubame Gaeshi ကို တတ်မြောက်ခဲ့ပြီး၊ Medea ဟာ Ryuudouji Temple ကနေ Summon တာ ဖြစ်တဲ့ အတွက် Fake Kojirō ရောက်လာတာပါ။ အဲ့တာကြောင့် Kojirō မှာ တကယ့် True Name မရှိဘဲ၊ ရှိတာဆိုလို့ Tsubame Gaeshi ပဲ ရှိတာပါ။

UBW မှာ Kojirō ဟာ Medea ကို တိုက်ဖို့ လုပ်တဲ့ ကိုယ်တော် Shirou and Saber နဲ့ တိုးပြီး Saber နဲ့ By One ကြုံးပါတယ်။ Saber က Luck မြင့်နေတာက တကြောင်း၊ Mana နည်းနေတာက တကြောင်း၊ Kojirō ကို Luck က လွဲ ဘယ်နေရာမှ မယှဉ်နိုင်ဘဲ၊ Tsubame Gaeshi နဲ့ ဂိလုနီးပါး ဖြစ်သွားပါတယ်။

Saber ဟာ Excalibur လေး ခဏ ထုတ်တာတောင် Mana ကုန်ခါနီး ဖြစ်ပြီး၊ ပျောက်ခါနီးမို့ သူ့ အတွက် အခြေအနေကလည်း တော်တော် ဆိုးနေပါတယ်။ အဲ့မှာ Archer ကျေးဇူးနဲ့ Shirou က အသက် ပျောက်ခါနီး ဖြစ်နေလို့ ပွဲကို ခဏ နားပြီး၊ Saber က သူ့ လင် Shirou ဆီ ပြေးရပါတယ်။

အဲ့တာအပြီးမှာ၊ Kojirō ဟာ Archer နဲ့ By One တိုက်ပြန်ပါတယ်။ Mana အပြည့်နဲ့ Archer ဟာ လက်ရည်တူ တိုက်ပေမဲ့၊ Archer လည်း မနိုင်နိုင်တာ သိလို့ တပ် ပြန် ဆုတ်လိုက်ရပါတယ်။

UBW အဆုံးမှာ Medea ဂိသွားလို့ တကောင်တည်း Ryuudoji Temple မှာ သရဲလို ဖြစ်နေတဲ့ Kojirō ဟာ သူ့ကို အား အပြည့်နဲ့ ပြန် တိုက်မယ်လို့ ကတိ ပေးထားတဲ့ Saber နဲ့ ထပ် တိုက်ပါတယ်။ ဒီ တခါတော့ Saber ဟာ Rin ရဲ့ Servant ဖြစ်လို့ Mana လည်း များသလို Kojirō နဲ့ နင်လား၊ ငါလား တိုက်ပြီး နိုင်သွားပါတယ်။

Kojirō ဟာ Heaven’s Feel မှာ ပါချိန်တောင် မရလိုက်ပါဘူး။ စလာတည်းက အလောင်းသာဖြစ်ပြီး၊ Cursed Hassan Real Assassin သ-တ်တာ ခံလိုက်ရပြီး၊ ဘဝ ပျောက်သွားပါတယ်။

Tsubame Gaeshi ဟာ Sasaki Kojirō ရဲ့ Anti Uni Noble Phantasm ဖြစ်ပါတယ်။ တခြား Np တွေနဲ့ ကွာတာ ဒါက လက်နက် မဟုတ်ပါဘူး။ Gilgamesh ဆို EA က NP, Saber ဆို Excalibur က Np, Shirou ဆို UBW. Kojirō Np ဖြစ်တဲ့ Tsubame Gaeshi က လက်နက် မဟုတ်ပါဘူး Technique ပါ။

သူ့ရဲ့ ဒီနည်းဟာ Time and Space Dimension ကိုပါ ကျော်ပြီး ခုတ်တာ ဖြစ်ပါတယ်။ Dimension ကိုပါ ရောခုတ်တာမို့ Saber ဟာ Luck ကြောင့် မဟုတ်ရင် အသက် ပျောက်ပါတယ်။ ဒီ နည်းလမ်းကို Kojirō ဟာ သူ့ ထမင်းဆုပ်ကို ခိုးစားသွားတဲ့ ပျံလွှား ငှက်ကို သ-တ်ဖို့ ဖန်တီးခဲ့တာပါ။

Kojirō ဟာ Fate/Grand Order ရဲ့ Epic of Remnant Series Shimousa မှာ ပါလာပါတယ်။ True Class Saber အနေနဲ့ ဖြစ်ပြီး၊ ဒီထဲမှာ Servant မဟုတ်ဘဲ၊ တကယ့် လူသားပါ။ ဒီထဲမှာ Amakusa Shirou ရဲ့ ကိုယ်စောင့် အနေနဲ့ပါ။ Amakusa Shirou ဟာ ဒီ Shimousa ရဲ့ Main Villain ကြီး ဖြစ်နေပြီး၊ Parallel World တိုင်းရဲ့ Shinousa ကို ဖျက်ဖို့ Plan ရှိနေတာပါ။

အဲ့ Plan ဟာ အဆုံးမှာ Muramasa, Ritsuka & Musashi တို့ သုံးဖော်ကြောင့် ပျက်သွားပြီး၊ Musashi ဟာ အဆုံးမှာ မီးလောင်နေတဲ့ ရဲတိုက်ကြားထဲက ထွက်လာတဲ့ Amakusa Shirou ရဲ့ Bodyguard Kojirō နဲ့ တိုက်ပါတယ်။

Musashi & Kojirō ဟာ နှစ်ကောင်လုံး လက်ရည် တူပါတယ်။ ဘယ်သူမှ ပိုသာတယ် မရှိပါဘူး။ Musashi ဟာ Possibilitie တွေ အများကြီးထဲက တခုကို ရွေးတာဖြစ်ပြီး၊ Kojirō ကတော့ Possiblity တခုကိုမှ အများကြီး ဖြစ်အောင် ပြောင်းနိုင်ပါတယ်။

Musashi Represents One & Kojirō Represents Infinity.

သူတို့ တိုက်ပွဲဟာ Void ထဲထိ ရောက်သွားပြီး၊ နှစ်ယောက်လုံး လက်ရည် တူလွန်းနေပါတယ်။ အဲ့အချိန်မှာ Ritsuka ဟာ Musashi ကို ရွေးလိုက်လို့ Musashi နိုင်သွားတာပါ။ ဒါပေမဲ့လည်း၊ အဆုံးမှာတော့ တိုက်ပွဲဒဏ်ရာနဲ့ Musashi လည်း ကြွသွားပါတယ်။

Kojirō ရဲ့ True Class ဟာ Saber ဖြစ်ပေမဲ့၊ ယနေ့အထိ F/GO မှာ Servant မဖြစ်လာသေးဘဲ၊ Assassin သာ ဖြစ်နေပါသေးတယ်။

Sasaki Kojirō ဟာ လက်ရှိမှာ F/GO တင်မကဘဲ၊ Type-Moon မှာ ဓားရေး အကောင်းဆုံးသူ ဖြစ်ပြီး၊ ဘယ်သူမှ Kojirō ထက် မသာပါဘူး။ (သန်တာ မဟုတ်ဘူးနော်) အနီးစပ်ဆုံးက Musashi ပါ။

F/SN မှာ ပါတဲ့ Servant တွေကို CQC Skill အရ သတ်မှတ်ရင် Kojiro >> Cu >> Heracles >> Altria >> Emiya >> Medusa >> Gilgamesh >> Hassan >> Medea ဖြစ်နိုင်ပါတယ်။

VN Material အရ Gilgamesh ဟာ Kojirō နဲ့ By One မတိုက်ဖို့ ရွေးခဲ့ပြီး၊ တွေ့ရင် အဝေးကနေပဲ တိုက်မယ် လုပ်ထားတဲ့ အပြင်၊ လက်နက်ပါ ပြင်ထားတာပါ။ (ဖျင် ချခံရမှာ သိလို့ နေမယ်)

Kojirō Assassin ဟာ F/GO ရဲ့ ဘယ် Story မှာမှ မပါလာသေးပါဘူး။ ဒါပေမဲ့၊ ပရိသတ်တွေ ချစ်တာ ခံရတဲ့ Servant ဖြစ်ပြီး၊ Regend Savior of France အစရှိသဖြင့် နာမည် ပေးထားတာပါ။

အကြောင်းက Singularity 1 မှာ Servant တွေ မရသေးချိန် သူပဲ ကယ်တင်ခဲ့လို့ပါ။ 1 ★ ဆိုပေမဲ့၊ Skill တွေ OP စွမ်းက 5 ★ နီးပါး ရှိပါတယ်

လက်ရှိအထိတော့… Kojirō ဟာ Miyomoto Iori ဆီကနေ ပြေးနေရပါတယ်။l

အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူး။